အောက်ခြေ စစ်သားနှင့်ရဲများ CDM မပြုလုပ်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်များ နယ်လှည့်ကာ တလှည့်စီလိုက်လံရှင်းပြနေရ

စစ်ကောင်စီမှ ၄င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင် များဖြစ်သည့် အောက်ခြေစစ်သားနှင့် ရဲများ CDMပြုလုပ်မည်ကိုစိုးရိမ်နေပြီး စစ်ခေါင်း ဆောင်များမှ ဒေသအလိုက်ခွဲ၍ တလှည့်စီ လိုက် လံရှင်းပြနေကြောင်း ရဲတပ်ဖွဲ့နှင့်စစ်တပ်အသိုင်း အဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၃ ရက်နေ့မှ စ၍ အာဏာသိမ်းစစ်ခေါင်းဆောင်မှ မန္တလေးတိုင်း ၊ ကချင်ပြည်နယ် အတွင်းမြို့များရှိ စစ်တပ်မိသား စုများ သို့စည်းရုံးရေးဆင်းနေရပြီး၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်မှလည်း ယမန်နေ့စက်တင်ဘာ ၁၈ ရက်နေ့က

စစ်ဘကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံ အ နောက်မြောက်ဒေသတိုင်းအတွင်းရှိမြို့များမှ ရဲ တပ်ဖွဲ့ဝင်များသို့လည်းကောင်း အသီးသီးလိုက် လံရှင်းပြနေရကြောင်း သိရသည်။စစ်အာဏာသိမ်းခေါင်းဆောင်များမှ ၄င်းတို့အနေဖြင့် ရွေး ကောက်ပွဲမဲမသမာမှုများကြောင့် နိုင်ငံတော်အာဏာအား

ခေတ္တထိန်းသိမ်း ထားခြင်းသာဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လာသဖြင့် ထိန်း သိမ်းသည့် သဘောဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းသာဖြစ်ကြောင်း စသည့်စကားရပ်များအသုံးပြု၍ ၄င်းတို့၏တပ်ဖွဲ့ဝင်များအား ဒေသအနှံ့လိုက်လံရှင်းပြနေရကြောင်းသိရသည်။

”မနေ့က ဝန်ကြီးလာတွေ့တယ်။ တခြားထွေ ထွေ ထူးထူးတော့မဟုတ်ပါဘူး။ ဓာတ်ပြားဟောင်းတွေပါဘဲ။ ဒီဘက်က တိုက်ပွဲပြင်း ထန်နေတော့ သူ့မျက်နှာလာပြတဲ့သဘောပါ ။”ဟု စစ်ကိုင်း တိုင်းရဲတပ်ဖွဲ့ဝင်တဦးက MPAသို့ပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်မှ ၄င်းတို့တပ်ဖွဲ့အတွင်း ရေတပ်သို့ရေချုပ်၊ လေတပ်သို့လေချုပ်စသဖြင့် တပ်ဖွဲ့အလိုက်အကြီးဆုံးပုဂ္ဂိုလ်များအသုံးပြု၍ ပြောဆိုစည်းရုံးနေပြီး ၄င်းတို့လက်လှမ်းမမီသည့် ဒေသများသို့ သက်ဆိုင်ရာစစ်တိုင်းမှူးများ စေလွှတ်၍ အလှည့်ကျ စည်းရုံးပြောဆိုနေရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲချုပ်-၂ ရဲဗိုလ်ချုပ်အောင်နိုင်သူ ကိုယ်တိုင်ဆင်း၍ ကွပ်ကဲနေရပြီး ထူးချွန်ရဲတပ်ဖွဲ့ဝင်များအားလည်း ဆုချီးမြှင့်မှုများပြလုပ်နေကြောင်း သိရသည်။

MPA

Crd-Original Post

(ZAWGYI)

ေအာက္ေျခ စစ္သားႏွင့္ရဲမ်ား CDM မျပဳလုပ္ေရး အာဏာသိမ္းစစ္ေခါင္းေဆာင္မ်ား နယ္လွည့္ကာ တလွည့္စီလိုက္လံရွင္းျပေနရ

စစ္ေကာင္စီမွ ၄င္းတို႔၏လက္ေအာက္ခံတပ္ဖြဲ႕ဝင္ မ်ားျဖစ္သည့္ ေအာက္ေျခစစ္သားႏွင့္ ရဲမ်ား CDMျပဳလုပ္မည္ကိုစိုးရိမ္ေနၿပီး စစ္ေခါင္း ေဆာင္မ်ားမွ ေဒသအလိုက္ခြဲ၍ တလွည့္စီ လိုက္ လံရွင္းျပေနေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္စစ္တပ္အသိုင္း အဝိုင္းထံမွ သိရသည္။

ၿပီးခဲ့သည့္စက္တင္ဘာလ ၁၃ ရက္ေန႔မွ စ၍ အာဏာသိမ္းစစ္ေခါင္းေဆာင္မွ မႏၲေလးတိုင္း ၊ ကခ်င္ျပည္နယ္ အတြင္းၿမိဳ႕မ်ားရွိ စစ္တပ္မိသား စုမ်ား သို႔စည္း႐ုံးေရးဆင္းေနရၿပီး၊ စစ္ေကာင္စီ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ ႀကီး စိုးထြဋ္မွလည္း ယမန္ေန႔စက္တင္ဘာ ၁၈ ရက္ေန႔က စစ္ဘကိုင္းတိုင္းအပါအဝင္ ျမန္မာႏိုင္ငံ အ ေနာက္ေျမာက္ေဒသတိုင္းအတြင္းရွိၿမိဳ႕မ်ားမွ ရဲ တပ္ဖြဲ႕ဝင္မ်ားသို႔လည္းေကာင္း အသီးသီးလိုက္ လံရွင္းျပေနရေၾကာင္း သိရသည္။

စစ္အာဏာသိမ္းေခါင္းေဆာင္မ်ားမွ ၄င္းတို႔အေနျဖင့္ ေ႐ြး ေကာက္ပြဲမဲမသမာမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္အာဏာအား ေခတၱထိန္းသိမ္း ထားျခင္းသာျဖစ္ေၾကာင္း၊ စစ္အာဏာသိမ္းၿပီးေနာက္ ဆူပူဆႏၵျပမႈမ်ားျဖစ္ေပၚလာသျဖင့္ ထိန္း သိမ္းသည့္ သေဘာျဖင့္ ပစ္ခတ္ၿဖိဳခြင္းျခင္းသာျဖစ္ေၾကာင္း စသည့္စကားရပ္မ်ားအသုံးျပဳ၍ ၄င္းတို႔၏တပ္ဖြဲ႕ဝင္မ်ားအား ေဒသအႏွံ႔လိုက္လံရွင္းျပေနရေၾကာင္းသိရသည္။

”မေန႔က ဝန္ႀကီးလာေတြ႕တယ္။ တျခားေထြ ေထြ ထူးထူးေတာ့မဟုတ္ပါဘူး။ ဓာတ္ျပားေဟာင္းေတြပါဘဲ။ ဒီဘက္က တိုက္ပြဲျပင္း ထန္ေနေတာ့ သူ႔မ်က္ႏွာလာျပတဲ့သေဘာပါ ။”ဟု စစ္ကိုင္း တိုင္းရဲတပ္ဖြဲ႕ဝင္တဦးက MPAသို႔ေျပာသည္။

ထို႔ျပင္ စစ္ေကာင္စီဘက္မွ ၄င္းတို႔တပ္ဖြဲ႕အတြင္း ေရတပ္သို႔ေရခ်ဳပ္၊ ေလတပ္သို႔ေလခ်ဳပ္စသျဖင့္ တပ္ဖြဲ႕အလိုက္အႀကီးဆုံးပုဂၢိဳလ္မ်ားအသုံးျပဳ၍ ေျပာဆိုစည္း႐ုံးေနၿပီး ၄င္းတို႔လက္လွမ္းမမီသည့္ ေဒသမ်ားသို႔ သက္ဆိုင္ရာစစ္တိုင္းမႉးမ်ား ေစလႊတ္၍ အလွည့္က် စည္း႐ုံးေျပာဆိုေနရေၾကာင္း သိရသည္။

ရန္ကုန္တိုင္းအတြင္းလည္း ရဲတပ္ဖြဲ႕အႀကီးအကဲ ဒုတိယရဲခ်ဳပ္-၂ ရဲဗိုလ္ခ်ဳပ္ေအာင္ႏိုင္သူ ကိုယ္တိုင္ဆင္း၍ ကြပ္ကဲေနရၿပီး ထူးခြၽန္ရဲတပ္ဖြဲ႕ဝင္မ်ားအားလည္း ဆုခ်ီးျမႇင့္မႈမ်ားျပလုပ္ေနေၾကာင္း သိရသည္။

MPA

Crd-Original Post