ဂန့်ဂေါမြို့နယ် ကျေးရွာတချို့တွင် ရေကြီးရေလျှံ၊ အိမ်ထောင်စု ၁၀၀ ခန့် ဘေးလွတ်ရာရွှေ့

“မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် ကျေးရွာတချို့မှာ ရေကြီးရေလျှံလို့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ခင်ရန်းဆည်က မြောင်းရေနဲ့ ရွှေဘိုရွာ တောင်ဘက်ချောင်းက လာတဲ့ရေတွေကြောင့် ရေကြီးရေလျှံကာ ရွှေဘိုရွာနဲ့ လက်ပန်ရွာက အိမ်ထောင်စု ၁၀၀ နီးပါးလောက် ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဂန့်ဂေါဒေသခံ တစ်ယောက်က ပြောပါတယ်။

လက်ပံရွာမှာ ရေလျှံတဲ့နေ့ကဆိုရင် ရေကခါးလောက်ထိရောက်ပြီးတော့ အဲဒီရွာ ၂ ရွာအပြင် တစ်ခြားကျေးရွာတချို့လည်း မိုးဆက်တိုက်ရွာတာကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ တစ်သောင်းနီးပါးလောက် စစ်ဘေး၊ မီးဘေး တိမ်းရှောင်နေကြရသလို အခုလည်း ရာသီဥတုကြောင် ရေဘေးပါထပ်သင့်ကြရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၆၀ လောက်မီးလောင်ဆုံးရှုံးခဲ့ရပြီးတော့ မီးဘေးသင့်ပြည်သူတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။”

Crd-Original Post

(ZAWGYI)

ဂန႔္ေဂါၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕တြင္ ေရႀကီးေရလွ်ံ၊ အိမ္ေထာင္စု ၁၀၀ ခန႔္ ေဘးလြတ္ရာေ႐ႊ႕

“မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္ထဲမွာ စက္တင္ဘာ ၁၆ ရက္ကေန ၁၈ ရက္အထိ အဆက္မျပတ္႐ြာသြန္းခဲ့တဲ့မိုးေၾကာင့္ ေက်း႐ြာတခ်ိဳ႕မွာ ေရႀကီးေရလွ်ံလို႔ ျပည္သူေတြ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေနၾကရတယ္လို႔ သိရပါတယ္။

မိုးအဆက္မျပတ္႐ြာသြန္းၿပီး ေတာင္ခင္ရန္းဆည္က ေျမာင္းေရနဲ႔ ေ႐ႊဘို႐ြာ ေတာင္ဘက္ေခ်ာင္းက လာတဲ့ေရေတြေၾကာင့္ ေရႀကီးေရလွ်ံကာ ေ႐ႊဘို႐ြာနဲ႔ လက္ပန္႐ြာက အိမ္ေထာင္စု ၁၀၀ နီးပါးေလာက္ ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေနထိုင္ၾကရတယ္လို႔ ဂန႔္ေဂါေဒသခံ တစ္ေယာက္က ေျပာပါတယ္။

လက္ပံ႐ြာမွာ ေရလွ်ံတဲ့ေန႔ကဆိုရင္ ေရကခါးေလာက္ထိေရာက္ၿပီးေတာ့ အဲဒီ႐ြာ ၂ ႐ြာအျပင္ တစ္ျခားေက်း႐ြာတခ်ိဳ႕လည္း မိုးဆက္တိုက္႐ြာတာေၾကာင့္ ေရႀကီးေရလွ်ံျဖစ္ေပၚေနတယ္လို႔ ဆိုပါတယ္။

ဂန႔္ေဂါၿမိဳ႕နယ္ထဲမွာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေဒသခံျပည္သူ တစ္ေသာင္းနီးပါးေလာက္ စစ္ေဘး၊ မီးေဘး တိမ္းေရွာင္ေနၾကရသလို အခုလည္း ရာသီဥတုေၾကာင္ ေရေဘးပါထပ္သင့္ၾကရတယ္လို႔ ေျပာပါတယ္။

အၾကမ္းဖက္စစ္အုပ္စုက ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးတာေၾကာင့္ အိမ္ေျခ ၆၀ ေလာက္မီးေလာင္ဆုံးရႈံးခဲ့ရၿပီးေတာ့ မီးေဘးသင့္ျပည္သူေတြနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြအတြက္ အကူညီေတြလိုအပ္ေနတယ္လို႔ ေဒသခံေတြဆီကေနသိရပါတယ္။”

Crd-Original Post