မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ရသည့်အကြောင်းရင်း တယ်လီနောမြန်မာ ထုတ်ပြန်

“ဥရောပသမဂ္ဂနဲ့ နော်ဝေနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူတာတွေကို အလေးထားတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ တယ်လီနောမြန်မာ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

စစ်တပ်က ညွှန်ကြားလာတဲ့ (ကြားဖြတ်အသံဖမ်းစောင့်ကြည့်ကိရိယာ) စက်ပစ္စည်းတွေ တပ်ဆင် လိုက်မယ်ဆိုရင် ပိတ်ဆို့အရေးယူတာခံရမှာဖြစ်ပြီး ပိုင်ရှင်ဖြစ်တဲ့ တယ်လီနောလုပ်ငန်းစု အနေနဲ့ ပိတ်ဆို့တာတွေကို လိုက်နာဆောင်ရွက်ပေမဲ့

စက်ပစ္စည်းတွေ တပ်ဆင်အသုံးပြုတာ ကိုတော့ လက်ခံလုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စက်ပစ္စည်းတွေ တပ်ဆင်လိုက်ပြီလား ဆိုတာနဲ့ပတ်သက်ပြီးကတော့ တယ်လီနော လုပ်ငန်းစုအနေနဲ့ လတ်တလောထုတ်ပြန်ချက်မှာ ပြောဆိုသွားတာထက်ပိုပြီး တယ်လီနော မြန်မာ အနေနဲ့ ထပ်မံဖြည့်စွက် ပြောစရာ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လိုင်စင်ရထားတဲ့ တယ်လီနောမြန်မာအနေနဲ့ မြန်မာ့ဥပဒေတွေနဲ့ ညွှန်ကြားချက်တွေကို တသဝေမတိမ်း လိုက်နာရမှာဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေ တဲ့ အခြေအနေအရ အခက်အခဲ၊ အခြေအနေဆိုးတွေ မြင့်တက်နေတာကြောင့် တယ်လီနော လုပ်ငန်းစုဟာ တယ်လီနောမြန်မာရဲ့ ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူး လို့လည်း ဆိုပါတယ်။

ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပေမဲ့ ဘယ်နည်းလမ်းကမှ ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တာကြောင့် ရှယ်ယာတွေကိုရောင်းချတာက ထိခိုက်နစ်နာတာ အနည်းဆုံး ဖြစ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

 


တယ်လီနောမြန်မာရဲ့ ရှယ်ယာတွေအားလုံးကို M1 လုပ်ငန်းစုဆီကို ရောင်းချတာအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေပြီး ပိုင်ရှင်ပြောင်းလဲတာကြောင့် တယ်လီနောမြန်မာရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ပေးအပ်နေတဲ့ ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ပြီးတော့ လုပ်ငန်းကို အတိအလင်းရပ်လိုက်တာကလွဲလို့ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေအကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေအပါအဝင် စီးပွားရေးမိတ်ဖက်တွေနဲ့ သဘောတူညီထားတဲ့ စာချုပ်တွေအတိုင်း လက်တွဲဆက်လုပ်သွားမယ် လို့လည်း ဆိုပါတယ်။”

DVB

(ZAWGYI)

ျမန္မာျပည္မွ ထြက္ခြာရန္ ဆုံးျဖတ္ခဲ့ရသည့္အေၾကာင္းရင္း တယ္လီေနာျမန္မာ ထုတ္ျပန္

“ဥေရာပသမဂၢနဲ႔ ေနာ္ေဝႏိုင္ငံတို႔ရဲ႕ ပိတ္ဆို႔အေရးယူတာေတြကို အေလးထားတာေၾကာင့္ ျမန္မာႏိုင္ငံကေန ထြက္ခြာဖို႔ ဆုံးျဖတ္လိုက္တာလို႔ တယ္လီေနာျမန္မာ ကုမၸဏီက ထုတ္ျပန္ပါတယ္။

စစ္တပ္က ၫႊန္ၾကားလာတဲ့ (ၾကားျဖတ္အသံဖမ္းေစာင့္ၾကည့္ကိရိယာ) စက္ပစၥည္းေတြ တပ္ဆင္ လိုက္မယ္ဆိုရင္ ပိတ္ဆို႔အေရးယူတာခံရမွာျဖစ္ၿပီး ပိုင္ရွင္ျဖစ္တဲ့ တယ္လီေနာလုပ္ငန္းစု အေနနဲ႔ ပိတ္ဆို႔တာေတြကို လိုက္နာေဆာင္႐ြက္ေပမဲ့ စက္ပစၥည္းေတြ တပ္ဆင္အသုံးျပဳတာ ကိုေတာ့ လက္ခံလုပ္ေဆာင္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

စက္ပစၥည္းေတြ တပ္ဆင္လိုက္ၿပီလား ဆိုတာနဲ႔ပတ္သက္ၿပီးကေတာ့ တယ္လီေနာ လုပ္ငန္းစုအေနနဲ႔ လတ္တေလာထုတ္ျပန္ခ်က္မွာ ေျပာဆိုသြားတာထက္ပိုၿပီး တယ္လီေနာ ျမန္မာ အေနနဲ႔ ထပ္မံျဖည့္စြက္ ေျပာစရာ မရွိဘူးလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ တည္ဆဲဥပေဒေတြနဲ႔အညီ လိုင္စင္ရထားတဲ့ တယ္လီေနာျမန္မာအေနနဲ႔ ျမန္မာ့ဥပေဒေတြနဲ႔ ၫႊန္ၾကားခ်က္ေတြကို တသေဝမတိမ္း လိုက္နာရမွာျဖစ္ၿပီး လက္ရွိ ျဖစ္ေပၚေန တဲ့ အေျခအေနအရ အခက္အခဲ၊ အေျခအေနဆိုးေတြ ျမင့္တက္ေနတာေၾကာင့္ တယ္လီေနာ လုပ္ငန္းစုဟာ တယ္လီေနာျမန္မာရဲ႕ ပိုင္ရွင္အျဖစ္ ဆက္လက္ ရပ္တည္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး လို႔လည္း ဆိုပါတယ္။

ျဖစ္ႏိုင္တဲ့ နည္းလမ္းေတြကို ရွာေဖြေပမဲ့ ဘယ္နည္းလမ္းကမွ ပိုင္ရွင္အျဖစ္ ဆက္လက္ ရပ္တည္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ရွယ္ယာေတြကိုေရာင္းခ်တာက ထိခိုက္နစ္နာတာ အနည္းဆုံး ျဖစ္တာကို ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။

တယ္လီေနာျမန္မာရဲ႕ ရွယ္ယာေတြအားလုံးကို M1 လုပ္ငန္းစုဆီကို ေရာင္းခ်တာအတြက္ တည္ဆဲဥပေဒေတြနဲ႔အညီ ခြင့္ျပဳခ်က္ရဖို႔ ေဆာင္႐ြက္ေနၿပီး ပိုင္ရွင္ေျပာင္းလဲတာေၾကာင့္ တယ္လီေနာျမန္မာရဲ႕ လုပ္ငန္းလည္ပတ္မႈနဲ႔ ေပးအပ္ေနတဲ့ ဝန္ေဆာင္မႈေတြအေပၚ သက္ေရာက္မွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ေျပာဆိုထားပါတယ္။

ၿပီးေတာ့ လုပ္ငန္းကို အတိအလင္းရပ္လိုက္တာကလြဲလို႔ အလုပ္ရွင္နဲ႔ ဝန္ထမ္းေတြအၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြအပါအဝင္ စီးပြားေရးမိတ္ဖက္ေတြနဲ႔ သေဘာတူညီထားတဲ့ စာခ်ဳပ္ေတြအတိုင္း လက္တြဲဆက္လုပ္သြားမယ္ လို႔လည္း ဆိုပါတယ္။”

DVB