စားကောင်းသောမှို ဟုတ်မဟုတ် ခွဲခြားနည်း၊ မှိုနှင့်တွဲမစားသင့်သောအရာများနှင့် မှိုဆိပ်ဖြေနည်းများ

ဈေးများတွင်မှိုများလှိုင်လှိုင်ထနေသည်။မှိုကြိုက်တတ်ရင် ဒါလေးတော့ဖတ်လိုက်ပါ။

၁။ မှိုများရရှိသောအခါအရိုးကိုလက်ဖြင့်ဖျစ်ကြည့်လျှင်ကြေမွသားလျှင်မစားကောင်းပါ။စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။

၂။ မှိုပေါ်သို့ဆားအနည်းငယ်ဖြူးကြည့်လိုက်ပါမည်းသွားလျှင်မစားရပါ။စားကောင်းသောမှိုသည်ဆားထိရုံနှင့်မည်းသွားလေ့မရှိပါ။

၃။ မှိုကိုလက်ဖြင့်ဖျစ်ကြည့်လို့သွေးရောင်ပြောင်းသွားလျှင်မစားကောင်းပါ။စားကောင်းသောမှိုမှာအရောင်မပြောင်းပါ။

၅။ မှိုကိုဓားဖြင့်ဖြတ်သောအခါပြာနှမ်းသွားလျှင်မစားရပါ။စားကောင်းသောမှိုမှာမပြာနှမ်းပါ။

၆။ မှိုကိုဆားရည်တွင်စိမ်ကြည့်သောအခါနက်လာလျှင်မစားကောင်းပါ။စားကောင်းသောမှိုမှာမနက်ပါ။

၇။ အထူးသဖြင့်ခြေခြင်းပါသောမှိုများသည်မစားကောင်းပါ။ စားကောင်းသောမှိုမှာခြေခြင်းပါလေ့မရှိပါ။

မှိုနှင့်ရောစပ်မစားကောင်းသော အစာများ

၁။ ကြက်ဟင်းခါးသီး

၂။ ကွကျဥ

၃။ ခံသီး

၄။ ငှက်ပျောသီး

၅။ နို့အမျိုးမျိုး

၆။ ဖောင်စီးကဏန်း

၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။

မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့်

“မှိုတစ်နှစ် မျှစ်သုံးလ”မစားသင့်ကြောင်းရှေးလူကြီးများက ပြောလေ့ရှိသည်။

မှိုဟင်းမစားသင့်သော အခြားသူများ

ခြေအေးရွေ့အထက်သို့အခိုးတက်ပြီးဖြစ်တတ်သောနှာပိတ်၊ နှာမွှန်ရောဂါ၊နား၊မျက်စိ၊ခေါင်းကိုက်ရောဂါ၊ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည်မစားသင့်ပါ။

မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်၍တောက်ခဲ့လျှင်ထန်းလျှက်စားပေးပါ။သံပုရာရည်ကိုလျှက်ပေးပါ။မိုနတိုရွက်စိမ်းရည်ကိုတိုက်ပေးပါ။မရိုးခေါ် ဖြူကြီးအခေါက်တစ်မတ်သားခန့်သွေးရွေ့တိုက်ပါ။

ကျီးအာမြစ်ကိုဆားနှင့်သွေး၍လျှာကိုပွတ်ပေးပါ။အစာများပြန်အန်ကျလာမည်ဖြစ်သည်။ထန်းလျှက်ပြုတ်ရည်ပူပူနွေးနွေးတိုက်ပေးပါကလည်းမှိုတောက်ခြင်းအဆိပ်ဖြစ်ခြင်းမှကာကွယ်နိုင်သည်။

မှိုနှင့်ဆေးဝါး

ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ပင်ခြေမှပေါက်သောပန်းရင့်ရောင်မှိုများကိုဖဲ့ယူပြီးရေးစင်စွာဆေးရွေ့ထန်းလျှက်သို့မဟုတ်ပျားရည်ဖြင့်သေးငယ်သောအလုံးလေးများပြုလုပ်ပြီးကလေးငယ်များကိုကျွေးပါကဝမ်းတွင်းရှိသန်လုံး၊သန်ပြားနှင့်တုတ်ကောင်များနောက်တစ်နေ့ဝမ်းသွားသောအခါအထွေးလိုက်ကျဆင်းပါသည်။ဝါးမှိုဆိုရာတွင်ကြခတ်ဝါးမှိုကပိုဆေးဘက်ဝင်သည်။သို့သော်မှိုကိုသံထည်ပစည်းတို့လုံးဝမထိရန်သတိပြုရမည်။

စားကောင်းသောမှိုများ

ကောက်ရိုးမှို၊ မှိုကြက်တောင်၊ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ဖက်ဆွတ်မှို(မှိုဖြူလေး)ကြက်တူရွေးမှို၊ မှိုသားပိုက်၊မှိုဆန်ကွဲ၊မှိုကျောက်ခဲ၊မှိုခြေတံရှည်၊မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊(မှို၏ထိပ်တွင်နက်သောအကွက်လေးရှိသည်။)၊ မြက် ကြားမှို၊သပြေမှို၊မြေပဲမှို၊ဝါးမှို၊ကိုင်းမှို၊အင်မှို၊ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။

မစားကောင်းသောမှိုများ

ကြက်ခူမှို၊မှိုကွန်ခြာ၊ ခွေးလေးမှို၊နှင့်နွားခြေးမှိုတို့သည်မစားကောင်းသောမှိုများဖြစ်ကြသည်။ထို့အပြင်အချို့မှိုများမှာစားကောင်းသောမှိုဖြစ်သော်လည်းအဆိပ်သင့်စေသဖြင့်စမ်းသပ်ပြီးမှချက်စားသင့်သည်။

အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို

အဆိပ်အတောက်ရှိသောမစားကောင်းသည့်မှိုများတွင်အောက်ပါအမှတ်လက္ခဏာများပါရှိမည်ဖြစ်သည်။

၁။ မှိုကိုချိုး၍လျှာဖြင့်တို့ကြည့်ပါကအလွန်ပူပြီးငရဲမီးအနံ့ထွက်နေလျှင် မစားသင့် ပါ။

၂။ မှိုကိုချိုးလိုက်ပါကအလွန်ဖြူ၍ပျစ်သောနွားနို့ နှင့်တူသောအစေးများထွက်လာလျှင်မစားသင့် ပါ။

၃။ မှိုပေါ်တွင်ဆားအနည်းငယ်ဖြူးကြည့်ခြင်း၊ဆားရည်တွင်စိမ်ကြည့်ခြင်းဖြင့်ညို ၊ပြာ၊နက်အရောင်များဖြစ်ခဲ့သော်ထိုမှိုကိုမစားသင့်ပါ။

၄။မှို၏အရိုးတံကိုခြေကြည့်ခြင်းဖြင့်ကြွေမွသွားသော်ထိုမှိုကို မစားသင့်ပါ။

၅။ မှိုတစ်ပွင့်လုံးကိုလက်နှင့်ခြေကြည့်ခြင်းဖြင့်အနီရောင်အရည်များ ထွက်လာသော်မစားသင့်ပါ။

၆။မှို၏အရိုးကိုဓါးနှင့်ဖြတ်ကြည့်ပြီးဖြတ်စသည်ညို၊ပြာ၊သွားသော်မစားသင့်ပါ။

၇။ အဝါရောင်၊အနီရောင်၊အပြာရောင်စသည့်တောက်ပြောင် ထင်ရှားသောအရောင်များရှိသည့်မှိုကိုမစားသင့်ပါ။

၈။ မှို မျိုး မှုန် (Sponre)အစိမ်းရောင်သန်းနေလျှင်ထိုမှိုကို မစားသင့်ပါ။

၉။ ပန်းရောင်ရှိသောစပိုး(Spore)ပါရှိသည့်မှိုကိုမစားသင့်ပါ။

၁၀။ မှိုခြေကျင်းနှင့် မှိုခွက်နှစ်ခုစလုံးပါပြီးအဖြူရောင်ပါးဟက်မျိုးပါတတ်သည့်မှိုမျိုးကိုမစားသင့်ပါ။

၁၁။ ပိုးမွှားကျရောက်၍သွန်နေသောမှိုမျိုးကိုလည်းမစားသင့်ပါ။

၁၂။ သဲမြေတွင်သိပ်မဝင်သော(သို့)မြေ မျက်နှာပြင်ပေါ်တွင်ရှိသောအပွင့်သေးသည့်မှိုများကိုမစားသင့်ပါ။

၁၃။ လွန်စွာလောင်းရိပ်ကျပြီးမည်းမှောင်သောနေရာတွင်ပေါက်သည့်မှိုများကိုမစားသင့်ပါ။

၁၄။ အရွယ်မရောက်သေးသည့်မှိုလုံးကလေးများသည်မှိုအင်္ဂါရပ်များကိုအပြည့်အစုံမဖော်ပြသေးသဖြင့် စားသင့်၊မစားသင့်ကိုခွဲခြားရန်ခက်သဖြင့်ဤမှိုကိုမစားသင့်ပါ။

၁၅။ အချို့သောမှိုများသည်တစ်ဦးကိုအဆိပ်မဖြစ်စေတတ်သော်လည်းအခြားတစ်ဦးကိုမှုအဆိပ်ဖြစ်စေတတ်သဖြင့် စားနေကျမှိုမျိုးမဟုတ်လျှင်လုံးဝမစားခြင်းသည်အကောင်းဆုံး ဖြစ်သည်။

Crd-Original Post