ကလေးငယ်လေးတွေကို ဒိန်ချဉ်များ သွားလှူပေးရင်း ဝမ်းသားပီတိဖြစ်ခဲ့ရတဲ့ အကြောင်းလေးကို ပြောပြလာတဲ့ ဝေဠုကျော်

ကလေးငယ်လေးတွေကို ဒိန်ချဉ်များ သွားလှူပေးရင်း ဝမ်းသားပီတိဖြစ်ခဲ့ရတဲ့ အကြောင်းလေးကို ပြောပြလာတဲ့ ဝေဠုကျော်

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အတူ အကယ်ဒမီ ထူးချွန်ဆုတွေကိုပါ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသား ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားကာ ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူ ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဝေဠုကျော် ဖောင်ဒေးရှင်းကို လှူဒါန်းလာကြသော စေတနာရှင်များရဲ့ အလှူငွေတွေ စုပေါင်းကာ ကျူးရပ်ကွက်က ချို့တဲ့နွမ်းပါးတဲ့ အိမ်တွေကို အသစ်ပြန်လည် ပြင်ဆင် ဆောက် လုပ်ပေးနေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဝေဠုကျော်က အခုလက်ရှိ အခြေအနေတွေမှာ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေဆီကိုလည်း ကိုယ်တိုင် သွားရောက်ကာ အခြေခံစားသောက်ကုန်တွေကို လိုက်လံ လှူဒါန်းနေတာ နေ့စဉ်တိုင်း လိုလိုပဲ ဖြစ်ပါတယ်။

အခုလည်း ချို့တဲ့ ရပ်ကွက်က ကလေးငယ်လေးတွေ အတွက် ဒိန်ချဉ်ဗူး (၃၀၀)ကို သွားရောက် လှူဒါန်းခဲ့ပါတယ် ။ကလေးတွေက ဒိန်ချဉ်ဗူးတွေကို ကြိုက်ကြလို့ အလုအယက် လာရောက်ယူကြပုံကိုလည်း ပီတိဖြစ်စွာ ခုလိုပြောပြလာပါတယ် ။ ”

ဒိန်ချဉ်ကြိုက်ကြတယ့်ကလေးများ ဝေဠုကျော်ဖောင်ဒေးရှင်းမှ CMM 100% Pure Milk /Yogurt မှ လှူဒါန်းပေးထားသော ဒိန်ချဉ် ပုလင်း ၃၀၀ ကို ကျူးရပ်ကွက်မှ ကလေးများအား ပြန်လည် ဝေမျှပေးခဲ့ပါတယ်။

ဒိန်ချဉ်ကြိုက်ကြတယ့် ကလေးများအတွက်ကတော့ အလုအယက်ပေါ့။ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)

ကေလးငယ္ေလးေတြကို ဒိန္ခ်ဥ္မ်ား သြားလႉေပးရင္း ဝမ္းသားပီတိျဖစ္ခဲ့ရတဲ့ အေၾကာင္းေလးကို ေျပာျပလာတဲ့ ေဝဠဳေက်ာ္

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႔ အတူ အကယ္ဒမီ ထူးခြၽန္ဆုေတြကိုပါ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ မင္းသား ေဝဠဳေက်ာ္ကေတာ့ ေဖာင္ေဒးရွင္းတစ္ခု တည္ေထာင္ထားကာ ပရဟိတအလုပ္ေတြကို ဆက္တိုက္လုပ္ေဆာင္ေနသူ ပဲျဖစ္ပါတယ္။

ဒါ့အျပင္ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို လႉဒါန္းလာၾကေသာ ေစတနာရွင္မ်ားရဲ႕ အလႉေငြေတြ စုေပါင္းကာ က်ဴးရပ္ကြက္က ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ အိမ္ေတြကို အသစ္ျပန္လည္ ျပင္ဆင္ ေဆာက္ လုပ္ေပးေနတာလည္း ေတြ႕ရပါတယ္။

ဒါ့အျပင္ ေဝဠဳေက်ာ္က အခုလက္ရွိ အေျခအေနေတြမွာ စားဝတ္ေနေရး အဆင္မေျပတဲ့သူေတြဆီကိုလည္း ကိုယ္တိုင္ သြားေရာက္ကာ အေျခခံစားေသာက္ကုန္ေတြကို လိုက္လံ လႉဒါန္းေနတာ ေန႔စဥ္တိုင္း လိုလိုပဲ ျဖစ္ပါတယ္။

အခုလည္း ခ်ိဳ႕တဲ့ ရပ္ကြက္က ကေလးငယ္ေလးေတြ အတြက္ ဒိန္ခ်ဥ္ဗူး (၃၀၀)ကို သြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။ကေလးေတြက ဒိန္ခ်ဥ္ဗူးေတြကို ႀကိဳက္ၾကလို႔ အလုအယက္ လာေရာက္ယူၾကပုံကိုလည္း ပီတိျဖစ္စြာ ခုလိုေျပာျပလာပါတယ္ ။ ”

ဒိန္ခ်ဥ္ႀကိဳက္ၾကတယ့္ကေလးမ်ား ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ CMM 100% Pure Milk /Yogurt မွ လႉဒါန္းေပးထားေသာ ဒိန္ခ်ဥ္ ပုလင္း ၃၀၀ ကို က်ဴးရပ္ကြက္မွ ကေလးမ်ားအား ျပန္လည္ ေဝမွ်ေပးခဲ့ပါတယ္။

ဒိန္ခ်ဥ္ႀကိဳက္ၾကတယ့္ ကေလးမ်ားအတြက္ကေတာ့ အလုအယက္ေပါ့။ ” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lu Kyaw