“တစ်လုတ်စားဖူး သူ့ကျေးဇူး”

တစ်ချိန်တွင် ရာဓပုဏ္ဏားကြီးက ရဟန်းတော်တို့ထံသို့ ချဉ်းကပ်ကာ ရှင်ရဟန်းပြုပေးပါရန် တောင်းပန်လျောက်ထားခဲ့၏

ရဟန်းတော်တို့ကလည်း ထိုပုဏ္ဏားကြီးကို အသက်အရွယ်ကြီးရင့်မှုကြောင့် ရှင်ရဟန်းပြုပေးဖို့ရန် အလိုမရှိ ဖြစ်နေကြ၏

ထိုပုဏ္ဏားကြီးသည် ရဟန်းတော်တို့အထံ၌ ရှင်ရဟန်းပြုပေးဖို့ရန် အခွင့်အလမ်းကို မရရှိသည့် အတွက် စိတ်ဓာတ်ကျဆင်းကာ ပိန်ကြုံလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိနေ၏

ထိုပုဏ္ဏားကြီး၏ အခြေအနေ အရပ်ရပ်ကို မြတ်စွာဘုရားရှင်ကသိတော်မူသောအခါ ရဟန်းတော်တို့ကို ဘုရားရှင်က

” ရဟန်းတို့ . . . ထိုပုဏ္ဏားကြီး၏ ပြုခဲ့ဖူးသည့် ကျေးဇူးကို မည်သူ အမှတ်ရပါသနည်း ” ဟု မေးမြန်းတော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ထိုပုဏ္ဏားကြီး၏ သူ့အပေါ်၌ ပြုခဲ့ဖူးသည့် ကျေးဇူးကို အမှတ်ရပါကြောင်းကို ဘုရားရှင်အား လျောက်ထားတော်မူလိုက်၏

ထိုအခါ ဘုရားရှင်က ” မည်ကဲ့သို့ ပြုခဲ့ဖူးသော သူ့ကျေးဇူးကို သင်သည် အမှတ်ရပါသနည်း” ဟု မေးမြန်းတော်မူ၏

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ဘုရားရှင်အား ဤသို့ လျောက်ထားတော်မူ၏

” မြတ်စွာဘုရား . . . ထိုပုဏ္ဏားကြီးသည် တပည့်တော် ဤရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ဝင်ရောက်ခဲ့စဉ် တစ်ခါက ဆွမ်းတစ်ဇွန်း လောင်းလှုခဲ့ဖူးပါတယ်။

တပည့်တော်သည် ထိုပုဏ္ဏားကြီး၏ ဤသို့ ပြုခဲ့ဖူးသော ကျေးဇူးကို အမှတ်ရပါသည်ဘုရား” ဟု တင်ပြလျောက်ထားတော်မူလိုက်၏

ထိုအခါ မြတ်စွာဘုရားရှင်က ” သာဓု သာဓု သာရိပုတ္တရာ – သူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့ ပြုခဲ့ဖူးသည့် ကျေးဇူးကို သိတတ်ကြ၏

သူ့ကျေးဇူးကို ကျေးဇူးတုံဆပ်ရမည်ကို သိတတ် သူတို့ဖြစ်ကြ၏

သာရိပုတ္တရာ -ထိုသို့ဖြစ်လျင် သင်သည် ထိုပုဏ္ဏားကြီးကို ရှင်ရဟန်းပြုပေးလိုက်ပါ” ဟု မြတ်စွာဘုရားက မိန့်တော်မူလိုက်၏ (အံ၊ဋ္ဌ၊၁၊၂၅၄။)

ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရားကြီး

Crd-Original Post

(ZAWGYI)

“တစ္လုတ္စားဖူး သူ႔ေက်းဇူး”

တစ္ခ်ိန္တြင္ ရာဓပုဏၰားႀကီးက ရဟန္းေတာ္တို႔ထံသို႔ ခ်ဥ္းကပ္ကာ ရွင္ရဟန္းျပဳေပးပါရန္ ေတာင္းပန္ေလ်ာက္ထားခဲ့၏

ရဟန္းေတာ္တို႔ကလည္း ထိုပုဏၰားႀကီးကို အသက္အ႐ြယ္ႀကီးရင့္မႈေၾကာင့္ ရွင္ရဟန္းျပဳေပးဖို႔ရန္ အလိုမရွိ ျဖစ္ေနၾက၏

ထိုပုဏၰားႀကီးသည္ ရဟန္းေတာ္တို႔အထံ၌ ရွင္ရဟန္းျပဳေပးဖို႔ရန္ အခြင့္အလမ္းကို မရရွိသည့္ အတြက္ စိတ္ဓာတ္က်ဆင္းကာ ပိန္ႀကဳံလ်က္ အေၾကာၿပိဳင္းၿပိဳင္းထေသာ ကိုယ္ရွိေန၏

ထိုပုဏၰားႀကီး၏ အေျခအေန အရပ္ရပ္ကို ျမတ္စြာဘုရားရွင္ကသိေတာ္မူေသာအခါ ရဟန္းေတာ္တို႔ကို ဘုရားရွင္က

” ရဟန္းတို႔ . . . ထိုပုဏၰားႀကီး၏ ျပဳခဲ့ဖူးသည့္ ေက်းဇူးကို မည္သူ အမွတ္ရပါသနည္း ” ဟု ေမးျမန္းေတာ္မူ၏။

ထိုအခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးက ထိုပုဏၰားႀကီး၏ သူ႔အေပၚ၌ ျပဳခဲ့ဖူးသည့္ ေက်းဇူးကို အမွတ္ရပါေၾကာင္းကို ဘုရားရွင္အား ေလ်ာက္ထားေတာ္မူလိုက္၏

ထိုအခါ ဘုရားရွင္က ” မည္ကဲ့သို႔ ျပဳခဲ့ဖူးေသာ သူ႔ေက်းဇူးကို သင္သည္ အမွတ္ရပါသနည္း” ဟု ေမးျမန္းေတာ္မူ၏

ထိုအခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးက ဘုရားရွင္အား ဤသို႔ ေလ်ာက္ထားေတာ္မူ၏

” ျမတ္စြာဘုရား . . . ထိုပုဏၰားႀကီးသည္ တပည့္ေတာ္ ဤရာဇၿဂိဳဟ္ၿမိဳ႕တြင္းသို႔ ဆြမ္းခံ ဝင္ေရာက္ခဲ့စဥ္ တစ္ခါက ဆြမ္းတစ္ဇြန္း ေလာင္းလႈခဲ့ဖူးပါတယ္။

တပည့္ေတာ္သည္ ထိုပုဏၰားႀကီး၏ ဤသို႔ ျပဳခဲ့ဖူးေသာ ေက်းဇူးကို အမွတ္ရပါသည္ဘုရား” ဟု တင္ျပေလ်ာက္ထားေတာ္မူလိုက္၏

ထိုအခါ ျမတ္စြာဘုရားရွင္က ” သာဓု သာဓု သာရိပုတၱရာ – သူေတာ္ေကာင္းတို႔သည္ကား သူတစ္ပါးတို႔ ျပဳခဲ့ဖူးသည့္ ေက်းဇူးကို သိတတ္ၾက၏

သူ႔ေက်းဇူးကို ေက်းဇူးတုံဆပ္ရမည္ကို သိတတ္ သူတို႔ျဖစ္ၾက၏

သာရိပုတၱရာ -ထိုသို႔ျဖစ္လ်င္ သင္သည္ ထိုပုဏၰားႀကီးကို ရွင္ရဟန္းျပဳေပးလိုက္ပါ” ဟု ျမတ္စြာဘုရားက မိန႔္ေတာ္မူလိုက္၏ (အံ၊႒၊၁၊၂၅၄။)

ေက်းဇူးေတာ္ရွင္ ဖားေအာက္ေတာရ ဆရာေတာ္ဘုရားႀကီး

Crd-Original Post