မြန်မာနယ်စပ်တလျှောက် လက်နက်မှောင်ခိုမှု ထိုင်းဒုဗိုလ်ချုပ်ကြီး သတိပေး

မြန်မာနယ်စပ်တလျှောက် လက်နက်မှောင်ခိုမှု ထိုင်းဒုဗိုလ်ချုပ်ကြီး သတိပေး

“မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေး ထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့ မှောင်ခိုသမားတွေ အသုံးပြုတဲ့ လက်နက်ဒိုင်တွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ ငွေကြေးအလွှဲအပြောင်း လမ်းကြောင်းတွေကို

သတင်းအချက်အလက် ရအောင် အာရုံစိုက်ကြဖို့ ဗိုလ်ချုပ်ပရာဝစ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လက်နက်မှောင်ခိုမှုနဲ့ကာကွယ်ဖို့ သတိဝီရိယ ပိုထားကြဖို့ ထိုင်းလုံခြုံရေးအေဂျင်စီတွေကို ထိုင်းဒုတိယ၀န်ကြီးချုပ် ပရာဝစ်ဝုန်ဆူဝမ်ဆီက ညွှန်ကြားထားတာလို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိ(ပ်) သန်တရာဝါနစ်ချ်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုနဲ့ ခုခံတော်လှန်သူတွေကြား တိုက်ပွဲများပိုမိုပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံကို စစ်သုံးအဆင့် လက်နက်တွေကို မှောင်ခိုကူးနေတဲ့ လက်နက်အရောင်းအဝယ်လုပ်သူတွေရဲ့ လတ်တလော အစီရင်ခံစာတွေအရ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ချွန်ဘူရီခရိုင် ဆပ်သာဟစ်ပ်နယ်မြေမှာ မကြာသေးခင်က လက်နက်မှောင်ခိုသမားတွေကို ဖမ်းဆီးမိခြင်းမှာ ပြည်နယ်အရာရှိတွေ အပါအဝင် အသိုင်းအဝိုင်း အတော်များများက လူတွေနဲ့ ဆက်သွယ်မှုတွေရှိနေတာကို ဖော်ထုတ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ချဲ့ထွင် လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့လည်း အသေးစိတ်တော့ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးကိုမှ ထောက်ခံခြင်းမရှိပါဘူးလို့ ဗိုလ်ချုပ်ပရာဝစ်ကို ကိုးကားပြီး ဒုဗိုလ်ချုပ်ကြီး ကွန်ချိ(ပ်)က ပြောဆိုပါတယ်။

စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေး၀န်ထမ်းတွေကို သူတို့ရဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်ပစ္စည်းသိုလှောင်ရုံတွေကို သူခိုးရန်ကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးမြှင့်တင်ထားကြဖို့ အမိန့်ပေးထားပါတယ်။

ဗိုလ်ချုပ်ပရာဝစ်က လက်နက်တွေ အခိုးခံရတဲ့ တပ်ဖွဲ့တွေကိုလည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်စေပြီး တာဝန်ရှိသူတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ဒီလက်နက်တွေကို အကြမ်းဖက်မှုတွေအတွက် အသုံးမပြုသေးခင် တတ်နိုင်သမျှအမြန်ဆုံး

အခိုးခံရတဲ့လက်နက်တွေ ပြန်ရအောင်ယူဖို့ ညွှန်ကြားထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။”

DVB

(ZAWGYI)

ျမန္မာနယ္စပ္တေလွ်ာက္ လက္နက္ေမွာင္ခိုမႈ ထိုင္းဒုဗိုလ္ခ်ဳပ္ႀကီး သတိေပး

“ျမန္မာႏိုင္ငံနဲ႔ နယ္စပ္တေလွ်ာက္မွာ လုံၿခဳံေရး ေထာက္လွမ္းေရးေအဂ်င္စီေတြအေနနဲ႔ ေမွာင္ခိုသမားေတြ အသုံးျပဳတဲ့ လက္နက္ဒိုင္ေတြ၊ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းေတြနဲ႔ ေငြေၾကးအလႊဲအေျပာင္း လမ္းေၾကာင္းေတြကို သတင္းအခ်က္အလက္ ရေအာင္ အာ႐ုံစိုက္ၾကဖို႔ ဗိုလ္ခ်ဳပ္ပရာဝစ္က ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

လက္နက္ေမွာင္ခိုမႈနဲ႔ကာကြယ္ဖို႔ သတိဝီရိယ ပိုထားၾကဖို႔ ထိုင္းလုံၿခဳံေရးေအဂ်င္စီေတြကို ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္ ပရာဝစ္ဝုန္ဆူဝမ္ဆီက ၫႊန္ၾကားထားတာလို႔ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကြန္ခ်ိ(ပ္) သန္တရာဝါနစ္ခ်္က စက္တင္ဘာ ၂၁ ရက္ေန႔မွာ ေျပာပါတယ္။

အာဏာသိမ္းစစ္အုပ္စုနဲ႔ ခုခံေတာ္လွန္သူေတြၾကား တိုက္ပြဲမ်ားပိုမိုျပင္းထန္လာေနတဲ့ ျမန္မာႏိုင္ငံကို စစ္သုံးအဆင့္ လက္နက္ေတြကို ေမွာင္ခိုကူးေနတဲ့ လက္နက္အေရာင္းအဝယ္လုပ္သူေတြရဲ႕ လတ္တေလာ အစီရင္ခံစာေတြအရ ထုတ္ျပန္တာလို႔ ဆိုပါတယ္။

ခြၽန္ဘူရီခ႐ိုင္ ဆပ္သာဟစ္ပ္နယ္ေျမမွာ မၾကာေသးခင္က လက္နက္ေမွာင္ခိုသမားေတြကို ဖမ္းဆီးမိျခင္းမွာ ျပည္နယ္အရာရွိေတြ အပါအဝင္ အသိုင္းအဝိုင္း အေတာ္မ်ားမ်ားက လူေတြနဲ႔ ဆက္သြယ္မႈေတြရွိေနတာကို ေဖာ္ထုတ္ခဲ့ပါတယ္။

စုံစမ္းစစ္ေဆးမႈေတြကို ခ်ဲ႕ထြင္ လုပ္ေဆာင္ေနတယ္လို႔ ေျပာေပမဲ့လည္း အေသးစိတ္ေတာ့ မေျပာခဲ့ဘူးလို႔ ဆိုပါတယ္။

ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈ ဘယ္လိုပုံစံမ်ိဳးကိုမွ ေထာက္ခံျခင္းမရွိပါဘူးလို႔ ဗိုလ္ခ်ဳပ္ပရာဝစ္ကို ကိုးကားၿပီး ဒုဗိုလ္ခ်ဳပ္ႀကီး ကြန္ခ်ိ(ပ္)က ေျပာဆိုပါတယ္။

စစ္တပ္၊ ရဲနဲ႔ အုပ္ခ်ဳပ္ေရး၀န္ထမ္းေတြကို သူတို႔ရဲ႕လက္နက္ေတြ၊ ခဲယမ္းမီးေက်ာက္ေတြနဲ႔ လက္နက္ပစၥည္းသိုေလွာင္႐ုံေတြကို သူခိုးရန္ကေန ကာကြယ္ဖို႔အတြက္ လုံၿခဳံေရးျမႇင့္တင္ထားၾကဖို႔ အမိန႔္ေပးထားပါတယ္။

ဗိုလ္ခ်ဳပ္ပရာဝစ္က လက္နက္ေတြ အခိုးခံရတဲ့ တပ္ဖြဲ႕ေတြကိုလည္း ေနာက္ထပ္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေစၿပီး တာဝန္ရွိသူေတြကို ရွာေဖြေဖာ္ထုတ္ဖို႔နဲ႔ ဒီလက္နက္ေတြကို အၾကမ္းဖက္မႈေတြအတြက္ အသုံးမျပဳေသးခင္ တတ္ႏိုင္သမွ်အျမန္ဆုံး အခိုးခံရတဲ့လက္နက္ေတြ ျပန္ရေအာင္ယူဖို႔ ၫႊန္ၾကားထားတယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားထားပါတယ္။”

DVB