“မျက်စိမမြင်ပေမဲ့ နေပူထဲဝမ်းရေးအတွက်အလုပ် လုပ်နေရရှာတဲ့ အဘကို မိုးစက်ကသွားရောက်လှူဒါန်း”

“မျက်စိမမြင်ပေမဲ့ နေပူထဲဝမ်းရေးအတွက်အလုပ်
လုပ်နေရရှာတဲ့ အဘကို မိုးစက်ကသွားရောက်လှူဒါန်း”

မျက်စိမမြင်ပေမဲ့ ဝမ်းရေးအတွက် ဓါးသွေးကတ်ကြေးသွေးတဲ့အလုပ်လုပ်နေရရှာတဲ့ အဘကို မိုးစက်က ဒီကနေ့မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။

“ဒီလိုပုံစံနဲ့ နေပူပူထဲမှာ ​မြင်ရတာရင်ထဲမကောင်းဘူးဗျာ…။အသက် (၇၀)မျက်မမြင်ဘဲဓားသွေးတဲ့အလုပ်လုပ်တဲ့အဘဦးမောင်ကြိုင်ကိုတစ်သိန်းငါးသောင်းကျပ် ကန်တော့ခဲ့ပါတယ်။
အဘကို နေပူပူထဲမှာ အလုပ်လုပ်နေတာ မကြည့်ရက်လို့ ရှာဖွေကန်တော့ခဲ့တာပါ။ အဘက မြေးမလေးတစ်ယောက်နဲ့အတူမြို့ထဲဘက်ကို အမြဲလာပြီးအလုပ်လုပ်လာလာလုပ်ပါတယ်။
အိမ်ငှားခ တစ်လ ငါးသောင်းကျပ်နဲ့စားဝတ်နေရေးအတွက်ဒီလတစ်လ လုံးစိတ်ပူစရာမလိုတော့ဘူးပေါ့ဗျာ။


ကျွန်တော်နဲ့အတူကိုညီညီ(ဂျပန်နိုင်ငံ) မှ ၁သိန်းကျပ်
ပါဝင်လှူဒါန်းသည့်အတွက် ကျေးဇူးအထူးပါခင်ဗျာ”လို့

အဘကို လှူဒါန်းဖြစ်တာနဲ့ပတ်သက်လို့ မိုးစက်ကပြောပြ
ပါတယ်။

Crd-Original Post

(Zawgyi)






ပါတယ်။
Crd-Original Post