ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား ဆန်ဝေရန် ပြုလုပ်နေသူများ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ သြဂုတ် ၁၁ ရက်နေ့မနက်ပိုင်းက ပြည်သူတွေအတွက် ဆန်ပေးဝေဖို့ ပြုလုပ်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှေကျင်းရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်မှာ ဆန်ဝေဖို့အတွက် စီစဥ်နေချိန်မှာ ကိုနိုင်ဦးနဲ့ အခြားသူတွေရဲ့ နေအိမ်ကို ရဲတွေရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြင်နေတုန်းရှိသေးတယ် လာဖမ်းသွားတာ။ ကိုနိုင်ဦးအပြင် တခြားသူတွေလည်း ပါသွားသေးတယ် သေချာမသိရသေးဘူး၊ ထောင်က ပြန်လွတ်လာသူတစ်ဦးလည်း ပြန်အဖမ်းခံလိုက်ရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ စစ်အာဏာရှင် ဆန့်ကျင်လို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူ မဂျူးမာနဲ့ ကျန်တဲ့သူတွေလည်း ပါသေးတယ်လို့ ဆိုပါတယ်။

ဆန်ဝေဖို့ ပြုလုပ်နေချိန် ဖမ်းဆီးခံလိုက်ရတဲ့ ကိုနိုင်ဦးနဲ့ အခြားသူတွေကို ဘယ်နေရာ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝါးခယ်မမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Crd-Origianl Post