တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်၊ ၅၆ ဦးထပ်မံသေဆုံး

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်၊ ၅၆ ဦးထပ်မံသေဆုံး

“မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၅၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိ နိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၃၀၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၉ ဒသမ ၁၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၄၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၁၂၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၈,၁၅၈ ယောက် ရှိပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။”

DVB

(ZAWGYI)

တရက္တည္း ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၁၅၀၀ ေက်ာ္၊ ၅၆ ဦးထပ္မံေသဆုံ

“ျမန္မာႏိုင္ငံမွာ တရက္တည္း ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၁,၅၀၀ ေက်ာ္နဲ႔ ၅၆ ေယာက္ ထပ္မံေသဆုံးခဲ့တယ္လို႔ အၾကမ္းဖက္စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက စက္တင္ဘာ ၂၀ ရက္ညပိုင္းမွာ ထုတ္ျပန္ပါတယ္။

ဒီစစ္ေဆးမႈဟာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)မွာ ပါဝင္ေနၾကတဲ့ ေဆး႐ုံေတြ၊ ဓာတ္ ခြဲစမ္းသပ္ခန္းေတြ မပါဝင္ဘဲ စစ္အုပ္စုလက္ေအာက္ခံ တပ္မေတာ္ေဆး႐ုံေတြ အမ်ားစုမွာ စမ္းသပ္စစ္ေဆးခဲ့တာမို႔ ေရာဂါကူးစက္မႈ တိက်တဲ့ ပမာဏအတိုင္းအဆကိုေတာ့ မသိ ႏိုင္ေသးပါဘူး။

ဝန္ႀကီးဌာနထုတ္ျပန္ခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာ ၁၇,၃၀၉ ခု ကို စစ္ေဆးခဲ့ရာမွာ ေရာဂါကူးစက္မႈအသစ္ ၁,၅၈၅ ေယာက္ ေတြ႕ရွိခဲ့တာမို႔ ပိုးေတြ႕ႏႈန္း ၉ ဒသမ ၁၅ ရာခိုင္ႏႈန္းေက်ာ္ ရွိေနပါတယ္။

ေရာဂါျပန္လည္ေပ်ာက္ကင္းသက္သာလာလို႔ ေဆး႐ုံက ဆင္းခြင့္ရသူအေရအတြက္ကေတာ့ ၁,၉၄၈ ေယာက္ရွိေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၁၇,၁၂၉ ေယာက္နဲ႔ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၄၄၈,၁၅၈ ေယာက္ ရွိပါတယ္။

လတ္တေလာ ေရာဂါကူးစက္မႈေတြ ျမင့္တက္ေနတာေၾကာင့္ ႏိုင္ငံတဝန္း စာသင္ ေက်ာင္းေတြ ပိတ္ထားသလို ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ဖို႔ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ အခုစက္တင္ဘာလကုန္အထိ တိုးျမႇင့္သတ္မွတ္ေၾကာင္း စစ္ေကာင္စီက ေၾကညာထားပါတယ္။ ဒါ့အျပင္ ေရာဂါကူးစက္မႈမ်ားတဲ့ ႏိုင္ငံတဝန္း ၿမိဳ႕နယ္ေပါင္း ၁၂၀ ေက်ာ္ကိုလည္း Stay At Home အမိန႔္ထုတ္ထားပါတယ္။”

DVB