ကိုကျားပေါက်ဆီကနေ လက်ဆောင်ရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ မြတ်နိုးအေး

ပရိသတ်ကြီးရေ မြတ်နိုးအေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်ယောက်ပါ။

လတ်တလောမှာတော့ မြတ်နိုးအေးက သူလေးစားအားကျရတဲ့ အဆိုတော်ကျားပေါက်ဆီကနေပြီးတော့ လိုချင်နေတာလေး လက်ဆောင်ရရှိခဲ့တဲ့ အတွက် ကျေနပ်ပီတိဖြစ်ပျော်ရွှင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

မြတ်နိုးအေးကတော့ Challenge တစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် ကျားပေါက်ဆီကနေဒီလက်ဆောင်လေးကို ရရှိခဲ့တာဖြစ်ပြီး လက်ဆောင်လေးကို လိုချင်လွန်းလို့ ကျားပေါက်ဆီကနေ မရမကကို လက်ဆောင်ပေးဖို့တောင်းဆိုခဲ့တာပါတဲ့။

အခုလို ကာလမှာ မှတ်မှတ်ရရအနေနဲ့ သူ လေးစားကျရတဲ့ အနုပညာရှင် Idol ဆီကနေ လက်ဆောင်ရခဲ့တာဖြစ်တဲ့ အတွက် မြတ်နိုးအေးကတော့ လက်ဆောင်လေးကို တော်တော်လေးသဘောကျနေခဲ့တာပါ။

ကျားပေါက်ရဲ့ အနုပညာ ဖန်တီးမှုလက်ရာကလည်း မြတ်နိုးအေးတစ်ယောက် သဘောကျမယ်ဆိုလည်း ကျလောက်တဲ့အထိကို သေသပ်လှပပြီး အမြတ်တနိုးနဲ့ကို တန်းဖိုးထားလောက်စရာပါပဲ။

မြတ်နိုးအေးလက်ဆောင်ခဲ့တဲ့ ကျားပေါက်ရဲ့ အနုပညာဖန်တီးမှုလေးကို ပရိသတ်တွေလည်းတွေ့မြင်ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Myat Noe Aye – မြတ်နိုးအေး

(ZAWGYI)







