လောက်ကိုင်မြို့အဝင်တွင် မင်းသုံးပါး ရုပ်တု တည်ဆောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အဝင်တွင် မင်းသုံးပါး ရုပ်ထုကို တည်ဆောက်လျှက်ရှိသည်။

ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယမြန်မာနိုင်ငံတည်ထောင်သူဟု မြန်မာ့သမိုင်းတွင် ညွှန်းဆိုထားသော အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်း မင်းတရား ရုပ်တုသုံးခုကို စစ်ကောင်စီက တည်ဆောက်နေခြင်းဖြစ်ပြီး

တည်ဆောက်နေသည်မှာ သုံးလကျော် ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မြို့အဝင် လေးမျက်နှာဘုရားရဲ့ မျက်နှာချင်းဆိုင်ပေါ့။ ဆောက်မယ်လို့ ပြောတော့ပြောတယ်။ အဲလောက် မြန်မယ်လို့ မထင်ထားဘူး” ဟု ၎င်းဒေသခံ က ဆိုသည်။

တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီး အဆိုပါ မင်းသုံးပါးရုပ်တု ဆောက် လုပ်နေသည်ကို မြို့ခံအများစုက သတိမထားမိကြဟု ပြောသည်။

ရုပ်ထု တည်ဆောက်နေသည့် နေရာသို့ စက်တင်ဘာလ ၂၀ ရက်၌ ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသစီမံအုပ် ချုပ်ရေးအဖွဲ့တို့က လာရောက် ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မင်းသုံးပါးရုပ်တုကို ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်းရှေ့တွင်လည်း တည်ဆောက်ထားပြီး ပုံတူပွားတည်ခြင်းကို လောက်ကိုင်တွင် ပထမဆုံးဖြစ် သည်။

၂၀၁၅ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကိုးကန့်ဒေသအား စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်ထိ အဆိုပါ အမိန့်တည်နေဆဲဖြစ်သည်။

Photo-ASL

(ZAWGYI)

ေလာက္ကိုင္ၿမိဳ႕အဝင္တြင္ မင္းသုံးပါး ႐ုပ္တု တည္ေဆာက္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕ အဝင္တြင္ မင္းသုံးပါး ႐ုပ္ထုကို တည္ေဆာက္လွ်က္ရွိသည္။

ပထမျမန္မာႏိုင္ငံ၊ ဒုတိယျမန္မာႏိုင္ငံႏွင့္ တတိယျမန္မာႏိုင္ငံတည္ေထာင္သူဟု ျမန္မာ့သမိုင္းတြင္ ၫႊန္းဆိုထားေသာ အေနာ္ရထာ၊ ဘုရင့္ေနာင္ႏွင့္ အေလာင္း မင္းတရား ႐ုပ္တုသုံးခုကို စစ္ေကာင္စီက တည္ေဆာက္ေနျခင္းျဖစ္ၿပီး တည္ေဆာက္ေနသည္မွာ သုံးလေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

” ၿမိဳ႕အဝင္ ေလးမ်က္ႏွာဘုရားရဲ႕ မ်က္ႏွာခ်င္းဆိုင္ေပါ့။ ေဆာက္မယ္လို႔ ေျပာေတာ့ေျပာတယ္။ အဲေလာက္ ျမန္မယ္လို႔ မထင္ထားဘူး” ဟု ၎ေဒသခံ က ဆိုသည္။

တည္ေဆာက္မႈ ၈၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး အဆိုပါ မင္းသုံးပါး႐ုပ္တု ေဆာက္ လုပ္ေနသည္ကို ၿမိဳ႕ခံအမ်ားစုက သတိမထားမိၾကဟု ေျပာသည္။

႐ုပ္ထု တည္ေဆာက္ေနသည့္ ေနရာသို႔ စက္တင္ဘာလ ၂၀ ရက္၌ ရွမ္းျပည္ နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ေဒသစီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕တို႔က လာေရာက္ ၾကည့္ရႈခဲ့ၾကသည္။

အဆိုပါ မင္းသုံးပါး႐ုပ္တုကို ျပင္ဦးလြင္ရွိ စစ္တကၠသိုလ္ေက်ာင္းေရွ႕တြင္လည္း တည္ေဆာက္ထားၿပီး ပုံတူပြားတည္ျခင္းကို ေလာက္ကိုင္တြင္ ပထမဆုံးျဖစ္ သည္။

၂၀၁၅ ခုႏွစ္တြင္ အာဏာသိမ္း စစ္ေကာင္စီႏွင့္ ကိုးကန႔္တပ္မေတာ္ (MNDAA) တို႔ တစ္ေက်ာ့ျပန္ တိုက္ပြဲျပင္းထန္ခဲ့ၿပီးေနာက္ ကိုးကန႔္ေဒသအား စစ္အုပ္ခ်ဳပ္ ေရးအမိန႔္ထုတ္ျပန္ခဲ့ရာ လက္ရွိအခ်ိန္ထိ အဆိုပါ အမိန႔္တည္ေနဆဲျဖစ္သည္။

Photo-ASL