ဖခင်ကြီးနဲ့ အဖွားတွေအတွက် ရည်စူပြီး အလှူလေးပြုလုပ်ခဲ့တဲ့ သူရလင်းတို့မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော သူရလင်းတို့မိသားစုကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်

အလှူလေးကတော့ ကွယ်လွန်သွားတဲ့ ဖခင်ကြီးနဲ့ အဖွားတွေအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ် အလှူလေးကိုတော့ သူရလင်းတို့ မိသာစုက ဖခင်ကြီးရဲ့ မွေးဖွားရာဇာတိဖြစ်တဲ့ မြစ်ကျိုးစံပြကျေးရွာမှာရှိတဲ့ သားမြင်ကုန်းစေတီမှာ

သံဃာတော်တွေအတွက် သင်္ကန်းနဲ့ ဆွမ်းကပ်လှူဒါန်းခဲ့တဲ့အပြင် ဆီ၊နဲ့ တခြားလိုအပ်တာတွေကိုလည်း ရေစက်ချကုသိုလ်ပြုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

အခုလို ပြုလုပ်ရတဲ့အလှူကောင်းမှုကုသိုလ်တွေကြောင့် ဘဝတစ်ပါးပြောင်းရွှေ့ကွယ်လွန်သွားကြတဲ့ ဖခင်ကြီးနဲ့ အဖွားတွေလည်း မြင့်မြတ်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းထားပါသေးတယ်

ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Source – Khin Thitsar Kyi

(ZAWGYI)






