မိခင်ကြီးရဲ့ မွေးနေ့မှာ ပြည်သူတွေကို စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ အောင်ရေချမ်း

မိခင်ကြီးရဲ့ မွေးနေ့မှာ ပြည်သူတွေကို စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ အောင်ရေချမ်း

ပရိသတ်ကြီးရေ ပရိသတ်တွေက “ကိုတင်ဖေ”လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော အောင်ရေချမ်းကတော့ မနေ့က တော်သလင်းလပြည့်နေ့လေးမှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အောင်ရေချမ်းကတော့ မနေ့က မိခင်ကြီးရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးဖြစ်တာကြောင့် မိခင်ကြီးရဲ့ မွေးနေ့အလှူအနေနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တာပါ။

ကပ်ဘေးတွေကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးခက်ခဲနေခဲ့တာကြောင့် အောင်ရေချမ်းက ဆန်၊ဆီ စတဲ့ စားသောက်ကုန်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အလှူလေးရဲ့ ကြည်နူးဖွယ်မှတ်တမ်းပုံရိပ်လေးတွေကိုလည်း အောင်ရေချမ်းက “လပြည့်နေ့ မေမေမွေးနေ့အလှူ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ကိုတင်ဖေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Aung Yay Chan

(ZAWGYI)

မိခင္ႀကီးရဲ႕ ေမြးေန႔မွာ ျပည္သူေတြကို စားေသာက္ကုန္ေတြလႉဒါန္းေပးခဲ့တဲ့ ေအာင္ေရခ်မ္း

ပရိသတ္ႀကီးေရ ပရိသတ္ေတြက “ကိုတင္ေဖ”လို႔ ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသားေခ်ာ ေအာင္ေရခ်မ္းကေတာ့ မေန႔က ေတာ္သလင္းလျပည့္ေန႔ေလးမွာ အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

အလႉေလးကေတာ့ စားေသာက္ကုန္ေတြလႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ေအာင္ေရခ်မ္းကေတာ့ မေန႔က မိခင္ႀကီးရဲ႕ ေမြးေန႔က်ေရာက္တဲ့ ေန႔ရက္ေလးျဖစ္တာေၾကာင့္

မိခင္ႀကီးရဲ႕ ေမြးေန႔အလႉအေနနဲ႔ စားေသာက္ကုန္ေတြလႉဒါန္းေပးခဲ့တာပါ။

ကပ္ေဘးေတြေၾကာင့္ ျပည္သူေတြမွာ စားဝတ္ေနေရးခက္ခဲေနခဲ့တာေၾကာင့္ ေအာင္ေရခ်မ္းက ဆန္၊ဆီ စတဲ့ စားေသာက္ကုန္ေတြကို လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

အလႉေလးရဲ႕ ၾကည္ႏူးဖြယ္မွတ္တမ္းပုံရိပ္ေလးေတြကိုလည္း ေအာင္ေရခ်မ္းက “လျပည့္ေန႔ ေမေမေမြးေန႔အလႉ ” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ကိုတင္ေဖရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Aung Yay Chan