စီးပွားလာဘ်လာဘကြွယ်ဝ စေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးနည်း

စီးပွားလာဘ်လာဘကြွယ်ဝ စေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးနည်း

မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်…။

(၁) အုန်းသီးတစ်လုံး။

(၂) ငှက်ပျောသီး(၃)ဖီး။

(၃) ကွမ်း ၊ ကွမ်းသီး ၊ ထုံး ၊ ဆေး။

(၄) သပြေပန်း။

(၅) ထီး ၊ တံခွန် ၊ ကုက္ကား ၊ မုလေးပွား ၊ ယပ် ၊ ကြက်လျှာအစုံ။

(၆) ဆီမီး (၁)တိုင်။

(၇) ရေတစ်ခွက်။

(၈) ခံတောင်း(သို့)ဇလုံတစ်ခု။

(၉) အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည်တို့ဖြစ်သည်။မိမိနေအိမ်ရှိ ဘုရားခန်း၌ ပြုလုပ်နိုင်သည်။မဟာလာဘံ ကန်တော့ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ်ရမည် မဟာလာဘံ ကန်တော့ပွဲထိုးသင့်သည့်အခြေအနေမှာ လောကီစီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သင့်သည်။

မဟာလာဘံ ကန်တော့ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့် အရည်အသွေးမှာ ယောကျာ်း|မိန်းမ မရွေးပြုလုပ်နိုင်သော်လည်းအကျင့်မှန်ကန်၍ စိတ်တည်ငြိမ်သူဖြစ်ကာ လောကီအတတ်ပညာအား တတ်မြောက်ထားသူဖြစ်ပါက ပို၍သင့်လျော်ပေသည်…။

မဟာလာဘံကန်တော့ပွဲထိုးခြင်း အကျိုးတရားက ဤကန်တော့ပွဲသည် စီးပွားလာဘ်လာဘနှင့်ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သော ကန် တော့ ပွဲဖြစ်ခြင်းကြောင့်

(၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း

(၂)မျက်နှာပွင့်လန်းခြင်း

(၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်းစသည့်

အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်…။မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲတွင် ထီး|တံခွန်|ယပ် တို့က ဝဲဘက်မှာထားပြီး ကုက္ကား ၊မုလေးပွားတို့ကို ယာဘက်တွင်ထားပြီး အုန်းညှာတံကို မိမိ၏ ဝဲဘက်၌ထားရှိရမည်။မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်းသည်(၅)ရက်ထားရပါသည်…။

Crd-Original Post

(ZAWGYI)

စီးပြားလာဘ္လာဘႂကြယ္ဝ ေစရန္ မဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲ ထိုးနည္း

စီးပြားလာဘ္လာဘႂကြယ္ဝ ေစရန္ မဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲ ထိုးနည္းမဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲထိုးရာ၌ ေအာက္ေဖာ္ျပပါ ကန္ေတာ့ပြဲသုံး ပစၥည္းမ်ားအား အသုံးျပဳရမည္…။

(၁) အုန္းသီးတစ္လုံး။

(၂) ငွက္ေပ်ာသီး(၃)ဖီး။

(၃) ကြမ္း ၊ ကြမ္းသီး ၊ ထုံး ၊ ေဆး။

(၄) သေျပပန္း။

(၅) ထီး ၊ တံခြန္ ၊ ကုကၠား ၊ မုေလးပြား ၊ ယပ္ ၊ ၾကက္လွ်ာအစုံ။

(၆) ဆီမီး (၁)တိုင္။

(၇) ေရတစ္ခြက္။

(၈) ခံေတာင္း(သို႔)ဇလုံတစ္ခု။

(၉) အျခားလႉဒါန္းဖြယ္ရာ ပစၥည္းမ်ား စသည္တို႔ျဖစ္သည္။မိမိေနအိမ္ရွိ ဘုရားခန္း၌ ျပဳလုပ္ႏိုင္သည္။မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ အခ်ိန္ကာလမွာ နံနက္ပိုင္းျဖစ္ရမည္ မဟာလာဘံ ကန္ေတာ့ပြဲထိုးသင့္သည့္အေျခအေနမွာ ေလာကီစီးပြားႏွင့္ ဓနစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္သင့္သည္။

မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ ပုဂၢိဳလ္အမ်ိဳးအစားႏွင့္ အရည္အေသြးမွာ ေယာက်ာ္း|မိန္းမ မေ႐ြးျပဳလုပ္ႏိုင္ေသာ္လည္းအက်င့္မွန္ကန္၍ စိတ္တည္ၿငိမ္သူျဖစ္ကာ ေလာကီအတတ္ပညာအား တတ္ေျမာက္ထားသူျဖစ္ပါက ပို၍သင့္ေလ်ာ္ေပသည္…။

မဟာလာဘံကန္ေတာ့ပြဲထိုးျခင္း အက်ိဳးတရားက ဤကန္ေတာ့ပြဲသည္ စီးပြားလာဘ္လာဘႏွင့္ဓနဥစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္ေသာ ကန္ ေတာ့ ပြဲျဖစ္ျခင္းေၾကာင့္

(၁)စီးပြားဥစၥာ ႂကြယ္ဝျခင္း

(၂)မ်က္ႏွာပြင့္လန္းျခင္း

(၃)ေငြေၾကးလုံးဝျပတ္လပ္သြားမႈမရွိျခင္းစသည့္

အက်ိဳးတရားမ်ား ရရွိခံစားရမည္ ျဖစ္ပါသည္…။မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲတြင္ ထီး|တံခြန္|ယပ္ တို႔က ဝဲဘက္မွာထားၿပီး ကုကၠား ၊မုေလးပြားတို႔ကို ယာဘက္တြင္ထားၿပီး အုန္းညႇာတံကို မိမိ၏ ဝဲဘက္၌ထားရွိရမည္။မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲထိုးလွ်င္ (၁)ပြဲသာထိုးရၿပီး ပြဲသက္တမ္းသည္(၅)ရက္ထားရပါသည္…။