အလှူငွေမရတဲ့အချိန်တွေမှာ တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ PDF လူငယ်လေးတွေ

အလှူငွေမရတဲ့အချိန်တွေမှာ တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ PDF လူငယ်လေးတွေ

နေရေးစားရေးခက်ခဲတဲ့နေရာတွေမှာဒုက္ခမျိုးစုံခံစားပြီးနေရတဲ့PDF လူငယ်လေးတွေဟာအလှူရှင်တွေရဲ့သဒ္ဓါတရားကြောင့်ဟင်းကောင်းစားရတဲ့နေ့တွေရှိသလိုအလှူငွေမရတဲ့အချိန်မှာလည်းတောထဲကမျှစ်တွေနဲ့

ငှက်ပျောသီးတွေခူးယူပြီးဝမ်းရေးကိုဖြစ်သလိုဖြေရှင်းနေရကြောင်းကိုPDFလူငယ်လေးတွေကိုဒိုင်ခံကူညီပေးနေတဲ့ပြည်သူတစ်ဦးကပြောပြလာခဲ့ပါတယ်။လက်ရှိအချိန်မှာအစစအရာရာကျပ်တည်းနေတာမို့အလှူခံရတာလည်းမလွယ်ကူလှပါဘူး။

အမြဲတမ်းလှူလာပေးတဲ့အလှူရှင်တစ်ယောက်ဟာအလှူငွေမရလို့စိတ်မကောင်းဖြစ်တဲ့အချိန်မှာPDFတပ်သားလေးတွေဟာအလှူငွေမရလို့ စိတ်မညစ်ဖို့နဲ့တောထဲမှာမျှစ်တွေငှက်ပျောသီးတွေပေါများကြောင်း ပြန်ပြီးအားပေးခဲ့ပါသေးတယ်။

ဒီလိုစိတ်ဓာတ်နဲ့လူငယ်လေးတွေတိုက်မယ့်တိုက်ပွဲဟာမအောင်မြင်နိုင်စရာမရှိဘူးလို့လည်းမှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။စွန့်လွှတ်စွန့်စားစိတ်နဲ့တိုက်ပွဲဝင်နေတဲ့ PDFတွေတိုင်းဟာလေးစားထိုက်သူတွေပါ။

ရောက်တဲ့နေရာမှာအဆင်ပြေသလိုဖြတ်သန်းပြီးကိုယ်အဓိကလုပ်ရမယ့်တာဝန်နဲ့ဝတ္တရားကိုမပျက်မကွက်ဂရုစိုက်တတ်တဲ့အကျင့်လေးတွေကတကယ်ကိုကောင်းမွန်ပါတယ်။အစစအရာရာမပြည့်စုံတဲ့အခြေအနေတွေကိုလည်းရအောင်ဖြတ်သန်းပြီးကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကိုအရောက်လှမ်းနေကြတဲ့PDFလူငယ်လေးတွေအားလုံး ဘေးကင်းကြပါစေလို့ဆုတောင်းပေးပါတယ်။

Credit-Original Post

(ZAWGYI)







Credit-Original Post