ဝင်ငွေနိမ့်တိုင်းပြည်များသို့ အီတလီက ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံထောက်ပံ့မည်

“ဆင်းရဲတဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေကို အီတလီနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံပြီးတော့ ထောက်ပံ့ကူညီသွားမယ်လို့ ဝန်ကြီးချုပ် မာရီယိုဒရာဂီက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ “ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ထိပ်သီးအစည်းအဝေး”မှာ ဝန်ကြီးချုပ်က ခုလိုပြောလိုက်တာပါ။

“ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေမှာ ကြီးမားတဲ့ မညီမျှမှုတွေရှိနေတုန်းပါပဲ။ ဒါကြောင့်မို့ (ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့) ပိုပြီးတော့ လှူဒါန်းကြဖို့ လိုအပ်တယ်”လို့ ဝန်ကြီးချုပ် ဒရာဂီက ဆိုပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေး ထိပ်သီး အစည်းအဝေးမှာတုန်းကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်းလှူဒါန်းဖို့ ကတိပြုခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ကတော့ ဖြန့်ဖြူးပြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ၃ ဆထပ်မံပြီးတော့ ကြိုးပမ်းသွားမယ့်အကြောင်း ဝမ်း မြောက်ဝမ်းသာကြေညာချင်ပါတယ်။ အီတလီအနေနဲ့ အခုနှစ်ကုန်အထိ ဆင်းရဲတဲ့ နိုင်ငံ တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံလှူဒါန်းသွားပါမယ်။ ဒါပါနဲ့ဆို ကျနော် တို့ လှူဒါန်းမှုဟာ ၄၅ သန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်”

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ပြသနာတခုဖြစ်တာမို့ ကာ ကွယ်ဆေးထိုးနှံရာမှာ ဆင်းရဲချမ်းသာကွာဟမှု မရှိစေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တောင်းဆိုထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ထိုးနှံဖို့ ကြေညာထားချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေအနေနဲ့ နောက်ချန်နေရမယ့် အခြေအနေအပေါ် သတိပေးလိုက်တာဖြစ်ပြီး ဝင်ငွေမြင့်တဲ့ တိုင်းပြည်တွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေကြား

ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ကွာဟမှုကို နည်းလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံနေရသူပေါင်း ၂၃၀ ဒသမ ၈၈ သန်း ကျော်ရှိပြီး သေဆုံးသူပေါင်း ၄ ဒသမ ၇၃ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၂၀၇ ဒသမ ၅၈ သန်းရှိနေပြီလို့ Worldometers ဝက်ဘ်ဆိုက်

အ ချက်အလက်အရ သိရပါတယ်။ “

Crd-Original Post

(ZAWGYI)

ဝင္ေငြနိမ့္တိုင္းျပည္မ်ားသို႔ အီတလီက ကိုဗစ္-၁၉ ကာကြယ္ေဆးသန္း ၃၀ ထပ္မံေထာက္ပံ့မည္

“ဆင္းရဲတဲ့ ဝင္ေငြနိမ့္တိုင္းျပည္ေတြကို အီတလီႏိုင္ငံက ကိုဗစ္-၁၉ ကာကြယ္ေဆးသန္း ၃၀ ထပ္မံၿပီးေတာ့ ေထာက္ပံ့ကူညီသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ မာရီယိုဒရာဂီက ေျပာပါတယ္။

စက္တင္ဘာ ၂၂ ရက္က က်င္းပတဲ့ ကုလသမဂၢအေထြေထြညီလာခံရဲ႕ “ကမာၻလုံးဆိုင္ရာ ကိုဗစ္-၁၉ ထိပ္သီးအစည္းအေဝး”မွာ ဝန္ႀကီးခ်ဳပ္က ခုလိုေျပာလိုက္တာပါ။

“ကမာၻတဝန္း ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံမႈေတြမွာ ႀကီးမားတဲ့ မညီမွ်မႈေတြရွိေနတုန္းပါပဲ။ ဒါေၾကာင့္မို႔ (ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြအေနနဲ႔) ပိုၿပီးေတာ့ လႉဒါန္းၾကဖို႔ လိုအပ္တယ္”လို႔ ဝန္ႀကီးခ်ဳပ္ ဒရာဂီက ဆိုပါတယ္။

ဒါ့အျပင္ အီတလီႏိုင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ ေမလတုန္းက က်င္းပခဲ့တဲ့ ကမာၻ႔က်န္းမာေရး ထိပ္သီး အစည္းအေဝးမွာတုန္းကလည္း ကိုဗစ္-၁၉ ကာကြယ္ေဆး ၁၅ သန္းလႉဒါန္းဖို႔ ကတိျပဳခဲ့ၿပီး အဲဒီထဲက ထက္ဝက္ေလာက္ကေတာ့ ျဖန႔္ျဖဴးၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

“ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ ၃ ဆထပ္မံၿပီးေတာ့ ႀကိဳးပမ္းသြားမယ့္အေၾကာင္း ဝမ္း ေျမာက္ဝမ္းသာေၾကညာခ်င္ပါတယ္။ အီတလီအေနနဲ႔ အခုႏွစ္ကုန္အထိ ဆင္းရဲတဲ့ ႏိုင္ငံ ေတြကို ကိုဗစ္-၁၉ ကာကြယ္ေဆးသန္း ၃၀ ထပ္မံလႉဒါန္းသြားပါမယ္။ ဒါပါနဲ႔ဆို က်ေနာ္ တို႔ လႉဒါန္းမႈဟာ ၄၅ သန္းထိ ေရာက္ရွိလာမွာ ျဖစ္ပါတယ္”

ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ကမာၻ႔ႏိုင္ငံတိုင္း ႀကဳံေတြ႕ေနရတဲ့ ျပသနာတခုျဖစ္တာမို႔ ကာ ကြယ္ေဆးထိုးႏွံရာမွာ ဆင္းရဲခ်မ္းသာကြာဟမႈ မရွိေစဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း ေတာင္းဆိုထားပါတယ္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ကာကြယ္ေဆး တတိယအသုတ္ ထိုးႏွံဖို႔ ေၾကညာထားခ်ိန္မွာ ဆင္းရဲတဲ့ ႏိုင္ငံေတြအေနနဲ႔ ေနာက္ခ်န္ေနရမယ့္ အေျခအေနအေပၚ သတိေပးလိုက္တာျဖစ္ၿပီး ဝင္ေငြျမင့္တဲ့ တိုင္းျပည္ေတြနဲ႔ ဆင္းရဲတဲ့ တိုင္းျပည္ေတြၾကား

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးမွာ ကြာဟမႈကို နည္းလာေစဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ ကမာၻတဝန္းမွာ ကိုဗစ္-၁၉ ကူးစက္ခံေနရသူေပါင္း ၂၃၀ ဒသမ ၈၈ သန္း ေက်ာ္ရွိၿပီး ေသဆုံးသူေပါင္း ၄ ဒသမ ၇၃ သန္းေက်ာ္နဲ႔ ေရာဂါျပန္လည္ေပ်ာက္ကင္း သက္သာလာသူေပါင္း ၂၀၇ ဒသမ ၅၈ သန္းရွိေနၿပီလို႔ Worldometers ဝက္ဘ္ဆိုက္

အ ခ်က္အလက္အရ သိရပါတယ္။ “

Crd-Original Post