မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၅သောင်း (မြန်မာငွေ သိန်းပေါင်း ၇၅၀ခန့်)လှူဒါန်းလိုက်တဲ့ နယ်သာလန်သူလေး မာယာ

မြန်မာနိုင်ငံ ရဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ နွေဦး တော် လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာသုံးဖို့ အခုဆိုရင် နယ်သာလန်မှာနေထိုင်တဲ့

နယ်သာလန်သူ မာယာဟာ ဒေါ်လာ ၅သောင်း(သိန်းပေါင်း(၇၅၀)ခန့်)ကိုအားတက် သရောလှူဒါန်း ပေးခဲ့ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဗွီဒီယိုဖိုင်နှင့်တကွ ပြောကြားခဲ့ပါတယ်။

ပြီးတော့ သူမဟာ စစ်အာဏာရှင်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများအပေါ် အလွန် အမင်းစိတ်ဆိုးကြောင်း သူ့အနေဖြင့် စိတ်ထိခိုက် ဝမ်းနည်းရကြောင်း ထို့အပြင် မြန်မာပြည်သူတို့၏ အရှုံးမပေးတဲ့စိတ်ဓာတ်ကို ချီးကျူးအားရကြောင်း

ဘယ်လောက်ကြာမလဲမသိတဲ့ ဒီတော်လှန်ရေးမှာ အဆုံးထိ အတူတကွ စည်းလုံးစွာတော်လှန်ရင်းအနိုင်ယူသွားရမည်ဖြစ်ကြောင်းအားပေးစကားပြောကြားရင်းမြန် မာပြည်သူနှင့် အတူတကွရှိနေကြောင်း ပြောကြားခဲ့ပါသည်။မန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ တစ်နေ့ထက်တစ်နေ့

အားကောင်းနေသလိုပဲ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေဆိုတာဟာလည်း ရာကျော်ရှိနေခဲ့ပါပီ။

ကျဆုံးသွားတဲ့သူရဲကောင်း တွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကို ပြည်သူများက တက်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့လှူဒါန်းနေကြပါတယ်။

ထိုပြည်သူများထဲမှ အနုပညာရှင်များဟာလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကူညီပါဝင်ထောက် ပံ့ပေးနေကြပါတယ် မြန်မာနိုင်ငံ သားတစ်ယောက် အနေနဲ့တကယ်ကိုကျေးဇူးတင်ပါတယ် အရေးတော်ပုံ အောင်ရမည်။