ခက်ခဲနေသူတွေ အခြေခံစီးပွားရေးလေး တစ်ခုလုပ်နိုင်ဖို့ အရင်းအနှီး စိုက်ထုတ်ပေးတဲ့ အစီအစဉ်လေးမှာ တတ်နိုင်သလောက် အလှူငွေများ ပါဝင်လှူဒါန်းပေးခဲ့တဲ့ ဆုအိမ့်စံ

ခက်ခဲနေသူတွေ အခြေခံစီးပွားရေးလေး တစ်ခုလုပ်နိုင်ဖို့ အရင်းအနှီး စိုက်ထုတ်ပေးတဲ့ အစီအစဉ်လေးမှာ တတ်နိုင်သလောက် အလှူငွေများ ပါဝင်လှူဒါန်းပေးခဲ့တဲ့ ဆုအိမ့်စံ

ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်းလေးနဲ့ ချစ်စရာကောင်းပြီး ပုရိသတွေရဲ့ အသည်းစွဲမင်းသမီးများထဲတွင် ဆုအိမ့်စံလည်းအပါအဝင်ဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးအနေနဲ့ ဆုဆုလို့ခေါ်ကြတဲ့ ဆုအိမ့်စံဟာ ဗီဒီယိုဇာတ်ကားများ၊ ကြော်ငြာများနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်ခင်အားပေးမှု အပြည့်အဝရရှိထားတဲ့သူလေးပါနော်။

အများသူငါ အပေါ်မှာလည်း ကူညီလိုစိတ် အမြဲရှိပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာလေးတွေကြောင့်လည်း အားလုံးက ဆုဆုကို ချစ်ခင်းနေကြတာပါ ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ ပါဝင် လှူဒါန်းတတ်သူ တစ်ယောက်ပါ ။အခုလည်း ကိုဝေလု စီစဉ်ထားတဲ့ ဒီလိုကာလမှာ အလုပ်အကိုင် လုပ်ကိုင်ဖို့ အခက်တွေ့နေတဲ့ ပြည်သူတွေ အတွက် အခြေခံစီးပွားရေးလေးတစ်ခုပြုလုပ်ဖို့

အရင်းအနှီး ထုတ်ပေးတဲ့ အစီအစဉ်လေးမှာ သူမအနေနဲ့ တတ်နိုင်သလောက် အလှူငွေများ ပါဝင် လှူဒါန်းခဲ့ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီးလည်း ” များများရောင်းရပါစေနော်

ဒီချိန်မှာ လူတိုင်းနီးပါး အလုပ်အကိုင်မဖြစ်ကြတော့ အခက်အခဲကတော့ကိုယ်စီပေါ့ …ကိုဝေလု က ဒီလိုလေးတော့ အစီစဉ်ရှိတယ်ဆိုလို့ ကိုယ်လည်းတက်နိုင်သလောက်လေး လှူဖြစ်တယ် စိတ်ထဲကြည်နူးမိတယ်

ဒီထက်များများလှူနိုင်အောင်ဆုတောင်းပေးကြနော် ဆုဆုလည်းကြိုးစားပါ့မယ် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Hsu Eaint San

(ZAWGYI)









Yuan – Cele Zone

Photo – Hsu Eaint San