မွေးနေ့အလှူလေးအဖြစ် ဆွမ်းကပ်အလှူပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး

မွေးနေ့အလှူလေးအဖြစ် ဆွမ်းကပ်အလှူပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဒီနေ့မှာ အသက် (၃၄)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်ကျရောက်ခဲ့ပါတယ်။

ဒီနေ့မွေးနေ့ရက်လေးကိုတော့ နန်းဆုကကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး မွေးနေ့ရက်မြတ်လေးကို ဖြတ်သန်းနေခဲ့ပါတယ်။

ဒီနေ့မွေးနေ့ရက်လေးမှာ မွေးနေ့အလှူလေးအနေနဲ့လည်း သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။

နန်းဆုကတော့ ဒီနေ့မွေးနေ့လေးမှာ ကိုးမိုင် အောင်မြေဘုံသာ ရှမ်းကျောင်းမှာ အာရုံဆွမ်း၊နေ့ဆွမ်း၊ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းတဲ့အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

သူရဲ့ဒီနေ့မွေးနေ့ရက်လေးမှာ ပြုပြုသမျှ ကုသိုလ်အစုစုတို့ကို အားလုံးထပ်တူရကြပါစေလို့ လည်း မွေးနေ့ဆန္ဒလေးအနေနဲ့ နန်းဆုက တောင်းဆုပြုခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေလည်း နန်းဆုရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nansu Yati Soe

(ZAWGYI)







Source – Nansu Yati Soe