“ကျောက်မြောင်းထဲမှ အိမ်တအိမ်အခိုးခံရ ၊သိန်း၆၀ခန့် ပါသွား”
ရန်ကုန်မြို့ ကျောက်မြောင်းထဲမှ အိမ်တအိမ် အခိုးခံရကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ အခိုးခံလိုက်ရတဲ့ အိမ်မှ မိသားစုဝင်တဦးက Facebook မှာအခုလို
ရေးသားထားတာက…
“သူခိုးကတအိမ်လုံးမွှေသွားတာတယောက်ထဲတော့မဖြစ်လောက်ဘူး။
မီးဖိုချောင်ထဲလဲဝင်သွားပြီးရေခဲသေတ္တာ
ပါဖွင့်ပြီးအအေးပါထုပ်သောက်သွားတယ်။
လူတွေဘာမှမလုပ်သွားတာကံကောင်း
အိမ်ဘေးကနေသံဗန်းတခါးတွေကို ဖြုတ်ပြီးအိမ်ထဲကိုဝင်ထားတာ။ တအိမ်လုံးကိုသံဗန်းတထပ်မှန်တံခါးတထပ်နှစ်ထပ်လုပ်ထားတာပါ။
ပြီးတော့ခြေထောက်ပါဆေးသွားတယ်.။၂နာရီနောက်ပိုင်းမှယောကျ်ားကအိပ်တာ၊အိမ်နောက်ဖေးကဓားမြောင်ကလဲစာပွဲပေါ်ရောက်နေတယ်။မိုးလင်းလင်းချင်းမသိဘူး ခုနမှသိတာ။Cctvပျက်နေတာလည်းပြင်မထားမိဘူး။
အနည်းဆုံး သိန်း၅၀ နဲ့ ၆၀ ကြား…ပါသွားတယ်။
လက်ဝတ်လက်စားတစုံ /လက်ထပ်လက်စွပ်တစုံ/
နာကပ်တရံ/Laptop တလုံး/ စုဗူးတလုံး(တော်သေးတာစာပွဲပေါ်မှာတင်ထားတဲ့
iPhone တလုံး iPad တလုံးနဲ့ အံဆွဲထဲက ပိုက်ဆံငါးသိန်း တွေ့မသွားတာ)…”လို့ ရေးသားထားပါတယ်။
#36myanmarchannel
Credit-Original Post
(ZAWGYI)
ရေးသားထားတာက…
#36myanmarchannel
Credit-Original Post