ဘဝတွေကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေးကို ခဏတာ အဆင်ပြေစေခဲ့တဲ့ ဝေဠုကျော်ရဲ့ အလှူလေး

ခုလို ကျပ်တည်းတဲ့ ကာလတွေမှာ အကြောင်းမျိုးစုံကြောင့် အလုပ်အကိုင်တွေလည်း အဆင်မပြေနေကြပါဘူး ။

ဒီလို အချိန်တွေမှာ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေ အဖို့တော့ ဘဝကို အတော်လေး ရုန်းကန် ဖြတ်သန်းနေကြရတာပါ ။ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ သူတွေလည်း အများကြီး ရှိနေတာ အမှန်ပါပဲ ။

ဒါကြောင့် ဒီရက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံ နေရာ အနှံအပြားမှာ ခက်ခဲ ကျပ်တည်းနေသူတွေ အတွက် ရည်ရွယ်ပြီး အနုပညာရှင်တွေ ၊ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်းပြီး စားသောက်ကုန်တွေကို ရက်ရက်ရောရော လှူဒါန်းဝေဌပေးတာတွေ ပြုလုပ်လာကြတာ ကြည်နူးပီတိ ဖြစ်စရာ မြင်ကွင်းတွေပါပဲ ။

မနေ့ကဆိုရင်လည်း ပရဟိတ အလုပ်တွေကို နေ့စဉ်တိုင်း လုပ်ဆောင်နေတဲ့ ဝေဠုကျော်က ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ၉၃ရပ်ကွက် ကမ်းနား အိမ်ခြေ ( ၇၇ )အိမ်ထောင်စုစာအတွက် တစ်အိမ်ထောင်ကို ဝက်သား ၄၀သား၊ ဆန် ၂ပြည် ၊ ဂျင်းတက် ၊ အချိုမှုန့် ၊ကြက်သွန်နီ တစ်ပိဿာ တို့ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့တာကိုတွေ့ရပါတယ် ။

ဝက်သားတွေကို ကြိုက်ကြလို့ အလုအယက် လာရောက် ယူဆောင်ကြတယ်လို့ ဆိုပါတယ် ။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)

ဘဝေတြကို ခက္ခဲစြာ ႐ုန္းကန္ေနရတဲ့ အိမ္ေထာင္စုေတြရဲ႕ စားဝတ္ေနေရးကို ခဏတာ အဆင္ေျပေစခဲ့တဲ့ ေဝဠဳေက်ာ္ရဲ႕ အလႉေလး

ခုလို က်ပ္တည္းတဲ့ ကာလေတြမွာ အေၾကာင္းမ်ိဳးစုံေၾကာင့္ အလုပ္အကိုင္ေတြလည္း အဆင္မေျပေနၾကပါဘူး ။

ဒီလို အခ်ိန္ေတြမွာ လက္လုပ္လက္စား အေျခခံ လူတန္းစားေတြ အဖို႔ေတာ့ ဘဝကို အေတာ္ေလး ႐ုန္းကန္ ျဖတ္သန္းေနၾကရတာပါ ။ ထမင္းေတာင္ နပ္မွန္ေအာင္ မစားရတဲ့ သူေတြလည္း အမ်ားႀကီး ရွိေနတာ အမွန္ပါပဲ ။

ဒါေၾကာင့္ ဒီရက္ပိုင္းမွာဆိုရင္ ျမန္မာႏိုင္ငံ ေနရာ အႏွံအျပားမွာ ခက္ခဲ က်ပ္တည္းေနသူေတြ အတြက္ ရည္႐ြယ္ၿပီး အႏုပညာရွင္ေတြ ၊ ေစတနာရွင္ ျပည္သူေတြ ၊ ပရဟိတ အသင္းေတြ စုေပါင္းၿပီး စားေသာက္ကုန္ေတြကို ရက္ရက္ေရာေရာ လႉဒါန္းေဝဌေပးတာေတြ ျပဳလုပ္လာၾကတာ ၾကည္ႏူးပီတိ ျဖစ္စရာ ျမင္ကြင္းေတြပါပဲ ။

မေန႔ကဆိုရင္လည္း ပရဟိတ အလုပ္ေတြကို ေန႔စဥ္တိုင္း လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္က ဒဂုံ ဆိပ္ကမ္း ၿမိဳ႕နယ္၊ ၉၃ရပ္ကြက္ ကမ္းနား အိမ္ေျခ ( ၇၇ )အိမ္ေထာင္စုစာအတြက္ တစ္အိမ္ေထာင္ကို ဝက္သား ၄၀သား၊ ဆန္ ၂ျပည္ ၊ ဂ်င္းတက္ ၊ အခ်ိဳမႈန႔္ ၊ၾကက္သြန္နီ တစ္ပိႆာ တို႔ကို သြားေရာက္ ေထာက္ပံ့လႉဒါန္းေပးခဲ့တာကိုေတြ႕ရပါတယ္ ။

ဝက္သားေတြကို ႀကိဳက္ၾကလို႔ အလုအယက္ လာေရာက္ ယူေဆာင္ၾကတယ္လို႔ ဆိုပါတယ္ ။ ပရိသတ္ႀကီးအတြက္ ေဝဠဳေက်ာ္ရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lu Kyaw