ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာပြီးနောက် စိတ်တည်ငြိမ်အောင် နေထိုင်ခဲ့ပုံကို Vlog လေးနှင့်ချပြလာတဲ့ မေတိုးခိုင်

ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာပြီးနောက် စိတ်တည်ငြိမ်အောင် နေထိုင်ခဲ့ပုံကို Vlog လေးနှင့်ချပြလာတဲ့ မေတိုးခိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မေတိုးခိုင်ဟာ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာကြောင့်အကျဉ်းထောင်ထဲတွင် လေးလကျော်လောက် နေထိုင်ခဲ့ရပါတယ်နော်။

ပြီးတဲ့အခေါက်က လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မေတိုးခိုင်ပါဝင်ခဲ့ပေမယ့်လည်း သူ့ရဲ့အဒေါ်ဖြစ်တဲ့ အူဝဲတို့ ဇနီးမောင်နှံကတော့ အခုထိ မလွတ်မြောက်သေးပါဘူးနော်။

မေတိုးခိုင်ဟာ ထောင်ကထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် နေခဲ့ပါတယ်တဲ့နော်။

ဒီကာလအတွင်း နေထိုင်ခဲ့ပုံတွေကို Vlog လေးရိုက်ကူးထားပြီး မေတိုးခိုင်ရဲ့ YouTube Channel မှာ တင်ပေးလာပါတယ်နော်။

မေတိုးခိုင်ဟာ ထောင်ထဲမှာ ခံစားခဲ့ရတာတွေ အရမ်းများလွန်းတာကြောင့် ဒဏ်ရာတွေကို ကုစားဖို့ အိမ်ထဲကနေအပြင်တောင် မထွက်ဘဲ နေထိုင်ခဲ့ပါတယ်နော်။

ပရိသတ်တွေလည်း မေတိုးခိုင်ရဲ့စိတ်ဒဏ်ရာတွေကို အားပေးကြည့်ရှုပေးကြပါဦးနော်။

 

Credit Cele Lucky

(ZAWGYI)








Credit Cele Lucky