သန်လျင်ကျောက်တန်းဘက်က ရုပ်ရှင်မိသားစုတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ မေကဗျာ

သန်လျင်ကျောက်တန်းဘက်က ရုပ်ရှင်မိသားစုတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ အခုကာလမှာ သူတတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေခဲ့ပါတယ်။

ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်လှူဒါန်းပေးနေခဲ့သလို အထူးသဖြင့်တော့ ရုပ်ရှင်လောကသားတွေနဲ့ မိတ်ကပ်မိသားစုတွေအတွက်ပိုမိုလှူဒါန်းပေးနေခဲ့တာပါ။

အခုတစ်ခေါက်မှာလည်း မေကဗျာက နောက်ထပ်အိမ်ထောင်စု(၁၀၀)စာအတွက် ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ သန်လျင်ကျောက်တန်းဘက်မှာ နေထိုင်ကြတဲ့ မိတ်ကပ်မိသားစုတွေ ရုပ်ရှင်မိသားစုတွေအတွက် အလှူငွေ ၊ဆန်၊ဆီ၊ကြက်ဥနဲ့ ဆေးဝါးတို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မေကဗျာကတော့ နောက်တပတ်မှာလည်း နောက်တစ်မြို့ကို လှူဒါန်းပေးနိုင်အောင် ထပ်ကြိုးစားသွားပါဦးမယ်တဲ့။

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မေကဗျာရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – May Kabyar

(ZAWGYI)







Source – May Kabyar