မသန်စွမ်းပေမဲ့ ဘဝကိုရိုးသားကြိုးစားကာဖြတ်သန်းနေတဲ့ ပန်းသည်ကောင်လေးကို ခြေတုနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ နေဒွေး

မသန်စွမ်းပေမဲ့ ဘဝကိုရိုးသားကြိုးစားကာဖြတ်သန်းနေတဲ့ ပန်းသည်ကောင်လေးကို ခြေတုနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ နေဒွေး

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် နေဒွေးကတော့ ဒီနေ့မှာ ကာလဒါနအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်

နေဒွေးကတော့ ဒီနေ့ပြုလုပ်ခဲ့တဲ့ ပကာသနကင်းမဲ့ပြီး ကြည်နူးပီတိဖြစ်ဖွယ်ကောင်းလှတဲ့ အလှူလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း ပီတိဖြစ်စွာနဲ့ မျှဝေဖော်ပြလာခဲ့တာပါ

“အရမ်းကြိုးစားတဲ့ ညီလေးအတွက် ခြေတု အလှုငွေ အကျီ ဆန် ဆီ တို့ကို လှုဒါန်းကုသိုလ်ပြုခဲ့ပါတယ်

ဒီညီလေးကိုတွေ့တိုင်းပန်းအားပေးလို့ရအောင်မှတ်မိအောင် မျက်နှာမဖျက်ပဲတင်ပေးထားပါတယ်

ညီလေးက သူ့လုပ်အားခကိုပဲ သူတန်ဖိုးထားတဲ့ ညီလေးပါ ခုခေတ်မှာအရမ်းရှားသွားပါပြီ

”မသန်စွမ်းပေမဲ့ ဘဝကိုရိုးသားကြိုးစားကာဖြတ်သန်းနေတဲ့ ပန်းသည်ကောင်လေးကိုခြေတု အလှူငွေ စားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေကို လှူဒါန်းပေးခဲ့ကြောင်းဖော်ပြထားခဲ့တာပါ

ပရိသတ်ကြီးတွေလည်း နေဒွေးရဲ့ မွန်မြတ်လှတဲ့ ဒါနအလှူလေးကို ထပ်တူပီတိဖြစ် သာဓုခေါ်ဆိုနိုင်စေဖို့ ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်

ပရိသတ်ကြီးတွေလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Source – Nay Dway

Crd-Original Post

(ZAWGYI)










Source – Nay Dway

Crd-Original Post