စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ လုပ်နေသမျှကုသိုလ်အလုပ်တွေ အကျိုးပေးမကြီးမားကြောင်း သိထားပါ
စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ လုပ်နေသမျှကုသိုလ်အလုပ်တွေ အကျိုးပေးမကြီးမားကြောင်း သိထားပါ
(၁)အလှူအတန်းတွေဘယ်လောက်လုပ်လုပ်
(၂)တရားစခန်းတွေဘယ်လောက်သွားသွား
(၃)ပဌာန်းပရိတ်တွေဘယ်လောက်ရွတ်ရွတ်
(၄)ဓမ္မစင်္ကြာတွေဘယ်လောက်ရွတ်ရွတ်
(၅)မဟာသမယသုတ်ကိုဘယ်နှစ်ကြိမ် ရွတ်ပြီးသည်ဟုဆိုဆို
(၆)ပဌာန်း ၅ ကျမ်းလုံးကို ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည်ဖြစ်ဖြစ်
(က)တစ်ဖက်လူအကျိုးယုတ်အောင် မြှောက်ပင့်ပေးတတ်သူဆိုပါက
(ခ)မကောင်းသည့်ကိစ္စကိုလုပ်ဖို့ တိုက်တွန်း ပေးတတ်သူဆိုပါက
(ဂ)သင့်မြတ်နေသူတို့ကို မသိမသာ…. ရန်တိုက်ပေးတတ်သူဆိုပါက ရန်ထောင်ပေးတတ်သူဆိုပါက စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက အယုံအကြည်မဲ့အောင်လျှောက်ပြော တတ်သူဆိုပါက… သူယုတ်မာအဆင့်မျိုးသာရှိသေးကြောင်းသိထားပါ။
ထို့ကြောင့် စိတ်ကောင်းရှိဖို့ပထမဟုသူတော်ကောင်းတို့ဆုံးမခဲ့ပါသည်။ စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ….
လုပ်နေသမျှကုသိုလ်အလုပ်တွေ အကျိုးပေးမကြီးမားကြောင်း သိထားပါ။
ထို့ကြောင့် စိတ်ကောင်းထားပါ။ စိတ်ထားကောင်းပါ။မြင့်မြတ်သောစိတ် မွေးမြူကျင့်ကြံပါ။
Crd-Original Post
(ZAWGYI)
Crd-Original Post