သူမတို့ရဲ့အနုပညာလောကမှာ အမြဲတမ်းနုပျိုနေတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ရှိကြောင်း ပရိတ်သတ်ကို ခန့်မှန်းခိုင်းလိုက်တဲ့ ဝါရင့်မင်းသမီး မေသန်းနု

သူမတို့ရဲ့အနုပညာလောကမှာ အမြဲတမ်းနုပျိုနေတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ရှိကြောင်း ပရိတ်သတ်ကို ခန့်မှန်းခိုင်းလိုက်တဲ့ ဝါရင့်မင်းသမီး မေသန်းနု

အနုပညာလောကမှာ ဆယ်စုနှစ်များစွာ ဖြစ်သန်းကာ နှစ်ကာလရှည်ကြာအောင်ဂုဏ်အရှိန်မမှေးမှိန်သွားဘဲ ဝါရင့်သရုပ်ဆောင်တစ်ဦးအနေ ရပ်တည်နေနိုင်ဖို့ဆိုတာတကယ့်ကို မလွယ်ပါဘူးနော်။

နှစ်ပေါင်းများစွာအောင်မြင်မှုသရဖူ ဆောင်းနိုင်သူတွေ ဟာ လက်ချိုးရေလို့ရတဲ့ အရေအတွက်သာ ရှိနေခဲ့ပြီး ထိုသူတွေထဲမှာတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် မင်းသမီးချောကြီး မေသန်းနုဟာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်နော်။

မဆင့်(ခ)မေသန်းနုဟာဆိုရင် ငယ်ရွယ်နုပျိုစဉ် အခါတုန်းကလည်းချောမောလှပတဲ့ ရုပ်ရည်လေးနဲ့အညီ မင်းသမီးခန်းတွေမှာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီးအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာလည်းအမေခန်းတွေမှာပိုင်နိုင်စွာ သရုပ်ဖော်နိုင်ခဲ့လို့ အကယ်ဒမီများရှင် ဆိုတဲ့ ဂုဏ်ထူးကို

ပိုင်ဆိုင်နိုင်လာခဲ့သူတစ်ဦးဖြစ်တယ်လို့ဆိုလာမယ်ဆိုရင်ငြင်းဆိုမယ့်သူမရှိလောက်ပါဘူးနော်။

ပြီးခဲ့နှစ်တွေတုန်းက လူမှုရေး ငွေရေးကြေးရေး ကိစ္စများနဲ့ရှုပ်ထွေးကာခက်ခဲခဲ့ရတဲ့ မေသန်းနုဟာ ယခုအခါမှာတော့ “ရွှေဆင့်”ဆိုတဲ့အမည်တံဆိပ်နဲ့ မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ကာ ဦးစီးလုပ်ကိုင်လျှက် ရှိပါတယ်။

ယနေ့မှာတော့ရုပ်ရည်ချောမောလှပလွန်းပါတယ်ဆိုတဲ့အကယ်ဒမီများရှင်မေသန်းနုကိုယ်တိုင်က “ဘယ်တော့မှ မအိုသော မင်းသမီး”ဆိုပြီး နာမည်ကြီး မင်းသမီးတစ်လက်ကို ချီးမွမ်းပြောဆိုလာခဲ့ပါတယ်။မေသန်းနုကိုယ်တိုင်ကအရွယ်တင်လွန်းတယ်လို့ ဖွင့်ဟချီးမွမ်းလာရတဲ့မင်းသမီးဟာ

ဘယ်သူဖြစ်မလဲပရိသတ်ကြီး စိတ်ဝင်စားကာ သိချင်နေမိကြမယ်ထင်ပါတယ်နော်။

သူကတော့ ပရိသတ်ရဲ့ အချစ်တော်အသည်းစွဲ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပြီးသူမဟာ မည်သို့သောဇာတ်ရုပ်ကိုမဆို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ကာအထူးသဖြင့်ပရိသတ်တွေပို၍ သတိထားသဘောကျ နှစ်ခြိုက်ရသောသူမနဲ့အံဝင်ဂွင်ကျဖြစ်လွန်းသော

ဇာတ်ရုပ်ကတော့ခပ်စွာစွာခပ်သွက်သွက် ရှပ်ပြာပြာပုံစံဇာတ်ရုပ်မျိုးဖြစ်ပြီးထိုဇာတ်ရုပ်မျိုးမှာတော့ ပြိုင်ဖက်မရှိ တဖက်ကမ်းခတ်သူတော်လွန်းတဲ့ဝါရင့်မင်းသမီးဖြစ်ပါတယ်။ကဲ ပရိသတ်ကြီး ဒီလောက်ဆိုရင် ခန့်မှန်းသိရှိလောက်ပြီး ထင်ပါတယ်နော် ။

ပရိသတ်ကြီးရဲ့စိတ်ထဲက အဖြေနဲ့ မေသန်းနုပြောတဲ့မအိုသောမင်းသမီး ထပ်တူကျကျ မကျ ကြည့်လိုက်ရအောင်နော်။ဟုတ်ပါတယ်.မဆင့်ရည်ညွှန်းပြောဆိုလာတဲ့ မင်းသမီးကတော့မခိုင်လေး ခေါ် ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။

ပရိသတ်တို့ရဲ့အသည်းကျော် သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်ဟာဆိုရင်လည်းဆယ်စုနှစ်၂ခုစာမက သရုပ်ဆောင်လောကမှာဖြတ်သန်းအောင်မြင် လာခဲ့သော မင်းသမီးတစ်ဦးဖြစ်ကာသရုပ်ဆောင်ပိုင်းမှာလည်း စွယ်စုံပိုင်နိုင်သူ ဖြစ်သဖြင့် အကယ်ဒမီဆုတွေ ထိုက်တန်စွာ သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။သူမရဲ့အနုပညာဖြတ်သန်းမှုကာလ

အပိုင်းအခြားအရ ပြန်တွက်လျှင် နှစ်ကာလ ရှည်အောင်မြင်သောမင်းသမီးကြီးတစ်ဦးဟု ဆိုနိုင်ပြီဖြစ်သော်လည်းသူမဟာ ယခုအချိန်ထိသွက်လက်ဖြတ်လက်သော ကာရိုက်တာများစွာမှာလိုက်ဖက်နေဆဲဖြစ်သော နုပျိုလွန်းသောမင်းသမီး ဖြစ်ပါတယ်။ထို့အတွက် မဆင့်က”အရွယ်တင်လွန်းသူ ဘယ်တော့မှ မအိုသော မင်းသမီး”ဟုချီးမွမ်းလာတာဖြစ်ပြီး

ခိုင်သင်းကြည်နှင့် ပတ်သက်သောအမှတ်တရဖြစ်ရပ်များကို ယခုလို ပြောပြလာခဲ့ပါတယ်။

“မခိုင်လေးနဲ့က သားသားမင်းသန့်တစ်သက်ပေါ့ .. သားသားကိုယ်ဝန် ရှိတဲ့အချိန်မှာမခိုင်လေးက မင်းသမီး စလုပ်တာမဆင့်ဆီကို ရောက်လာတယ် ပြီးတော့ ဦးဇင်ရော်မောင်မောင်နဲ့ သူဇာတ်ကားစရိုက်တယ်”အမှတ်တရတွေကလည်း အများကြီးပဲ သူနဲ့ကအရှေ့မှာတော့ တော်တော်များများ ဆုံဖြစ်တာပေါ့နောက်ပိုင်းကျတော့မှာသာ နည်းနည်းနည်းပါးပါး

ဝေးသွားတာ ကားရိုက်မှာ သိပ်မဆုံဖြစ်တော့တာပေါ့..ဒါပေမယ့်အပြင်မှာကျတော့တကယ့်ညီအစ်မ သားအမိ မိသားစုလိုပဲ သူ့ရဲ့ခင်မင်မှုက လုံးဝမပြောင်းလဲဘူးဒီအတိုင်းပဲ မခိုင်လေးက အရင်စထဲကဒီအတိုင်းပဲအရင်တုန်းကဆို ရှုတင်တွေ အတူတူသွားကြတယ် ပြီးတော့မခိုင်လေးကဟာသတွေ သိပ်ပြောတာမဆင့်တို့က ရယ်ပေါ့သွားရလာရတာ

သိပ်ပျော်တာအဓိကကကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အနေနဲ့အဆင်ပြေတယ်ဆိုတော့အလုပ်လုပ်ရတာ ပိုပျော်တာပေါ့ရန်လေး(ရန်အောင်)တို့ မခိုင်လေးတို့နဲ့ တဖွဲ့ထဲကျတယ်ဆိုရင် တဝါးဝါး တဟားဟားနဲ့ အစားအသောက်ကလည်း ညီကြတယ်”ဆိုပြီး

ပြောလာခဲ့သလိုယခုလိုမြိတ်ဒေသထွက်စား သောက်ကုန်တွေ ရောင်းနေချိန်မှာလည်း “မဆင့်တို့အိမ်နားမှာက မခိုင်လေးခိုင်သင်းကြည်ရှိတယ်လေမခိုင်လေးဆီကိုအစားအသောက်တွေပို့အစားအသောက်ပိုင်းက သူကကျွမ်းတယ်လေမြည်းပေးပါအုံးဘာလိုတယ်ဆိုတာကို သူက အကြံပေးတယ်။

ကိုယ်ကြိုက်တာနဲ့ဝယ်သူအကြိုက် ဘာတွေလိုအပ်တယ်ဆိုတာကို ရန်လေးဆီလည်း ပို့၊ ရန်လေးရေ ဒါလေးလုပ်ထားတယ် မြည်းပေးပါအုံးဆိုပြီးသူတို့နှစ်ယောက်ကအစားအသောက်အရမ်းကျွမ်းတာဆိုတော့အကြံပြုခိုင်းရတာသူတို့ကလည်း ဒါကောင်းတယ် ဒါလိုသေးတယ်ဆိုပြီး အဲ့လိုမျိုးတွေ အကြံပြန်ပြုပေးကြ ပြောပေးကြတယ်” ဆိုပြီး

ရန်အောင်၊ခိုင်သင်းကြည်တို့နဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ကြည်နူးစရာ ဆက်ဆံရေးအခြေအနေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေနှစ်ကာရှည်ကြာအောင် ချစ်ခင်စည်းလုံးကြတဲ့ ဝါရင့်အနုပညာရှင်တွေဖြစ်ကြသောမင်းသားကြီးရန်အောင်မင်းသမီးကြီးမေသန်းနုနဲ့ မင်းသမီးခိုင်သင်းကြည်တို့ရဲ့ အနု ပညာမောင်နှမတွေရဲ့ဘဝကတော့တကယ့်ကိုကြည်နူးဝမ်းမြောက်စရာ ပါပဲနော်။ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးတို့ထဲမှာကောကိုရန်လေး မဆင့်နဲ့ မခိုင်လေးတို့ရဲ့

ဖန်တွေပရိသတ်တွေ ပါတယ်ဆိုရင် မှတ်ချက်လေးတွေ ရေးပေးသွားကြပါအုံးနော်ဒါနဲ့ ပရိသတ်ကြီးရဲ့မအိုသောမင်းသမီးဟာဘယ်သူလဲဆိုတာ ခန့်မှန်းချက်ဟာ ထင်ထားသလိုဖြစ်ခဲ့လား မှန်လား မှားလား ပြောခဲ့ကြပါအုံးနော်အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Crd-Original Post