အပယ်ခံ တိရစ္ဆာန်လေးများကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဂေဟာအတွက် အလှူငွေများ လှူဒါန်းကာ ကောင်းမှု ကုသိုလ်ပြုခဲ့တဲ့ စိုးပြည့်သဇင်

အပယ်ခံ တိရစ္ဆာန်လေးများကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဂေဟာအတွက် အလှူငွေများ လှူဒါန်းကာ ကောင်းမှု ကုသိုလ်ပြုခဲ့တဲ့ စိုးပြည့်သဇင်

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုရှင်လေးတစ်ဦးဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝသူလေးလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင်ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ စိုးပြည့်သဇင်က ကလေးဆန်ဆန်လေး အမြဲပျော်ပျော်နေတတ်ပြီး အမြဲတမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာအမှန်ပါပဲ ။

စိုးပြည့်က သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ပါရမီပါသူလေးဖြစ်တာကြောင့် အဆိုတော်အဖြစ်လည်း တေးသီချင်းတွေသီဆိုခဲ့ရာ ပရိသတ်တွေကြိုက်နှစ်သက်အားပေးခဲ့ကြတာတွေ့ရပါတယ်။

စိုးပြည့်ကတော့ အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သမီးလိမ္မာလေးပါပဲနော်။ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ရှေ့ဆုံးကနေ ပါဝင် လှူဒါန်းတတ်သူတစ်ယောက်ပါ ။

အခုလည်း ပိုင်ရှင်မဲ့ တိရစ္ဆာန် လေးတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာအတွက် အလှူငွေ တစ်သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ် ။

တိလေးတွေဆို အရမ်းချစ်တတ်တဲ့ စိုးပြည့်က အခုလည်း ဂေဟာမှာ ခွေးလေးတွေနဲ့ ဆော့ကစား ပျော်ရွှင်နေတာကို ပုံထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် စိုးပြည့်ရဲ့ အလှူပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

(ZAWGYI)








Yuan – Cele Zone