3ထူးခန့်ကျော်ဆီမှာ ဆေးလာ ကုသရင်း မဟာကရုဏာတော်ရှင်မြတ်စွာဘုရားအား ဆွမ်းဆက်ကပ် လှူဒါန်းကာ ကောင်းမှု ကုသိုလ်ပြုခဲ့တဲ့ ဟဲလေး

နိုင်ငံကျော် တေးသံရှင်ကောင်း တစ်ယောက်ဖြစ်တဲ့ ဟဲလေးကတော့ လက်ရှိမှာလည်း ဂီတလောကမှာ နေရာ တစ်နေရာကနေ ရပ်တည်နေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဟဲလေးရဲ့ အရင်တုန်းက သီချင်းလေးတွေကလည်း ယနေ့အချိန် ရေပန်းစားနေဆဲဖြစ်ပါတယ်နော်။

ဟဲလေးရဲ့ အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်သလို ပရိသတ်အခိုင်အမာကိုရရှိထားကာ လက်ရှိမှာလည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစု လေးကိုလည်း ပိုင်ဆိုင်ထားကာ ရိုးရှင်းတဲ့ ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ထူးခန့်ကျော်ဆီမှာ ဆေးသွားကုသရင်း မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ် ။ ဒီလို ဆွမ်းကပ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ထူးခန့်ကျော်က ခုလို ဆုတောင်းစကားတွေ ဆိုထားပါသေးတယ် ။ ” ဒီတပတ်တနင်္ဂနွေနေ့၌လည်း မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအား ဆွမ်းဆက်ကပ်လှူဒါန်းလိုက်ရခြင်းကြောင့် အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည် ဒီတပတ်အလှူရှင်များကတော့ ကျွန်တော်ထံထုံ ကျင် ကိုက်ခဲဝေဒနာလာရောက်ကုသသောသူများ နိုင်ငံကျော်တေးသံရှင်အဆိုတော်ဟဲလေးတို့မိသားစုနှင့် ၇ရက်သားသမီးများ၏ကောင်းမှု့ကုသိုလ်ပင်ဖြစ်ပေသည်

ဤကောင်းမှု့ကံစေတနာသဒ္ဓါတရားတို့ကြောင့် ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော် ဓမ္မမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော် သံဃာမြတ်စွာသာသနာရောင်ဝါနေသို့ထွန်းလင်းတောက်ပပါစေသော်ဤကောင်းမှု့အစုစုတို့ကြောင့်၇ရက်သားသမီးများနှင့် အဆိုတော်ကိုဟဲလေးတို့မိသားစုအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြစေပြီး ကောင်းကျိုးလိုအင်ဆန္ဒပြီးပြည့်စုံစွာရရှိကြ၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြစေပြီး ကိုယ်တွင်းကိုယ်ပရောဂါတို့သည်လည်း ပိန်းကြာရွက်ပေါ်တွင်ရေမတင်မီသကဲ့သို့ လွင့်စင်ပပြောက်ကြပါစေ ဤကောင်းမှု့အားလုံးတို့အားလည်း၃၁ဘံာကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့အားအမျှကုသိုလ်ပေးဝေငှပါ၏ အမျှရကြ၍ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သော် ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော် ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Yuan – Cele Zone

Photo – Htoo Khant Kyaw

(Zawgyi)





စုံစွာရရှိကြ၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြစေပြီး ကိုယ်တွင်းကိုယ်ပရောဂါတို့သည်လည်း ပိန်းကြာရွက်ပေါ်တွင်ရေမတင်မီသကဲ့သို့ လွင့်စင်ပပြောက်ကြပါစေ ဤကောင်းမှု့အားလုံးတို့အားလည်း၃၁ဘာံကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့အားအမျှကုသိုလ်ပေးဝေငှပါ၏ အမျှရကြ၍ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သော် ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော် ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Yuan – Cele Zone

Photo – Htoo Khant Kyaw