အလုပ်ကိစ္စနဲ့ ခရီးသွားနေရတာတောင် ရောက်တဲ့ဒေသမှာ အလှူပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အလုပ်ကိစ္စနဲ့ ခရီးတွေသွားနေခဲ့ရပါတယ်။

အခုတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက အလုပ်ကိစ္စနဲ့ မန္တလေးမြို့ကိုသွားရောက်ခဲ့ရတာဖြစ်ပြီး မန္တလေးကိုရောက်တုန်းရောက်ခိုက်မှာအလှူပြုလုပ်ခဲ့ပါသေးတယ်။

ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း ရောက်တုန်းရောက်ခိုက် အိမ်ခြေ (၂၀၀)အတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့အကြောင်း အခုလိုပဲ ဖော်ပြထားခဲ့ပါသေးတယ်။

“ချစ်သော မန္တလေ။း မန္တလေး ရောက်တုန်း (၂)နေရာခွဲ၍ အိမ်ခြေ(၂၀၀)စာ ဆန်(၃)ပြည်၊ဆီ (၁) ဗူး၊ ကြက်ဥ (၁၀)လုံး တို့ကို လှူဒါန်းခဲ့ပါတယ်ရှင်” ဆိုပြီး အလှူလေးကို အရမ်းပဲပီတိဖြစ်ရကြောင်းနဲ့ ဟန်ဆောင်မှုကင်းတဲ့ မန်းလေးသူ မန်းလေးသားတို့ကို

အရမ်းပဲ ချစ်ခင်မိကြောင်းကိုပါ ဖော်ပြထားခဲ့ပါသေးတယ်။

ခိုင်နှင်းဝေကတော့ အခုလိုအလှူပြုလုပ်နိုင်အောင် သူ့ရဲ့ပရဟိတအသင်းမှာ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရော လှူဒါန်းမှုမှာ လုပ်အားဒါနပါဝင်ကူညီပေးကြတဲ့သူတွေရော ကျေးဇူးတင်ရှိကြောင်းနဲ့ ပရိသတ်တွေလည်း ကုသိူလ်တွေထပ်တူရရှိစေဖို့

သာဓုခေါ်ဆိုပေးကြဖို့ မျှဝေထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

Source – Khine Hnin Wai

(ZAWGYI)

အလုပ္ကိစၥနဲ႔ ခရီးသြားေနရတာေတာင္ ေရာက္တဲ့ေဒသမွာ အလႉျပဳလုပ္ခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ပရဟိမင္းသမီးႀကီး ခိုင္ႏွင္းေဝကေတာ့ ၿပီးခဲ့တဲ့ ရက္အနည္းငယ္က အလုပ္ကိစၥနဲ႔ ခရီးေတြသြားေနခဲ့ရပါတယ္။

အခုတစ္ေခါက္မွာေတာ့ ခိုင္ႏွင္းေဝက အလုပ္ကိစၥနဲ႔ မႏၲေလးၿမိဳ႕ကိုသြားေရာက္ခဲ့ရတာျဖစ္ၿပီး မႏၲေလးကိုေရာက္တုန္းေရာက္ခိုက္မွာအလႉျပဳလုပ္ခဲ့ပါေသးတယ္။

ခိုင္ႏွင္းေဝက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနလည္း ေရာက္တုန္းေရာက္ခိုက္ အိမ္ေျခ (၂၀၀)အတြက္ စားေသာက္ကုန္ေတြလႉဒါန္းေပးခဲ့တဲ့အေၾကာင္း အခုလိုပဲ ေဖာ္ျပထားခဲ့ပါေသးတယ္။

“ခ်စ္ေသာ မႏၲေလ။း မႏၲေလး ေရာက္တုန္း (၂)ေနရာခြဲ၍ အိမ္ေျခ(၂၀၀)စာ ဆန္(၃)ျပည္၊ဆီ (၁) ဗူး၊ ၾကက္ဥ (၁၀)လုံး တို႔ကို လႉဒါန္းခဲ့ပါတယ္ရွင္” ဆိုၿပီး အလႉေလးကို အရမ္းပဲပီတိျဖစ္ရေၾကာင္းနဲ႔ ဟန္ေဆာင္မႈကင္းတဲ့ မန္းေလးသူ မန္းေလးသားတို႔ကို

အရမ္းပဲ ခ်စ္ခင္မိေၾကာင္းကိုပါ ေဖာ္ျပထားခဲ့ပါေသးတယ္။

ခိုင္ႏွင္းေဝကေတာ့ အခုလိုအလႉျပဳလုပ္ႏိုင္ေအာင္ သူ႔ရဲ႕ပရဟိတအသင္းမွာ ပါဝင္လႉဒါန္းေပးၾကတဲ့ အလႉရွင္ေတြေရာ လႉဒါန္းမႈမွာ လုပ္အားဒါနပါဝင္ကူညီေပးၾကတဲ့သူေတြေရာ ေက်းဇူးတင္ရွိေၾကာင္းနဲ႔ ပရိသတ္ေတြလည္း ကုသိူလ္ေတြထပ္တူရရွိေစဖို႔

သာဓုေခၚဆိုေပးၾကဖို႔ မွ်ေဝထားခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ။

Source – Khine Hnin Wai