ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး ကိုဗစ် Volunteer တွေအတွက် အလှူလေးပြုလုပ်ခဲ့တဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ဂန္တဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့သမီးဖြစ်သူ အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းကတော့ မကြာသေးခင်အချိန်က ကွယ်လွန်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်တာကြောင့်

ပရိသတ်တွေကလည်း ရွှေရည်သိန်းတန်ရဲ့ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တာကိုဝမ်းနည်းစိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။

ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းရှိစဉ်ကတည်းကလည်း ဇနီးကောင်းပီသတဲ့သူတစ်ယောက်ဖြစ်သလို အခုလိုခင်ပွန်းကွယ်လွန်သွားချိန်မှာလည်း ရင်နဲ့မဆန့်အောင် ခံစားနေခဲ့ရပေမဲ့ ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး တတ်နိုင်သလောက် ကုသိုလ်တွေပြုပေးနေခဲ့ပါတယ်။ မနေ့ကသြဂုတ်လ (၁၁)ရက်နေ့မှာလည်း

ကာလဒါနကုသိုလ်အဖြစ် ညစာထမင်းဘူး (၁၀၀)ကို သဘာဝ တရားရိပ်သာ COVID volunteers အယောက်(၁၀၀)စာအတွက် အာဟာရဒါနအလှူလေး ပြုလုပ်ခဲ့ပါတယ်။ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူလည်း ကောင်းရာဘုံဘဝကနေ တာဝန်ကျေပွန်လှတဲ့ ရွှေရည်သိန်းတန်ရဲ့ ကောင်းမှုတွေကို သာဓုခေါ်ဆိုနေမှာပါ။

ရွှေရည်သိန်းတန်လည်း အခုလိုပြုလုပ်ရတဲ့ ကုသိုတွေကြောင့် ကျရောက်နေတဲ့ကပ်ဘေးဆိုးကြီးကနေလည်း ကင်းလွတ်ပြီး သာသာ သာသနာအကျိုးကို ပိုမိုဆောင်ရွက်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source – Bhone Hlyan