မာစီဒီးကားဖြင့် တရားမဝင်မြန်မာလုပ်သားများကို ဘန်ကောက်ပို့သည့် ထိုင်းဇနီးမောင်နှံ ဖမ်းဆီးခံရ

မာစီဒီးကားဖြင့် တရားမဝင်မြန်မာလုပ်သားများကို ဘန်ကောက်ပို့သည့် ထိုင်းဇနီးမောင်နှံ ဖမ်းဆီးခံရ

“မာစီဒီးကားထဲမှာ ဌာနဆိုင်ရာအင်္ကျီအမျိုးစုံချိတ်ဆွဲပြီး မြန်မာ-ထိုင်းနယ်စပ်မှတဆင့် ဘန်ကောက်မြို့ကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင်ပို့ဆောင်တဲ့ ထိုင်းဇနီးမောင်နှံ မဲဆောက်မြို့အရှေ့ပိုင်း အဖွဲ့စုံဂိတ်မှာ စက်တင်ဘာ ၂၁ ရက်က

ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။

မဲဆောက်မြို့မှတစ်ဆင့် ဘန်ကောက်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ မာစီဒီးကားအမည်းရောက်တစ်စီးကို မဲဆောက်အဖွဲ့စုံဂိတ်မှာ ဌာနဆိုင်ရာ၊ ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း စစ်ဆေးရာ ယာဉ်မောင်းသူ နိုင်းဖုန်းစပ်နဲ့ ဇနီးဖြစ်သူတို့မှာ

အရှေ့ခန်းထိုင်ပြီး ရခိုင်ပြည်နယ်မှ လာသူ မြန်မာနိုင်ငံသား ၃ ဦးကိုတော့ ယာဉ်အနောက်ခန်းမှာ ထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်စာရွက်စာတမ်းမရှိသလို ထိုင်းနိုင်ငံ ဌာန ဆိုင်ရာတချို့လက်မှတ်နဲ့ ဆင်တူအင်္ကျီတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့ကို တရားမဝင်လူ မှောင်ခိုသယ်ဆောင်မှုနဲ့ တရားဥပဒေ အတိုင်းအရေးယူနိုင်ဖို့ မဲဆောက် မြို့မရဲစခန်းကို အပ်နှံသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ကူးစက်မှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော်မှုတွေကို နှစ်နိုင်ငံစလုံး တင်းကျပ်ထားပြီး ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံဘက်ကို

တစ်ရက်ကို အယောက် ၂၀၀ အထက် တစ်ရက်ခြား နေရပ်ပြန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်သူတွေများနေပြီး မိသားစု စားဝတ်နေရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံကို တစ်ရက် အယောက် ၅၀ လောက် တရားမဝင် သွားရောက်နေကြပြီး

အဖမ်းခံရသူရှိနေသလို လွတ်မြောက်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ရသူတွေလည်း ရှိပါတယ်။”

DVB

(ZAWGYI)

မာစီဒီးကားျဖင့္ တရားမဝင္ျမန္မာလုပ္သားမ်ားကို ဘန္ေကာက္ပို႔သည့္ ထိုင္းဇနီးေမာင္ႏွံ ဖမ္းဆီးခံရ

“မာစီဒီးကားထဲမွာ ဌာနဆိုင္ရာအက်ႌအမ်ိဳးစုံခ်ိတ္ဆြဲၿပီး ျမန္မာ-ထိုင္းနယ္စပ္မွတဆင့္ ဘန္ေကာက္ၿမိဳ႕ကို ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားေတြ တရားမဝင္ပို႔ေဆာင္တဲ့ ထိုင္းဇနီးေမာင္ႏွံ မဲေဆာက္ၿမိဳ႕အေရွ႕ပိုင္း အဖြဲ႕စုံဂိတ္မွာ စက္တင္ဘာ ၂၁ ရက္က ဖမ္းဆီးခံခဲ့ရတယ္လို႔ ထိုင္းအာဏာပိုင္ေတြထံက သိရပါတယ္။

မဲေဆာက္ၿမိဳ႕မွတစ္ဆင့္ ဘန္ေကာက္ၿမိဳ႕ကို ဦးတည္ ေမာင္းႏွင္လာတဲ့ မာစီဒီးကားအမည္းေရာက္တစ္စီးကို မဲေဆာက္အဖြဲ႕စုံဂိတ္မွာ ဌာနဆိုင္ရာ၊ ထိုင္းစစ္တပ္၊ ထိုင္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္း စစ္ေဆးရာ ယာဥ္ေမာင္းသူ ႏိုင္းဖုန္းစပ္နဲ႔ ဇနီးျဖစ္သူတို႔မွာ အေရွ႕ခန္းထိုင္ၿပီး ရခိုင္ျပည္နယ္မွ လာသူ ျမန္မာႏိုင္ငံသား ၃ ဦးကိုေတာ့ ယာဥ္အေနာက္ခန္းမွာ ထိုင္ခိုင္းထားတယ္လို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြ စစ္ေဆးေမးျမန္းရာမွာ ထိုင္းႏိုင္ငံျပည္ဝင္ခြင့္စာ႐ြက္စာတမ္းမရွိသလို ထိုင္းႏိုင္ငံ ဌာန ဆိုင္ရာတခ်ိဳ႕လက္မွတ္နဲ႔ ဆင္တူအက်ႌေတြ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ကို တရားမဝင္လူ ေမွာင္ခိုသယ္ေဆာင္မႈနဲ႔ တရားဥပေဒ အတိုင္းအေရးယူႏိုင္ဖို႔ မဲေဆာက္ ၿမိဳ႕မရဲစခန္းကို အပ္ႏွံသြားမယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

ျမန္မာ-ထိုင္းနယ္စပ္မွာ ကိုဗစ္ကူးစက္မႈေနာက္ပိုင္း နယ္စပ္ျဖတ္ေက်ာ္မႈေတြကို ႏွစ္ႏိုင္ငံစလုံး တင္းက်ပ္ထားၿပီး ထိုင္းေရာက္ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ျမန္မာႏိုင္ငံဘက္ကို တစ္ရက္ကို အေယာက္ ၂၀၀ အထက္ တစ္ရက္ျခား ေနရပ္ျပန္ေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အလုပ္လက္မဲ့ျဖစ္သူေတြမ်ားေနၿပီး မိသားစု စားဝတ္ေနေရးအတြက္ နယ္စပ္ျဖတ္ေက်ာ္ကာ ထိုင္းႏိုင္ငံကို တစ္ရက္ အေယာက္ ၅၀ ေလာက္ တရားမဝင္ သြားေရာက္ေနၾကၿပီး အဖမ္းခံရသူရွိေနသလို လြတ္ေျမာက္ၿပီး ထိုင္းႏိုင္ငံအတြင္း အလုပ္ လုပ္ရသူေတြလည္း ရွိပါတယ္။”

DVB