ကပ်ကြီးသုံးပါး_ကျော်လွှားနိုင်စေဖို့

ကပ်ကြီးသုံးပါး_ကျော်လွှားနိုင်စေဖို့

၁။ သူတကာတွေ လောဘ ကြီးသော်လည်း
မိမိက လောဘ မကြီးအောင် နေပါ။

ထိုသို့နေလျှင် သူတကာ ငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရကပ်)ဘေး သင့်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။

၂။ သူတကာတွေ ဒေါသ ကြီးသော်လည်း
မိမိက ဒေါသ မကြီးအောင် နေပါ။

ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုးအန္တရာယ်
(သတ္တန္တရကပ်) ဆိုက်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။

၃။ သူတကာတွေ မောဟ ကြီးသော်လည်း
မိမိက မောဟ မကြီးအောင် နေပါ။

ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး(ရောဂန္တရကပ်) ဆိုက်ရောက်သော်လည်း မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။

ဤကား…
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်ပါသည်။

ယနေ့၊ ယခု မျက်မှောက် အချိန်အခါသည်ကား ထို သြဝါဒ အတိုင်း လိုက်နာကျင့်သုံးရန် အချိန်တန်နေပြီ ဖြစ်၍ –

(၁) လောဘ မကြီးရန် မိမိ တတ်နိုင်သမျှ
စွန့်ကြဲပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)

(၂) ဒေါသ မကြီးရန် သတ္တဝါ အားလုံးတို့အား
မေတ္တာတရား ပွားများ ပို့သပါ။ (မေတ္တာဘာဝနာ)

(၃) မောဟ မကြီးရန် ရုပ်၊ နာမ် ဓမ္မ သင်္ခါရ တို့၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော တို့ကို

အချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ) တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက #ကျေးဇူးတော်ရှင်_မင်းကွန်းဆရာတော်ဘုရားကြီး
Crd-Original Post