“ကျည်ထိမှန်လို့ ကွယ်လွန်သွားတဲ့အပြင် လက်ပါအဖြတ်ခံရပြီးဝတ်ထားတဲ့ ရွှေလက်စွပ်ပါ အခိုးခံရတဲ့ ထန်တလန်မြို့က သင်းအုပ်ဆရာတော်ရဲ့ ရင်နင့်စရာအဖြစ်အပျက်”

လတ်တလော နေရာဒေသတချို့တွေမှာ တိုက်ပွဲတွေပိုမိုဖြစ်ပွားလာခဲ့ပြီး လူနေအိမ်များပျက်စီးခဲ့ရတဲ့အပြင် လူသေဆုံးမှုတွေပါ ရှိလာခဲ့ပါတယ်။စတင်ဘာလ(၁၈) ရက် ယမန်နေ့ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့က စိတ်မကောင်းစရာ သတင်းတစ်ခုထပ်မံ ကြားသိရပါတယ်။

ဒါကတော့ ထန်တလန်မြို့အတွင်းက (၁)ရပ်ကွက်မှာ နှစ်ဖက်တပ်တွေ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင်း လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ နေအိမ်များမီးလောင်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရပါတယ်။

ဒါ့အပြင် ထန်တလန်မြို့ TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် Pastor Biak Kolh လည်း မီးလောင်စဉ် မီးငြိမ်းဖို့သွားနေရင်း သေနက်ပစ်ခံရပြီးကျောင်းလမ်းရပ်ကွက်လမ်းဘေးက သွေးအိုင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သင်းအုပ်ဆရာတော် Pastor Biak Kolh ကွယ်လွန်သွားချိန်မှာတော့ ဇနီးဖြစ်သူနဲ့ လူမယ်အရွယ် သားလေး(၂)ယောက်လည်း ကျန်ရှိနေခဲ့တယ်လို့ ကြားသိရပါတယ်။

ပိုပြီးစိတ်မကောင်းစရာ သတင်းကတော့သင်းအုပ်ဆရာတော် Pastor Biak Kolh ဟာ သေနက်အပစ်ခံရပြီး ကွယ်လွန်သွားချိန်မှာ ၎င်းရဲ့ ၎င်းဘယ်ဘက် လက်‌ချောင်းကိုဖြတ်ကာလက်ထပ် ရွှေလက်စွပ်ကို ခိုးယူသွားကြတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

Crd-Original Post

(ZAWGYI)

“က်ည္ထိမွန္လို႔ ကြယ္လြန္သြားတဲ့အျပင္ လက္ပါအျဖတ္ခံရၿပီးဝတ္ထားတဲ့ ေ႐ႊလက္စြပ္ပါ အခိုးခံရတဲ့ ထန္တလန္ၿမိဳ႕က သင္းအုပ္ဆရာေတာ္ရဲ႕ ရင္နင့္စရာအျဖစ္အပ်က္”

လတ္တေလာ ေနရာေဒသတခ်ိဳ႕ေတြမွာ တိုက္ပြဲေတြပိုမိုျဖစ္ပြားလာခဲ့ၿပီး လူေနအိမ္မ်ားပ်က္စီးခဲ့ရတဲ့အျပင္ လူေသဆုံးမႈေတြပါ ရွိလာခဲ့ပါတယ္။စတင္ဘာလ(၁၈) ရက္ ယမန္ေန႔ကလည္း ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕က စိတ္မေကာင္းစရာ သတင္းတစ္ခုထပ္မံ ၾကားသိရပါတယ္။

ဒါကေတာ့ ထန္တလန္ၿမိဳ႕အတြင္းက (၁)ရပ္ကြက္မွာ ႏွစ္ဖက္တပ္ေတြ အျပန္အလွန္ပစ္ခတ္ၿပီး တိုက္ပြဲျဖစ္ပြားမႈေၾကာင္း လူေနအိမ္တခ်ိဳ႕ မီးေလာင္ပ်က္စီးခဲ့ရပါတယ္။.

အျပန္အလွန္ ပစ္ခတ္မႈေတြနဲ႔ ေနအိမ္မ်ားမီးေလာင္ခဲ့တာေၾကာင့္ ေဒသခံျပည္သူအမ်ားအျပားဟာ ေဘးလြတ္ရာသို႔ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ၾကားသိရပါတယ္။ဒါ့အျပင္ ထန္တလန္ၿမိဳ႕ TCBC အသင္းေတာ္ရဲ႕ သင္းအုပ္ဆရာေတာ္ Pastor Biak Kolh လည္း မီးေလာင္စဥ္ မီးၿငိမ္းဖို႔သြားေနရင္း ေသနက္ပစ္ခံရၿပီးေက်ာင္းလမ္းရပ္ကြက္လမ္းေဘးက ေသြးအိုင္ထဲမွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။

သင္းအုပ္ဆရာေတာ္ Pastor Biak Kolh ကြယ္လြန္သြားခ်ိန္မွာေတာ့ ဇနီးျဖစ္သူနဲ႔ လူမယ္အ႐ြယ္ သားေလး(၂)ေယာက္လည္း က်န္ရွိေနခဲ့တယ္လို႔ ၾကားသိရပါတယ္။

ပိုၿပီးစိတ္မေကာင္းစရာ သတင္းကေတာ့သင္းအုပ္ဆရာေတာ္ Pastor Biak Kolh ဟာ ေသနက္အပစ္ခံရၿပီး ကြယ္လြန္သြားခ်ိန္မွာ ၎ရဲ႕ ၎ဘယ္ဘက္ လက္‌ေခ်ာင္းကိုျဖတ္ကာလက္ထပ္ ေ႐ႊလက္စြပ္ကို ခိုးယူသြားၾကတယ္လို႔ သတင္းမ်ား ထြက္ေပၚလာခဲ့ပါတယ္။

Crd-Original Post