မွေးနေ့အလှူလေးအဖြစ် အုန်းထမင်းနဲ့ ကြက်သား အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ နေရဲ

မွေးနေ့အလှူလေးအဖြစ် အုန်းထမင်းနဲ့ ကြက်သား အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ နေရဲ

ပရိသတ်ကြီးရေ နေရဲကတော့ ပရိသတ်တွေရဲ့အချစ်တော် ဦးခင်လှိုင်ရဲ့ သားဖြစ်ပြီး လက်ရှိမှာသူကိုယ်တိုင်လည်း အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုသင့်တင့်သလောက် ရရှိနေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။

ဒီနေ့ စက်တင်ဘာလ (၂၄)ရက်နေ့လေးကတော့ သရုပ်ဆောင်နေရဲရဲ့ မွေးနေ့ရက်မြတ်နေ့ရက်လေးပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ရက်လေးမှာတော့ နေရဲက ကပ်ဘေးကာလကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက်

အာဟာရဒါနမွေးနေ့အလှူလေးအနေနဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် ပိုင်ရှင်မဲ့ လမ်းဘေးခွေးလေးတွေအတွက်လည်း ဆန်အိတ်(၃)အိတ်ကို Stray Dogs Lovers Group ကနေ တစ်ဆင့်မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့ပါသေးတယ်။

Happy Birthday ပါ နေရဲရေ။

အနုပညာလောကမှာ ဒီထက်မကအောင်မြင်က ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိပြီး ဖေဖေခြေရာနင်းနိုင်တဲ့အထိ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးတွေကလည်း နေရဲအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Source – Nay Ye

(ZAWGYI)

ေမြးေန႔အလႉေလးအျဖစ္ အုန္းထမင္းနဲ႔ ၾကက္သား အာဟာရဒါနအလႉေလးျပဳလုပ္ခဲ့တဲ့ ေနရဲ

ပရိသတ္ႀကီးေရ ေနရဲကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ဦးခင္လႈိင္ရဲ႕ သားျဖစ္ၿပီး လက္ရွိမွာသူကိုယ္တိုင္လည္း အႏုပညာလမ္းေၾကာင္းေပၚမွာေအာင္ျမင္မႈသင့္တင့္သေလာက္ ရရွိေနတဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပါ။

ဒီေန႔ စက္တင္ဘာလ (၂၄)ရက္ေန႔ေလးကေတာ့ သ႐ုပ္ေဆာင္ေနရဲရဲ႕ ေမြးေန႔ရက္ျမတ္ေန႔ရက္ေလးပဲျဖစ္ပါတယ္။ ဒီေန႔ေမြးေန႔ရက္ေလးမွာေတာ့ ေနရဲက ကပ္ေဘးကာလေၾကာင့္ စားဝတ္ေနေရးခက္ခဲေနတဲ့

ျပည္သူေတြအတြက္ အာဟာရဒါနေမြးေန႔အလႉေလးအေနနဲ႔ အုန္းထမင္းနဲ႔ ၾကက္သားဟင္းေတြကို လႉဒါန္းေပးခဲ့ပါတယ္။

ဒါ့အျပင္ ပိုင္ရွင္မဲ့ လမ္းေဘးေခြးေလးေတြအတြက္လည္း ဆန္အိတ္(၃)အိတ္ကို Stray Dogs Lovers Group ကေန တစ္ဆင့္ေမြးေန႔အလႉအေနနဲ႔ လႉဒါန္းေပးခဲ့ပါေသးတယ္။

Happy Birthday ပါ ေနရဲေရ။ အႏုပညာေလာကမွာ ဒီထက္မကေအာင္ျမင္က ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို မ်ားစြာရရွိၿပီး ေဖေဖေျခရာနင္းႏိုင္တဲ့အထိ ထူးခြၽန္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါေစလို႔ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

ပရိသတ္ႀကီးေတြကလည္း ေနရဲအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Nay Ye