ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

မနီလာ၊ စက်တင်ဘာ-၂၀-၂၀၂၁

မျိုးဆက် (VOM)

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအို ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်ဖိလစ်ပိုင် သမ္မတရွေး ကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်လက်ဝဲပါတီPDP-Laban ကနေ သူ့ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဒူတာတေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သက်တမ်းမှာ သမ္မတအဖြစ် ၀င်ပြိုင်လို့မရပေမယ့် ပါတီတစ်ခုကနေ ဒုသမ္မတအဖြစ်၀င်ရာက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားတာလို့ ဝေဖန်သူတွေကဆိုပါတယ်။

ဒုသမ္မတအဖြစ် ဒူတာတေးက၀င်ရောက်ယှဉ်ပြိုင်ရာမှာ သမ္မတလောင်းအဖြစ် မိတ်ဖက်အဖြစ် သူနဲ့ရင်းနှီးတဲ့ မဟာမိတ် ဘွန်ဂိုကို ရွေးချယ်ထားပါတယ်။ ဒါပေမယ့်သူကတော့ ဒူတာတေးရဲ့ သမ္မတနေရာကို မဆက်ခံလိုဘူးလို့ဆိုပါတယ်။

သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ရွေးချယ်တဲ့ပါတီက တိုက်တွန်းထားပြီး ဆုံးဖြတ်ချက်ပြန်မပြင်ဘူးဆိုရင်တော့ ဒူတာတေးရဲ့သမီးဖြစ်သူကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှု ဖြစ်လာနိုင်ခြေရှိပါတယ်။

Ref : BBC
Photo: Reuters

(ZAWGYI)

ဖိလစ္ပိုင္လက္ေဝွ႔ေက်ာ္ ပက္ကြီအို သမၼတေ႐ြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

မနီလာ၊ စက္တင္ဘာ-၂၀-၂၀၂၁
မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္ လက္ေဝွ႔အေက်ာ္အေမာ္ ပက္ကြီအို ဟာ လာမယ့္ႏွစ္မွာ က်င္းပမယ့္ဖိလစ္ပိုင္ သမၼတေ႐ြး ေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ဖိလစ္ပိုင္လက္ဝဲပါတီPDP-Laban ကေန သူ႔ကို သမၼတေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းခဲ့တာျဖစ္ပါတယ္။ အသက္ ၄၂ ႏွစ္အ႐ြယ္ ပက္ကြီအိုဟာ လႊတ္ေတာ္အမတ္တစ္ဦးလည္း ျဖစ္ပါတယ္။

လက္ရွိသမၼတ ဒူတာေတးကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေနာက္ထပ္သက္တမ္းမွာ သမၼတအျဖစ္ ၀င္ၿပိဳင္လို႔မရေပမယ့္ ပါတီတစ္ခုကေန ဒုသမၼတအျဖစ္၀င္ရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဒါဟာ အာဏာကို ဆက္လက္ဆုပ္ကိုင္ဖို႔ ႀကိဳးစားတာလို႔ ေဝဖန္သူေတြကဆိုပါတယ္။

ဒုသမၼတအျဖစ္ ဒူတာေတးက၀င္ေရာက္ယွဥ္ၿပိဳင္ရာမွာ သမၼတေလာင္းအျဖစ္ မိတ္ဖက္အျဖစ္ သူနဲ႔ရင္းႏွီးတဲ့ မဟာမိတ္ ဘြန္ဂိုကို ေ႐ြးခ်ယ္ထားပါတယ္။ ဒါေပမယ့္သူကေတာ့ ဒူတာေတးရဲ႕ သမၼတေနရာကို မဆက္ခံလိုဘူးလို႔ဆိုပါတယ္။

သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားဖို႔ ေ႐ြးခ်ယ္တဲ့ပါတီက တိုက္တြန္းထားၿပီး ဆုံးျဖတ္ခ်က္ျပန္မျပင္ဘူးဆိုရင္ေတာ့ ဒူတာေတးရဲ႕သမီးျဖစ္သူကို သမၼတေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းမႈ ျဖစ္လာႏိုင္ေျခရွိပါတယ္။

Ref : BBC
Photo: Reuters