“တရား စထိုင်မည့်သူများ”

တရား စထိုင်မည့်သူများပါချုပ်ဆရာတော်အချို့တရားထိုင်ချင်တယ်၊ တရားမှတ်ချင်တယ်။နည်းစနစ် မသိလေတော့ ဆန္ဒရှိသော်လည်းအထ မမြောက်ဘဲ ဖြစ်နေသောသူများနဲ့စာပေနည်းကျကျ ရှုမှတ်ပွါးလိုသောသူများအတွက်ရည်ရွယ်ပါတယ်။

တရားဆိုတာထိုင်၍ဖြစ်စေ၊ သွားရင်းဖြစ်စေ၊ရပ်လျက်ဖြစ်စေ လဲလျောင်း၍ဖြစ်စေ ရှုမှတ်နိုင်ပါတယ်။အများ နားလည်လောက်ပြီး အဆင်ပြေနိုင်လောက်မယ့်ထိုင်၍ ရှုမှတ်နည်းလေးကို ပြောပြပါမယ်။

ဦးစွာ ကိုယ်လက်သန့်စင်ပါ၊ ဘုရားကို ဆီမီး၊ ရေချမ်း၊ပန်း စတာ ကပ်လှူပါ။ မိမိရတဲ့ ဘုရားရှိခိုးနဲ့ဘုရားကန်တော့ မေတ္တာပို့ပါ။ဘုရားကန်တော့ပြီးလျှင်ဘယ်ခြေထောက်ပေါ်ကို ညာခြေထောက် တင်ပါ။ဘယ်လက်ပေါ်ကို ညာလက်တင်ပြီးလက်မထိပ်ချင်း ထိကပ်ထားပါ။

ခါးကိုဆန့်ပြီး ဖြောင့်ထားပြီလျှင်စိတ်ကို နှာသီးဝမှာထားကာ ထွက်လေ ဝင်လေရှုပါ။ထွက်လေ ဝင်လေ ရှုနေရင်းးး(၁) ထွက်လေ ဝင်လေလေးကို ရှုနေတာကကာယာနုပဿနာ၊(၂) ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကိုရှုနေတာက ဝေဒနာနုပဿနာ၊

(၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ယှဉ်တွဲလာတဲ့စိတ်၊ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ၊(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာဓာတ်သဘောတွေကိုရှုနေတာက ဓမ္မာနုပဿနာ၊အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကိုအမှန်မြင်အောင်ကြည့်တတ်ဖို့ လိုအပ်တယ်။

၁။ အဲဒီ အမှန်မြင်အောင် ကြည့်တာကိုပဲသမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်နိုင်ဖို့အတွက်၂။ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့ လိုတယ်။၃။ အဲဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်သမ္မာဝါယာမ ဆိုတဲ့ကြိုးစားဖို့ လိုအပ်တယ်။

၄။ အဲဒီလို ကြိုးစားဖို့အတွက် သမ္မာသတိဆိုတဲ့စိတ်စိုက်ဖို့ လိုတယ်။၅။ အဲဒီ သမ္မာသတိ ခေါ်တဲ့ အာရုံတစ်ခုထဲမှာစိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ ပါ။ဒီလို ပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကိုကာရာပကမဂ္ဂင်(သို့) ကာရကမဂ္ဂင် လို့ ခေါ်တယ်။

တရားဓမ္မ ကျင့်ကြံ ကြိုးကုတ်အားထုတ်တဲ့အခါဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီဆိုရင်ဖြင့် သဘာဝတွေကို အမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။ဆိုကြပါစို့ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ်ဆိုရင်ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေးအတိုင်းမသိ သိအောင် ကြိုးစားတာဟာ သမ္မာဝါယာမ။အဲဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း

သတိကပ်ထားတာက သမ္မာသတိ။ထို ထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာစိတ်ကို ငြိမ်အောင်ထားတာက သမ္မာသမာဓိ။ထွက်လေ ဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ။

ဟော အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါဘာ ပေါ်လာတုန်း ဆိုရင် ထွက်လေ ဝင်လေလေးရဲ့သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာပေါ်လာတော့တာပါပဲ။ဘာကို အမှန်မြင်သလဲဆိုတော့ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ

ထွက်လေ ဝင်လေပဲ၊ ငါမဟုတ်ပါလား ဆိုတဲ့အယူမှန်သွားတာကို သမ္မာဒိဋ္ဌိ အမှန်မြင်ခြင်းလို့ ခေါ်တယ်။ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။အဲဒီ အမှန်မြင်လိုက်တဲ့အခါ ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့

ပတ်သက်ပြီး ငြီးငွေ့မှု ဆိုတာ ပေါ်လာတယ်။ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်းတွယ်တာမှု ဆိုတာ မရှိတော့ဘူး။တွယ်တာမှု မရှိတာနဲ့တစ်ပြိုင်နက်လွတ်မြောက် သွားတာပဲ။အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားက ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ ဆိုတဲ့သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာ

လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ်မိမိတို့အားလပ်တဲ့အချိန်လေးမှာ အာရုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဥာဏ်တွေအားလုံး ပေါ်လာကြမှာပါ တဲ့။အဲဒီလို ပေါ်လာတဲ့အခါမှာဝိမုတ္တ လွတ်မြောက်မှု ဆိုတာကိုရလာမှာဖြစ်ပါတယ်။

Crd-Original Post