ချစ်ရတဲ့မေမေရဲ့မွေးနေ့လေးမှာ အရင်လိုမိသားစုစုံစုံလင်လင်မရှိတော့တာကြောင့် ဝမ်းနည်းနေရကြောင်းပြောပြလာတဲ့ ပြေတီဦးရဲ့ညီမ ငွေတီဦး

ချစ်ရတဲ့မေမေရဲ့မွေးနေ့လေးမှာ အရင်လိုမိသားစုစုံစုံလင်လင်မရှိတော့တာကြောင့် ဝမ်းနည်းနေရကြောင်းပြောပြလာတဲ့ ပြေတီဦးရဲ့ညီမ ငွေတီဦး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်ပြေတီဦးကတော့ပြည်သူနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာကြောင့်မတရားဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့ပြေတီဦးရဲ့မိခင်ကြီးမွေးနေ့လေးဘဲဖြစ်ပါတယ်။

မိခင်ကြီးရဲ့မွေးနေ့လေးမှာအရင်လိုမိသားစု စုံစုံလင်လင်မရှိတာကြောင့်ပြေတီဦးညီမလေးကအခုလိုပြောပြလာပါတယ်။ဒီနေ့ချစ်ရသောမေမေ့မွေးနေ့အရင်နှစ်တွေကတော့နှစ်တိုင်းမိသားစု စုံစုံလင်လင်နဲ့အလှုတွေလုပ်ရင်းကျော်ဖြတ်နေကြပေါ့။

ဒီနှစ်တော့သားတွေသမီးတွေအနားမှာမရှိနိုင်ပေမယ့်မေမေကတော့ရိုးရာမပြတ်အလှုလုပ်ပါတယ်။သားနဲ့ သမီးချွေးမရှိရာနေရာမှာ နေ့လည်စာဒါနပြုရင်းပေါ့။သမီးငယ်ကညကဆေးရုံစောင့် ရမယ်မေမေလို့ ပြောတော့သားလေးဉာဏ်ဉာဏ်ကိုသေချာဂရုစိုက်လိုက်နော်တဲ့မှာရှာတယ်။မေမေဟာသူ့သားမက်လေးကိုတော်တော်ချစ်ရှာတယ်။

သားမက်လို့သဘောမထားဘဲသားအငယ်ဆုံးလေးလို့သဘောထားတယ်။နေမကောင်း လို့ဆေးရုံတက်ရတော့လည်းမျက်နှာပျက်ပျက်နဲ့တအားဝမ်းနည်းနေတော့သမီးကပြန်အားပေးနေရတယ်ဉာဏ်ကလေ မေမေ့ကိုသိပ်ဂရုစိုက်တာသူတခုခုဖြစ်မှာမေမေမခံနိုင်ဘူးတဲ့

သမီးနှစ်ယောက်အပေါ်အရမ်းကောင်းလို့ သူ့သမီးနှစ်ယောက်ရဲ့အိမ်ထောင်ဖက်တွေအပေါ်သားများကဲ့သို့ချစ်ရှာသလိုချွေးမကိုလည်းသမီးကဲ့သို့ချစ်ရှာတယ်။

သားနဲ့ချွေးမ ကြပြန်တော့လည်းသားအတွက်စိတ်မကောင်းဖြစ်ပေမယ့်ချွေးမလေးခံနိုင်ရည်မရှိမှာကို ပိုပီးပူပင်သောက ရောက်ရသူသားသမီးချွေးမသားမက် ဆွေမျိုးမိတ်ဆွေ အကုန်လုံးအပေါ် တာဝန်ကျေသောလူတိုင်းအပေါ် မေတ္တာထားနိုင်သောအမုန်းရန်ငြိုး မရှိသောခွင့်လွှတ်တတ်သောလောဘ

ဒေါသမာန်မာန နည်းသောမေမေလူချစ်လူခင်ပေါများသောမေမေသမီးနှစ်ယောက်ထက်ပို ချောသောမေမေသမီးက ဖြစ်စေချင်တဲ့အတိုင်းဝိပဿနာကို ကြိုးစားအားထုတ်ပေးတဲ့မေမေအသက်ရှည်စွာအနာမဲ့ပြီးလွယ်ကူသောခန္ဓာဝန် ကိုထမ်းဆောင်နိုင်ခြင်းဖြင့် လောကီလောကုတ်

ကောင်းကြိုးအတွက်ဆက်လက်ပြီးဆောင်ရွက်နိုင်ပါစေမေမေချစ်တဲ့သားသမီးတွေနဲ့လဲအမြန်ဆုံးပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်ပါစေလို့ သမီးဆုတောင်းပေးပါတယ်ေ မမေချစ်တယ်နော်HAPPY BIRTHDAY MY BELOVED MOM

Crd-Original Post

(ZAWGYI)

ခ်စ္ရတဲ့ေမေမရဲ႕ေမြးေန႔ေလးမွာ အရင္လိုမိသားစုစုံစုံလင္လင္မရွိေတာ့တာေၾကာင့္ ဝမ္းနည္းေနရေၾကာင္းေျပာျပလာတဲ့ ေျပတီဦးရဲ႕ညီမ ေငြတီဦး

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ သ႐ုပ္ေဆာင္ေျပတီဦးကေတာ့ျပည္သူနဲ႔အတူအမွန္တရားဘက္ကရပ္တည္ေပးခဲ့တာေၾကာင့္မတရားဖမ္းဆီးခံခဲ့ရတာလည္းျဖစ္ပါတယ္။ဒီေန႔ကေတာ့ေျပတီဦးရဲ႕မိခင္ႀကီးေမြးေန႔ေလးဘဲျဖစ္ပါတယ္။

မိခင္ႀကီးရဲ႕ေမြးေန႔ေလးမွာအရင္လိုမိသားစု စုံစုံလင္လင္မရွိတာေၾကာင့္ေျပတီဦးညီမေလးကအခုလိုေျပာျပလာပါတယ္။ဒီေန႔ခ်စ္ရေသာေမေမ့ေမြးေန႔အရင္ႏွစ္ေတြကေတာ့ႏွစ္တိုင္းမိသားစု စုံစုံလင္လင္နဲ႔အလႈေတြလုပ္ရင္းေက်ာ္ျဖတ္ေနၾကေပါ့။

ဒီႏွစ္ေတာ့သားေတြသမီးေတြအနားမွာမရွိႏိုင္ေပမယ့္ေမေမကေတာ့႐ိုးရာမျပတ္အလႈလုပ္ပါတယ္။သားနဲ႔ သမီးေခြၽးမရွိရာေနရာမွာ ေန႔လည္စာဒါနျပဳရင္းေပါ့။သမီးငယ္ကညကေဆး႐ုံေစာင့္ ရမယ္ေမေမလို႔ ေျပာေတာ့သားေလးဉာဏ္ဉာဏ္ကိုေသခ်ာဂ႐ုစိုက္လိုက္ေနာ္တဲ့မွာရွာတယ္။ေမေမဟာသူ႔သားမက္ေလးကိုေတာ္ေတာ္ခ်စ္ရွာတယ္။

သားမက္လို႔သေဘာမထားဘဲသားအငယ္ဆုံးေလးလို႔သေဘာထားတယ္။ေနမေကာင္း လို႔ေဆး႐ုံတက္ရေတာ့လည္းမ်က္ႏွာပ်က္ပ်က္နဲ႔တအားဝမ္းနည္းေနေတာ့သမီးကျပန္အားေပးေနရတယ္ဉာဏ္ကေလ ေမေမ့ကိုသိပ္ဂ႐ုစိုက္တာသူတခုခုျဖစ္မွာေမေမမခံႏိုင္ဘူးတဲ့

သမီးႏွစ္ေယာက္အေပၚအရမ္းေကာင္းလို႔ သူ႔သမီးႏွစ္ေယာက္ရဲ႕အိမ္ေထာင္ဖက္ေတြအေပၚသားမ်ားကဲ့သို႔ခ်စ္ရွာသလိုေခြၽးမကိုလည္းသမီးကဲ့သို႔ခ်စ္ရွာတယ္။

သားနဲ႔ေခြၽးမ ၾကျပန္ေတာ့လည္းသားအတြက္စိတ္မေကာင္းျဖစ္ေပမယ့္ေခြၽးမေလးခံႏိုင္ရည္မရွိမွာကို ပိုပီးပူပင္ေသာက ေရာက္ရသူသားသမီးေခြၽးမသားမက္ ေဆြမ်ိဳးမိတ္ေဆြ အကုန္လုံးအေပၚ တာဝန္ေက်ေသာလူတိုင္းအေပၚ ေမတၱာထားႏိုင္ေသာအမုန္းရန္ၿငိဳး မရွိေသာခြင့္လႊတ္တတ္ေသာေလာဘ

ေဒါသမာန္မာန နည္းေသာေမေမလူခ်စ္လူခင္ေပါမ်ားေသာေမေမသမီးႏွစ္ေယာက္ထက္ပို ေခ်ာေသာေမေမသမီးက ျဖစ္ေစခ်င္တဲ့အတိုင္းဝိပႆနာကို ႀကိဳးစားအားထုတ္ေပးတဲ့ေမေမအသက္ရွည္စြာအနာမဲ့ၿပီးလြယ္ကူေသာခႏၶာဝန္ ကိုထမ္းေဆာင္ႏိုင္ျခင္းျဖင့္ ေလာကီေလာကုတ္

ေကာင္းႀကိဳးအတြက္ဆက္လက္ၿပီးေဆာင္႐ြက္ႏိုင္ပါေစေမေမခ်စ္တဲ့သားသမီးေတြနဲ႔လဲအျမန္ဆုံးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္ေနႏိုင္ပါေစလို႔ သမီးဆုေတာင္းေပးပါတယ္ေ မေမခ်စ္တယ္ေနာ္HAPPY BIRTHDAY MY BELOVED MOM

Crd-Original Post