အသက် (77)နှစ်အရွယ် သဘင်ပညာရှင်ကြီး ဦးကျော်ဝေအတွက် ဆေးဝါးနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ မိုးစက်

အသက် (77)နှစ်အရွယ် သဘင်ပညာရှင်ကြီး ဦးကျော်ဝေအတွက် ဆေးဝါးနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ကတော့ ဒီကာလမှာ သူတတ်နိုင်သလောက် အလှူရှင်တွေနဲ့စုပေါင်းပြီး ချို့တဲ့တဲ့ သက်ကြီးဝါကြီး အနုပညာရှင်တွေအတွက် ဆေးဝါးတွေ စားသောက်ကုန်တွေလှူဒါန်းပေးနေခဲ့ပါတယ်။

မိုးစက်က ကိုယ်တိုင်လည်း စားဝတ်နေရေးပြေလည်အောင်ကြိုးစားနေရတဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း

အခုလိုကပ်ဘေးကာလမှာ ပိုမိုခက်ခဲနေတဲ့ သက်ကြီးဝါကြီး အနုပညာရှင်ကြီးတွေကို တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့နေခဲ့တာပဲဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း မိုးစက်က အသက် (77)နှစ်အရွယ် သဘင်ပညာရှင်ကြီး ဦးကျော်ဝေအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေနဲ့ အားဖြည့်ဆေးဝါးတွေကို စုစုပေါင်း (၅)သိန်းဝန်းကျင်ခန့် လှူဒါန်းပေးနိုင်ခဲ့တာပါ။

လက်ရှိမှာဆိုရင်တော့ မိုးစက်ရဲ့ စေတနာတွေကြောင့် သဘင်ပညာရှင်ကြီး ဦးကျော်ဝေကလည်း အရင်ကထက် ကျန်းမာရေးတွေကောင်းမွန်လာပါပြီတဲ့။ ပရိသတ်ကြီးရေ မိုးစက်နဲ့ အလှူရှင်တွေရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Moe Set

(ZAWGYI)







Source – Moe Set