ယနေ့ မုံရွာအချဉ်ပေါင်းသည်မတင်တင်အေး ထပ်မံဖမ်းဆီးခံရ

ယနေ့ မုံရွာအချဉ်ပေါင်းသည်မတင်တင်အေး ထပ်မံဖမ်းဆီးခံရ

အကြမ်းဖက်စစ်သူပုန်အုပ်စုမှ အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီးစစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာ အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေး ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

စက်တင်ဘာ၁၈ရက်နေ့ ညနေ၅နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်မှ မတင်တင်အေး၏ညီမဖြစ်သူ အသီးဆိုင်ရှေ့မှာ အရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အချဉ်ပေါင်းသည်အန်တီကြီး၏နီးစပ်သူမိသားစုဝင်များကRNAကိုပြောပါတယ်။

အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးဟာ အာဏာသိမ်းစစ်တပ်မှ သပိတ်စစ်ကြောင်းကိုစတင်ဖြိုခွဲရာ ဖေဖော်ဝါရီ၂၇ရက်နေ့ပြသာဒ်ကျောင်းအနီးမှာ ပထမအကြိမ်ဖမ်းဆီးခံရသူတစ်ဦးလဲဖြစ်ပါတယ်။

ဒါ့အပြင်ဒီကနေ့စက်တင်ဘာ၁၈ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းသည့်စျေးသည်လင်မယားနှစ်ဦးနှင့်အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးတို့နှစ်ဦးကို အရပ်ဝတ်တွေနဲ့အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

ယေန႔ မုံ႐ြာအခ်ဥ္ေပါင္းသည္မတင္တင္ေအး ထပ္မံဖမ္းဆီးခံရ

အၾကမ္းဖက္စစ္သူပုန္အုပ္စုမွ အရပ္ဝတ္ေတြနဲ႔ ဝင္ေရာက္ဖမ္းဆီးစစ္ကိုင္းတိုင္းေဒသႀကီးမုံ႐ြာၿမိဳ႕မွာ အခ်ဥ္ေပါင္းသည္အန္တီႀကီး မတင္တင္ေအး ဒုတိယအႀကိမ္ထပ္မံဖမ္းဆီးခံလိုက္ရပါတယ္။

စက္တင္ဘာ၁၈ရက္ေန႔ ညေန၅နာရီဝန္းက်င္မွာ အာဏာသိမ္းစစ္တပ္မွ မတင္တင္ေအး၏ညီမျဖစ္သူ အသီးဆိုင္ေရွ႕မွာ အရပ္ဝတ္ေတြနဲ႔လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အခ်ဥ္ေပါင္းသည္အန္တီႀကီး၏နီးစပ္သူမိသားစုဝင္မ်ားကRNAကိုေျပာပါတယ္။

အခ်ဥ္ေပါင္းသည္အန္တီႀကီး မတင္တင္ေအးဟာ အာဏာသိမ္းစစ္တပ္မွ သပိတ္စစ္ေၾကာင္းကိုစတင္ၿဖိဳခြဲရာ ေဖေဖာ္ဝါရီ၂၇ရက္ေန႔ျပသာဒ္ေက်ာင္းအနီးမွာ ပထမအႀကိမ္ဖမ္းဆီးခံရသူတစ္ဦးလဲျဖစ္ပါတယ္။

ဒါ့အျပင္ဒီကေန႔စက္တင္ဘာ၁၈ရက္ေန႔ ညေနပိုင္းမွာ မုံ႐ြာၿမိဳ႕ ေဒါင္းေက်ာင္းေရွ႕ ပန္းေရာင္းသည့္ေစ်းသည္လင္မယားႏွစ္ဦးႏွင့္အခ်ဥ္ေပါင္းသည္အန္တီႀကီး မတင္တင္ေအးတို႔ႏွစ္ဦးကို အရပ္ဝတ္ေတြနဲ႔အာဏာသိမ္းစစ္ေကာင္စီမွ ဖမ္းဆီးမႈေတြျပဳလုပ္ေနတာပဲျဖစ္ပါတယ္။

Crd-Original Post