အသက်ကိုကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို မမေ့ပဲ သူမကလေးကို ခေါ်လာပြီး မိတ်ဆက်ပေးခဲ့တဲ့ ဆင်မကြီး

ကင်ညာနိုင်ငံမှ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာတွင် ဝင်ရောက်လုပ်ကိုင်သော အမျိုးသားတစ်ဦးသည် တစ်ကောင်တည်း အထီးကျန်စွာ


မျက်နှာသူငယ် နားသူငယ်နှင့် မိဘမဲ့ဖြစ်ပြီး ဖျားနေသော ၅လသားအရွယ် ဆင်ပေါက်လေးကို သနားသောအားဖြင့် ငတ်မွတ်နေသော မိဘမေတ္တာကို အပြည့်အဝပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

အမျိုးသားသည် ဆင်ပေါက်လေးနှင့် အလွန်ခင်မင်ရင်းနှီးသွားခဲ့ပြီး ဆင်ကလေးလည်း တဖြည်းဖြည်းအရွယ်ရောက်လာကာ တောအုပ်ထဲသို့ သဘာဝအတိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရန် ပြန်လွှတ်ပေးခဲ့ရာ ဝမ်းနည်းခြင်းတွေနှင့်အတူ နှုတ်ဆက်ခဲ့ကြသည်။


ထို့နောက် ၈နှစ်အကြာတွင် ဆင်မကြီးသည် တစ်ချိန်က သူမအသက်ကို ကယ်တင်ပြီး စောင့်ရှောက်ပေးခဲ့သော ကျေးဇူးရှင် အမျိုးသားထံ ပြန်လာကာ သူမကလေးနှင့် နွေးထွေးကြင်နာစွာ မိတ်ဆက်ပေးခဲ့သည်။

Crd-Original Post

(ZAWGYI)








Crd-Original Post