အရေးအခင်း ကာလမှာ မလှူသင့်တဲ့ အလှူတစ်ခုကို လှူခဲ့ဖူးတဲ့ မို့မို့မြင့်အောင်

အရေးအခင်း ကာလမှာ မလှူသင့်တဲ့ အလှူတစ်ခုကို လှူခဲ့ဖူးတဲ့ မို့မို့မြင့်အောင်

မို့မို့မြင့်အောင်ဆိုတဲ့ မင်းသမီးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ၈၈ ကိုမှီခဲ့တဲ့ လူကြီးတွေကတော့ သူမကိုအားမပေးကြပါဘူးဘာကြောင့်လဲဆိုတော့ သူမက ၈၈အရေးအခင်းအဖမ်းခံရသူတွေအတွက်လက် ထိတ်တွေခြေချင်းတွေတောင်ဝယ်လှူခဲ့သေးတယ်။

အဲဒီအလှူ လုပ်ပြီးမကြာခင်မှာပဲ သူ့အမျိုးသားလေဖြတ်ခံရတာဖြစ်ပါတယ်။

မို့မို့မြင့်အောင်ဆိုတာ ၁၉၈၈တုန်းက စစ်အာဏာရှင်တွေဟာ သူတို့ကိုလက်နက်မဲ့ တော်လှန်ဆန့်ကျင်ကြတဲ့ တနိုင်ငံလုံးက ပြည်သူတွေကို ကမ္ဘာကျော် သတ် ဖြတ် မှုကြီးကျူးလွန်နေပြီး စစ်ဘိနပ်နဲ့

နင်းအုပ်ချုပ်နေတဲ့အချိန် ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းပြီး

ပြည်သူတွေဟာတဘက်မှာလက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေတဲ့အချိန် ၊ ပြည်သူတွေဟာ စစ်အုပ်စု စစ်တပ်ကို အရမ်းရွံမုန်းဒေါသထွက်နေတဲ့ အချိန် ၊ဒီလိုအချိန်မှာ ထိုအချိန်က နံမယ်ကျော်ကြားနေတဲ့ မို့မို့မြင့်အောင်ဟာ ရှေ့တန်းမှာ တော်လှန်ရေးရဲဘော်တွေကိုတိုက်ခိုက်နေတဲ့ စစ်တပ်ကို ထောက်ခံကြောင်း သဝဏ်လွှာတစောင်ပို့ခဲ့တယ်။

ဒီသဝဏ်လွှာကိုစစ်အာဏာရှင်တွေက ကောင်းကောင်းအသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတော့တယ်။

မို့မို့မြင့်အောင်လောက်တောင် တိုင်းပြည်အပေါ်ချစ်မြတ်နိုးမှုမရှိကြောင်း သူတို့သိမ်းထားတဲ့သတင်းစာတွေ ကနေ သိက္ခာချေတာ့တယ်။ဒေါ်အောင်ဆန်းစုကြည်က တော့ တခွန်းထည်းပဲပြောတယ် ၊မို့မို့မြင့်အောင်လိုတော့ ရှေ့တန်းမှာတိုက်နေရတဲ့စစ်သားလေးတွေကိုသဝဏ်လွှာမပို့ဘူး။သူကိုယ်တိုင်အဲဒီတိုက်ပွဲတွေဖြစ်နေတဲ့

ရှေ့တန်းစစ်မျက်နှာကို သွားပြီး စစ်သား လေးတွေကို နှစ်သိမ့်မှုပေးမယ် ၊သူ့ကိုရှေ့တန်းစစ်ဖြစ်တဲ့နေရာကိုသွားခွင့်ပေးပါလို့ ပြောလိုက်တယ်။

စစ်အာဏာရှင်တွေလဲ ရူးသလိုပေါသလိုနဲ့ မသိချင်ယောင်ဆောင်နေလိုက်‌ တော့တယ်။အဲဒီထဲက မို့မို့မြင့်အောင်ကိုပြည်သူတွေက ရွံခဲ့ကြတာ အခုအထိပါပဲ ဒါသူ့ရဲ့သမိုင်းတခု ၊‌ ၈၈ကိုမမီလိုက်တဲ့လူငယ်တွေ သိအောင်ပါ ၊သမိုင်းကိုလေ့လာသင်ကြားကြပါ။မသိရင် ‘အ’မယ် ‘အ’ရင် အလိမ်ခံရမယ်။

Crd-Original Post