သူတို့အဖွဲ့ကိုပြည်သူတွေလှူဒါန်းထားတဲ့ သိန်း(၅၀)ကို GZ လူငယ် PDF အဖွဲ့အတွက် ပြန်လည်လှူဒါန်းပေးလိုက်တဲ့ ဟား(၅)ကောင် အဖွဲ့သားများ

သူတို့အဖွဲ့ကိုပြည်သူတွေလှူဒါန်းထားတဲ့ သိန်း(၅၀)ကို GZ လူငယ် PDF အဖွဲ့အတွက် ပြန်လည်လှူဒါန်းပေးလိုက်တဲ့ ဟား(၅)ကောင် အဖွဲ့သားများ..

ဟားငါးကောင် လူွှင်တော်အဖွဲ့ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကနေ တော်လှန်ရေးအရေးတော်ပုံကြီးအတွက်အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေဖြစ်ကြပေမယ့် အခြေအနေအရ လက်နက်ကိုင်တော်လှန်နေသလို မြတ်နိုးရတဲ့အနုပညာအလုပ်တွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ တော်လှန်နေကြတာ တွေ့ရပါတယ်။

ကျရာတာဝန်ထမ်းရင်း ပြည်သူ့အကျိုးပြုနေကြတဲ့ သူရဲကောင်းတွေထဲမှာ အပါအဝင်ဖြစ်လာတု့ ဟားငါးကောင်ကတော့ သူတို့ကိုလှူထားတဲ့ အလှုငွေတွေကို မျိုးဆက်သစ် GZ လူငယ် PDF တွေအတွက် ပြန်လည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

တောထဲရောက်နေတဲ့ သူတို့ရဲ့ အသုံးစရိတ်အတွက် ပြည်သူတွေလှူဒါန်းထားတဲ့ ငွေသိန်း (၅၀)ကို PDF တွေအတွက် ပြန်လည်ထောက်ပံ့လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

မွန်မြတ်တဲ့စိတ်ထားတွေနဲ့ ပြည်သူအချင်းချင်း အနစ်နာခံပေးဆပ်နေကြတဲ့သူရဲကောင်းစိတ်ဓာတ်တွေကတော့ ပြည်သူတွေအဖို့ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းကြပါတယ်။

ဒီကနေ့မှာတော့ ဟားငါးကောင်အဖွဲ့ရဲ့ လှူဒါန်းမှုလေးတွေကိုလည်း အားလုံးက ဝမ်းသာအားရ ချီးကျူးနေကြတာလည်း တွေ့ရပါတယ်နော်။

Crd-Original Post

(ZAWGYI)


ဟားငါးကောင် လွှူင်တော်အဖွဲ့ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကနေ တော်လှန်ရေးအရေးတော်ပုံကြီးအတွက်အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။






Crd-Original Post