သူတို့အပေါ် တကယ်ကောင်းတဲ့လူတွေလည်းရှိသလို စီးပွားရေးအမြတ်ထုတ်ကြတဲ့လူတွေလည်းရှိကြောင်း လွတ်မြောက်နယ်မြေတနေရာကနေရင်ဖွင့်ရေးသားလာတဲ့ မေဦး

သူတို့အပေါ် တကယ်ကောင်းတဲ့လူတွေလည်းရှိသလို စီးပွားရေးအမြတ်ထုတ်ကြတဲ့လူတွေလည်းရှိကြောင်း လွတ်မြောက်နယ်မြေတနေရာကနေရင်ဖွင့်ရေးသားလာတဲ့ မေဦး

(၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ မိတ်ကပ်မေဦးရဲ့ သူ့ရဲ့ချစ်သူ ဟန်လင်းတို့ဟာ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေပြီး PDF တွေနဲ့ စစ်ဘေးရှောင်တွေကို အများကြီးအထောက်အကူပြုကူညီပေးနေခဲ့တာ အားလုံးမျက်မြင်ပါပဲ။

လောကမှာလူကောင်းရှိသလို လူဆိုးတွေလည်းအများကြီးရှိတာမို့ မေဦးတို့ကို ကူညီသလိုနဲ့ ချောက်ချတဲ့လူမျိုးတွေကိုလည်းကြုံခဲ့ရတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်

မတရားခံရတာဟာမေဦးတို့ဖြစ်ပေမယ့် တကယ်တမ်း အများအမြင်မှာတော့ မေဦးတို့ကသာ မတရားလုပ်သူဖြစ်ခဲ့ရကြောင်းတွေလည်း အသိပေးလာခဲ့ပါတယ်

အထင်လွဲစရာ၊ စိတ်ညစ်စရာကိစ္စတွေအများကြီးဖြစ်ပြီးနောက် တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အားလုံးပြေလည်သွားခဲ့ပြီး အမှန်တကယ်မကောင်းကြံသူကိုလည်း သိရှိသွားခဲ့ပြီလို့ ဆိုပါတယ်

လက်ရှိမှာနိုင်ငံရေးအခြေအနေတွေကြောင့် သူတို့ကိစ္စတွေကို နောက်မှပဲပရိသတ်တွေဆီ အသေးစိတ်အသိပေးမယ်လို့ဆိုလာခဲ့ပါတယ်

ဒီစာကတော့ မတရားလုပ်သူရဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်သွားအောင်အသိပေးတဲ့အနေနဲ့ ရေးသားတာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်

ဘာအကျိုးမှမမျှော်ကိုးဘဲ ကူညီပေးကြတဲ့ ကရင်တိုင်းရင်းသားတွေရှိသလို သူတို့ကိုဗန်းပြပြီး အမြတ်ကြီးစားခေါင်းပုံဖြတ်သူတွေလည်းရှိကြောင်းနဲ့ လူအမျိုးမျိုးကိုကြုံခဲ့ရကြောင်းလည်း ပြောပြလာခဲ့ပါတယ်။

အမျိုးမျိုးသောဒုက္ခတွေကြုံခဲ့ရပေမယ့်လည်း သူတို့ကြိုးစားနေတာတွေကို ရပ်တန့်သွားမှာမဟုတ်ဘဲ ပြည်သူအားလုံးရဲ့ တစ်သားတည်းရပ်တည်သွားမယ်ဆိုတာ အားလုံးယုံကြည်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

သတင်းအရင်းမြစ်: May Oo’s FB Acc

(ZAWGYI)

သူတို႔အေပၚ တကယ္ေကာင္းတဲ့လူေတြလည္းရွိသလို စီးပြားေရးအျမတ္ထုတ္ၾကတဲ့လူေတြလည္းရွိေၾကာင္း လြတ္ေျမာက္နယ္ေျမတေနရာကေနရင္ဖြင့္ေရးသားလာတဲ့ ေမဦး

(၅၀၅) (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံခဲ့ရၿပီး ေဘးလြတ္ရာကိုတိမ္းေရွာင္ေနရတဲ့ မိတ္ကပ္ေမဦးရဲ႕ သူ႔ရဲ႕ခ်စ္သူ ဟန္လင္းတို႔ဟာ လြတ္ေျမာက္နယ္ေျမတစ္ခုကိုေရာက္ရွိေနၿပီး PDF ေတြနဲ႔ စစ္ေဘးေရွာင္ေတြကို အမ်ားႀကီးအေထာက္အကူျပဳကူညီေပးေနခဲ့တာ အားလုံးမ်က္ျမင္ပါပဲ။

ေလာကမွာလူေကာင္းရွိသလို လူဆိုးေတြလည္းအမ်ားႀကီးရွိတာမို႔ ေမဦးတို႔ကို ကူညီသလိုနဲ႔ ေခ်ာက္ခ်တဲ့လူမ်ိဳးေတြကိုလည္းႀကဳံခဲ့ရတဲ့ အေၾကာင္း သူ႔ရဲ႕လူမႈကြန္ယက္ကေနတဆင့္ ေျပာျပလာခဲ့ပါတယ္

မတရားခံရတာဟာေမဦးတို႔ျဖစ္ေပမယ့္ တကယ္တမ္း အမ်ားအျမင္မွာေတာ့ ေမဦးတို႔ကသာ မတရားလုပ္သူျဖစ္ခဲ့ရေၾကာင္းေတြလည္း အသိေပးလာခဲ့ပါတယ္

အထင္လြဲစရာ၊ စိတ္ညစ္စရာကိစၥေတြအမ်ားႀကီးျဖစ္ၿပီးေနာက္ တရားကိုနတ္ေစာင့္တယ္ဆိုတဲ့ စကားအတိုင္း အားလုံးေျပလည္သြားခဲ့ၿပီး အမွန္တကယ္မေကာင္းႀကံသူကိုလည္း သိရွိသြားခဲ့ၿပီလို႔ ဆိုပါတယ္

လက္ရွိမွာႏိုင္ငံေရးအေျခအေနေတြေၾကာင့္ သူတို႔ကိစၥေတြကို ေနာက္မွပဲပရိသတ္ေတြဆီ အေသးစိတ္အသိေပးမယ္လို႔ဆိုလာခဲ့ပါတယ္

ဒီစာကေတာ့ မတရားလုပ္သူရဲ႕လုပ္ရပ္ေတြ ရပ္တန္းကရပ္သြားေအာင္အသိေပးတဲ့အေနနဲ႔ ေရးသားတာျဖစ္ေၾကာင္းေျပာျပလာခဲ့ပါတယ္

ဘာအက်ိဳးမွမေမွ်ာ္ကိုးဘဲ ကူညီေပးၾကတဲ့ ကရင္တိုင္းရင္းသားေတြရွိသလို သူတို႔ကိုဗန္းျပၿပီး အျမတ္ႀကီးစားေခါင္းပုံျဖတ္သူေတြလည္းရွိေၾကာင္းနဲ႔ လူအမ်ိဳးမ်ိဳးကိုႀကဳံခဲ့ရေၾကာင္းလည္း ေျပာျပလာခဲ့ပါတယ္။

အမ်ိဳးမ်ိဳးေသာဒုကၡေတြႀကဳံခဲ့ရေပမယ့္လည္း သူတို႔ႀကိဳးစားေနတာေတြကို ရပ္တန႔္သြားမွာမဟုတ္ဘဲ ျပည္သူအားလုံးရဲ႕ တစ္သားတည္းရပ္တည္သြားမယ္ဆိုတာ အားလုံးယုံၾကည္ေၾကာင္း မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါတယ္။

သတင္းအရင္းျမစ္: May Oo’s FB Acc