YBSယာဉ်များတွင် ယာဉ်အကူလိုက်ပါကာ ယာဉ်စီးခများ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံနေမှုကို ယနေ့စတင်အရေးယူပြီ

စက်တင်ဘာ ၂၀

ယနေ့စက်တင်ဘာ ၂၀ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) အောက်ရှိ YBS ယာဉ်များပေါ်တွင်ယာဉ်အကူလိုက်ပါလာကာ ယာဉ်စီးခသတ်မှတ်နှုန်းထားများ ပိုမိုတောင်းခံနေခြင်းကို YRTC ယာဉ်စည်းကမ်းထိန်းသိမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စတင်အရေးယူပြီဖြစ်ကြောင်း YRTCရုံးမှသိရပါတယ်။

ခရီးသည်ပိုက်ဆံထည့်တဲ့ပုံးတွေကိုပိတ်ပြီး အကူလူတွေကသတ်မှတ်နှုန်းထက် ငွေပိုတောင်းကြတယ်။ကိုဗစ်ကပ်ရောဂါနဲ့အတူ စက်သုံးဆီဈေးတွေတက်တဲ့အပေါ်မူတည်ပြီး ခရီးသည်တွေဆီကသတ်မှတ်နှုန်းထက် ပိုတောင်းတဲ့ဖြစ်စဉ်တွေ နေ့စဉ်တိုင်တန်းမှုပိုများလာတယ်လို့ YRTCမှတွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မန် ပြောကြားထားမှုများရှိပါတယ်။

အထူးသဖြင့် YBS ယာဉ်များကို သတ်မှတ်မူရင်းလမ်းကြောင်းအတိုင်း မမောင်းနှင်ဘဲ အကြောင်းတစ်စုံတစ်ရာမရှိဘဲ လမ်းကြောင်းပြောင်း မောင်းနှင်ခြင်းများ၊ မှတ်တိုင်မရပ်ခြင်းများ၊ ယာဉ်စီးခပိုတောင်းခြင်းများကို ကြပ်မတ်စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။

ယနေ့စတင်စစ်ဆေးအရေးယူမည့်အစီအစဉ်တွင် ယာဉ်စီးခသတ်မှတ်နှုန်းထက်ပိုကောက်ခံမှုများ၊ YBS ယာဉ်များ ဂိတ်ရင်း၊ဂိတ်ဖျားများမှ ဂိတ်လွှတ်စနစ် မှန်ကန်မှုရှိ၊ မရွိ၊ နေ့စဉ်ထွက်ယာဉ်စာရင်းများ၊ ယူနီဖောင်း၀တ်ဆင်ခြင်း၊ ယာဉ်မောင်းလိုင်စင်ရှိ မရှိ ၊အရက်သေစာသောက်စားခြင်းရှိ၊

မရှိတို့အပြင် သတ်မှတ်လမ်းကြောင်းမောင်းနှင်ခြင်း ရှိ မရှိ စသဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေများနှင့် စက်သုံးဆီဈေးမြင့်တက်နေမှုအပေါ်မူတည်ပြီးလည်း YBS သတ်မှတ်နှုန်းထားများ ထပ်မံညှိနှိုင်းအတည်ပြုရန်ရှိနေကြောင်း YRTCမှဆိုထားပါတယ်။

Crd-Original Post

(ZAWGYI)

YBSယာဥ္မ်ားတြင္ ယာဥ္အကူလိုက္ပါကာ ယာဥ္စီးခမ်ား သတ္မွတ္ႏႈန္းထားထက္ ပိုေကာက္ခံေနမႈကို ယေန႔စတင္အေရးယူၿပီ

စက္တင္ဘာ ၂၀

ယေန႔စက္တင္ဘာ ၂၀ရက္မွစတင္ကာ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) ေအာက္ရွိ YBS ယာဥ္မ်ားေပၚတြင္ယာဥ္အကူလိုက္ပါလာကာ ယာဥ္စီးခသတ္မွတ္ႏႈန္းထားမ်ား ပိုမိုေတာင္းခံေနျခင္းကို YRTC ယာဥ္စည္းကမ္းထိန္းသိမ္း စစ္ေဆးေရးအဖြဲ႕ျဖင့္ စတင္အေရးယူၿပီျဖစ္ေၾကာင္း YRTC႐ုံးမွသိရပါတယ္။

ခရီးသည္ပိုက္ဆံထည့္တဲ့ပုံးေတြကိုပိတ္ၿပီး အကူလူေတြကသတ္မွတ္ႏႈန္းထက္ ေငြပိုေတာင္းၾကတယ္။ကိုဗစ္ကပ္ေရာဂါနဲ႔အတူ စက္သုံးဆီေဈးေတြတက္တဲ့အေပၚမူတည္ၿပီး ခရီးသည္ေတြဆီကသတ္မွတ္ႏႈန္းထက္ ပိုေတာင္းတဲ့ျဖစ္စဥ္ေတြ ေန႔စဥ္တိုင္တန္းမႈပိုမ်ားလာတယ္လို႔ YRTCမွတြဲဖက္အတြင္းေရးမႉး ဦးလ်င္က်င့္မန္ ေျပာၾကားထားမႈမ်ားရွိပါတယ္။

အထူးသျဖင့္ YBS ယာဥ္မ်ားကို သတ္မွတ္မူရင္းလမ္းေၾကာင္းအတိုင္း မေမာင္းႏွင္ဘဲ အေၾကာင္းတစ္စုံတစ္ရာမရွိဘဲ လမ္းေၾကာင္းေျပာင္း ေမာင္းႏွင္ျခင္းမ်ား၊ မွတ္တိုင္မရပ္ျခင္းမ်ား၊ ယာဥ္စီးခပိုေတာင္းျခင္းမ်ားကို ၾကပ္မတ္စစ္ေဆးအေရးယူမည္ျဖစ္ေၾကာင္း သိရပါတယ္။

ယေန႔စတင္စစ္ေဆးအေရးယူမည့္အစီအစဥ္တြင္ ယာဥ္စီးခသတ္မွတ္ႏႈန္းထက္ပိုေကာက္ခံမႈမ်ား၊ YBS ယာဥ္မ်ား ဂိတ္ရင္း၊ဂိတ္ဖ်ားမ်ားမွ ဂိတ္လႊတ္စနစ္ မွန္ကန္မႈရွိ၊ မ႐ြိ၊ ေန႔စဥ္ထြက္ယာဥ္စာရင္းမ်ား၊ ယူနီေဖာင္း၀တ္ဆင္ျခင္း၊ ယာဥ္ေမာင္းလိုင္စင္ရွိ မရွိ ၊အရက္ေသစာေသာက္စားျခင္းရွိ၊ မရွိတို႔အျပင္ သတ္မွတ္လမ္းေၾကာင္းေမာင္းႏွင္ျခင္း ရွိ မရွိ စသျဖင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ထို႔ျပင္ လတ္တေလာျဖစ္ေပၚေနသည့္အေျခအေနမ်ားႏွင့္ စက္သုံးဆီေဈးျမင့္တက္ေနမႈအေပၚမူတည္ၿပီးလည္း YBS သတ္မွတ္ႏႈန္းထားမ်ား ထပ္မံညႇိႏႈိင္းအတည္ျပဳရန္ရွိေနေၾကာင္း YRTCမွဆိုထားပါတယ္။
Crd-Original Post