ကိုဗစ်ပိုးကူးစက်ခံရတဲ့သူတွေပြန်လည်ကျန်းမာလာတာကိုမြင်ရရင် သူမကိုယ်သူမအပြစ်တင်မိတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း
ကိုဗစ်ပိုးကူးစက်ခံရတဲ့သူတွေပြန်လည်ကျန်းမာလာတာကိုမြင်ရရင် သူမကိုယ်သူမအပြစ်တင်မိတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း
ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။
နန်းမြတ်ဖြိုးသင်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်အခိုင်အမာနဲ့ အားပေးမှု ရရှိထားသလို ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ.။လွန်ခဲ့တဲ့ သြဂုတ်လ (၂၁)ရက်နေ့မှာတော့ Covid-19 ရောဂါနဲ့ ချစ်ရသူ ခင်ပွန်းကိုတာတာမျိုးရဲ့ ခွဲခွာမှုကို
ရုတ်တရက် ခံစားရပေမယ့် ကလေး နှစ်ယောက်နဲ့ သူမရဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကြိုးစားနေရသူပါ.။
Covid-19 ရောဂါပိုးကြောင့် သေကွဲကွဲ ခွဲခွာသွားရသူတွေ အများကြီး ရှိခဲ့ြ့ပီး ပြန်လည် သက်သာလာကြသူတွေလည်း မနည်းပါဘူး .။ဒီကနေ့စက်တင်ဘာလ (၁၅)ရက်နေ့မှာတော့ နန်းမြတ်က သူမရဲ့ ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းခံစားရမှုတွေကို အခုလိုပဲ “သူများတွေသက် သာလာတာတွေ့ရင်ဝမ်းလည်းသာတယ်။
ယောက်ျားအတွက်စဉ်းစားမိပြီးလည်း ဝမ်းနည်းတယ်၊ငါပြုစုကုသတာဘာတွေများလိုသွားလဲဆိုတဲ့စိတ်ကြီးကအရမ်းနှိပ်စက်တာပဲ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
သူမရဲ့ ပြုစု ကုသမှုတွေမှာ လိုအပ်ချက်ရှိသွားလို့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခံလိုက်ရတာများလားဆိုတဲ့ သူမကိုယ်သူမ အပြစ်တင်ကာ ဝမ်းနည်းနေသူ နန်းမြတ်ဖြိုးသင်းအတွက် ပရိသတ်ကြီးလည်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်.။
Source: Nann Myat Phyo Thinn’s Facebook
Credit ; (Cele Active World)
(ZAWGYI)
Crd-Original Post