အစာ ရေမြိုပြွန်မပါလို့ လည်ပင်းရော ဝမ်းဗိုက်ပါ အပေါက်ဖောက်ထားရတဲ့ ကလေးငယ်လေးရဲ့ စိတ်မကောင်းစရာအဖြစ်ကို ပြောပြလာတဲ့ ဝေဠုကျော်

ကလေးငယ်လေးတွေဆိုတာ အရမ်းကို နူးညံ့သလို ဝေဒနာ တစ်ခုခုခံစား ရရင်တောင် လူကြီးတွေလို မပြောတတ်ရှာတော့ ကြိတ်မှိတ် ခံစားနရရှာမှာအမှန်ပါပဲ ။

ဒါကြောင့် လူကြီး မိဘတွေအနေနဲ့ ကလေးငယ်တွေကို မပစ်ထား သင့်ဘဲ သူတို့လေးတွေကို အမြဲ စောင့်ကြည့်ပေးရန်လိုအပ်ပါတယ် ။

အခုလည်း အစာရေမြိုပြွန်မပါလို့ လည်ပင်းရော ဝမ်းဗိုက်ပါ အပေါက်ဖောက်ထားရတဲ့ ကလေးငယ်လေးရဲ့ စိတ်မကောင်းစရာအဖြစ်ကို ဝေဠုကျော်က ရေးသားဖော်ပြထားပါတယ် ။

” အစာရေမြိုပြွန်မပါလို့ လည်ပင်းမှာလည်း အပေါက်ဖောက်ထားရသလို ဝမ်းဗိုက်ကလည်း အပေါက်ဖောက်ပြီး နိူ့ရည်သွင်းပေးနေရတယ့် သားလေးပါ။ ၂လ တစ်ကြိမ် ပိုက်လဲ ဆေးစစ်လာရာက အခု ၂နှစ်အရွယ် ရောက်လာပါပြီ။

ဒီလတော့ ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးလို့ စားဝတ်နေရေး ကြပ်တည်းရသည့်ကြား ကလေး ပိုက်က မလုံ နိူ့က ထည့်သလောက်မဝင်တော့ ဆေးရုံ သွားပြ ပြန်ချုပ်။

အိမ်ပြန်ရောက် ချုပ်ရိုးက ပြန်ပွင့် ဖြစ်နေပါတယ်။” ဆိုပြီးအကြောင်းစုံပြောပြထာူပါတယ် ။ဝေဠုကျော်လည်း ကလေးရဲ့ ဝေဒနာကို မကြည့်ရက်တာကြောင့် ဆေးဖိုးနဲ့ လိုအပ်တာတွေ ဝယ်ယူဖို့ အလှူငွေ ငါးသောင်းကို လှူဒါန်းပေးခဲ့တယ်လို့ဆိုပါတယ် ။

ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း ကလေးငယ်လေးလည်း အမြန်ရောဂါ ဝေဒနာ သက်သာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)

အစာ ေရၿမိဳႁပြန္မပါလို႔ လည္ပင္းေရာ ဝမ္းဗိုက္ပါ အေပါက္ေဖာက္ထားရတဲ့ ကေလးငယ္ေလးရဲ႕ စိတ္မေကာင္းစရာအျဖစ္ကို ေျပာျပလာတဲ့ ေဝဠဳေက်ာ္

ကေလးငယ္ေလးေတြဆိုတာ အရမ္းကို ႏူးညံ့သလို ေဝဒနာ တစ္ခုခုခံစား ရရင္ေတာင္ လူႀကီးေတြလို မေျပာတတ္ရွာေတာ့ ႀကိတ္မွိတ္ ခံစားနရရွာမွာအမွန္ပါပဲ ။

ဒါေၾကာင့္ လူႀကီး မိဘေတြအေနနဲ႔ ကေလးငယ္ေတြကို မပစ္ထား သင့္ဘဲ သူတို႔ေလးေတြကို အၿမဲ ေစာင့္ၾကည့္ေပးရန္လိုအပ္ပါတယ္ ။

အခုလည္း အစာေရၿမိဳႁပြန္မပါလို႔ လည္ပင္းေရာ ဝမ္းဗိုက္ပါ အေပါက္ေဖာက္ထားရတဲ့ ကေလးငယ္ေလးရဲ႕ စိတ္မေကာင္းစရာအျဖစ္ကို ေဝဠဳေက်ာ္က ေရးသားေဖာ္ျပထားပါတယ္ ။

” အစာေရၿမိဳႁပြန္မပါလို႔ လည္ပင္းမွာလည္း အေပါက္ေဖာက္ထားရသလို ဝမ္းဗိုက္ကလည္း အေပါက္ေဖာက္ၿပီး ႏိူ႔ရည္သြင္းေပးေနရတယ့္ သားေလးပါ။

၂လ တစ္ႀကိမ္ ပိုက္လဲ ေဆးစစ္လာရာက အခု ၂ႏွစ္အ႐ြယ္ ေရာက္လာပါၿပီ။ ဒီလေတာ့ ကပ္ေရာဂါေၾကာင့္ အလုပ္အကိုင္ရွားပါးလို႔ စားဝတ္ေနေရး ၾကပ္တည္းရသည့္ၾကား ကေလး ပိုက္က မလုံ ႏိူ႔က

ထည့္သေလာက္မဝင္ေတာ့ ေဆး႐ုံ သြားျပ ျပန္ခ်ဳပ္။ အိမ္ျပန္ေရာက္ ခ်ဳပ္႐ိုးက ျပန္ပြင့္ ျဖစ္ေနပါတယ္။” ဆိုၿပီးအေၾကာင္းစုံေျပာျပထာူပါတယ္ ။

ေဝဠဳေက်ာ္လည္း ကေလးရဲ႕ ေဝဒနာကို မၾကည့္ရက္တာေၾကာင့္ ေဆးဖိုးနဲ႔ လိုအပ္တာေတြ ဝယ္ယူဖို႔ အလႉေငြ ငါးေသာင္းကို လႉဒါန္းေပးခဲ့တယ္လို႔ဆိုပါတယ္ ။ ဒီသတင္းေလးကို ျပန္လည္ေဖာ္ျပေပးရင္း ကေလးငယ္ေလးလည္း အျမန္ေရာဂါ ေဝဒနာ သက္သာပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lu Kyaw