ဘဝတွေကို ခက်ခဲစွာ ရုန်းကန် ဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေအတွက် ဖွယ်ဖွယ်ရာရာ ဟင်းများနဲ့ စားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ဘဝတွေကို ခက်ခဲစွာ ရုန်းကန် ဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေအတွက် ဖွယ်ဖွယ်ရာရာ ဟင်းများနဲ့ စားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပြည်သူတွေကတော့ အခုအချိန်မှာ လူသားအချင်းချင်းစာနာ ထောက်ထားပြီး တစ်ယောက်ကို တစ်ယောက် အားပေး ကူညီဖေးမနေတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ကအခက်အခဲနဲ့ ကြုံတွေ့နေရပေမယ့်လည်း ကိုယ့်ထက် ခက်ခဲနေသူတွေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေဖို့ မိမိတို့မှာ ရှိသလောက် အင်အားလေးနဲ့ပဲ တတ်နိုင်သလောက် ကူညီနေကြတာ ဖြစ်ပါတယ်။

လက်လုပ်လက်စား ပြည်သူတွေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေက အခုလိုကာလမှာ အရမ်းကို ကြပ်တည်းနေကြတာ ဖြစ်ပါတယ်။

ဒီလို အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို စေတနာရှင် ပြည်သူတွေ ၊အနုပညာရှင်တွေ နဲ့ ပရဟိတ အသင်းတွေက စုပေါင်းပြီး ထောက်ပံ့ လှူဒါန်းပေးနေကြတာဖြစ်ပါတယ် ။

အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေက အလှူရှင်တွေနဲ့ စုပေါင်းပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စု (၁၅၀) စာအတွက် ဘဲဥ ချဉ်ရည်ဟင်း (၅)လုံး ၊ ဆန်(၃)ပြည်၊ကြာဇံထုပ်၊ကော်ဖီထုပ် တို့ကို နှစ်နေရာ ခွဲပြီး လှူဒါန်းပေးခဲ့ပါတယ် ။

လာရောက်ယူဆောင်ကြသူတွေ များပြီး တကယ်ကို ပီတိဖြစ်စရာ အလှူလေးပါပဲ ။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Yaun – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)

ဘဝေတြကို ခက္ခဲစြာ ႐ုန္းကန္ ျဖတ္သန္းေနရတဲ့ အိမ္ေထာင္စုေတြအတြက္ ဖြယ္ဖြယ္ရာရာ ဟင္းမ်ားနဲ႔ စားေသာက္ကုန္မ်ား လႉဒါန္းေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ျပည္သူေတြကေတာ့ အခုအခ်ိန္မွာ လူသားအခ်င္းခ်င္းစာနာ ေထာက္ထားၿပီး တစ္ေယာက္ကို တစ္ေယာက္ အားေပး ကူညီေဖးမေနတာ ျဖစ္ပါတယ္။

ကိုယ္တိုင္ကအခက္အခဲနဲ႔ ႀကဳံေတြ႕ေနရေပမယ့္လည္း ကိုယ့္ထက္ ခက္ခဲေနသူေတြ ခဏတာပဲျဖစ္ျဖစ္ အဆင္ေျပေစဖို႔ မိမိတို႔မွာ ရွိသေလာက္ အင္အားေလးနဲ႔ပဲ တတ္ႏိုင္သေလာက္ ကူညီေနၾကတာ ျဖစ္ပါတယ္။

လက္လုပ္လက္စား ျပည္သူေတြနဲ႔ စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူေတြက အခုလိုကာလမွာ အရမ္းကို ၾကပ္တည္းေနၾကတာ ျဖစ္ပါတယ္။

ဒီလို အဆင္မေျပမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြကို ေစတနာရွင္ ျပည္သူေတြ ၊အႏုပညာရွင္ေတြ နဲ႔ ပရဟိတ အသင္းေတြက စုေပါင္းၿပီး ေထာက္ပံ့ လႉဒါန္းေပးေနၾကတာျဖစ္ပါတယ္ ။

အခုလည္း ပရဟိတ အလုပ္ေတြကို လုပ္ေဆာင္ေနတဲ့ ခိုင္ႏွင္းေဝက အလႉရွင္ေတြနဲ႔ စုေပါင္းၿပီး စားဝတ္ေနေရး ခက္ခဲေနတဲ့ အိမ္ေထာင္စု (၁၅၀) စာအတြက္ ဘဲဥ ခ်ဥ္ရည္ဟင္း (၅)လုံး ၊ ဆန္(၃)ျပည္၊ၾကာဇံထုပ္၊ေကာ္ဖီထုပ္ တို႔ကို ႏွစ္ေနရာ ခြဲၿပီး လႉဒါန္းေပးခဲ့ပါတယ္ ။

လာေရာက္ယူေဆာင္ၾကသူေတြ မ်ားၿပီး တကယ္ကို ပီတိျဖစ္စရာ အလႉေလးပါပဲ ။ ပရိသတ္ႀကီးအတြက္ ခိုင္ႏွင္းေဝရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Yaun – Cele Zone

Photo – Khine Hnin Wai