ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ရေး ရည်မှန်းရန် စစ်ခေါင်းဆောင်တိုက်တွန်း

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ရေး ရည်မှန်းရန် စစ်ခေါင်းဆောင်တိုက်တွန်း

“ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ စည်သာကော်ဖီခြံနဲ့ ပွဲကောက်ကျေးရွာရှိ Creation Myanmar ကော်ဖီခြံတို့အား သွားရောက်လေ့လာကြည့်ရှုပြီး ကော်ဖီစိုက်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့တာပါ။

“ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းဟာအရင်းအနှီးများပြီး ကာလရှည်လုပ်ငန်း ဖြစ်လို့ အောင်မြင်အောင်လုပ်ဆောင်ရမှာဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေကို အမြဲမပြတ်လေ့လာနေဖို့လိုတယ်၊၊ အထွက်နှုန်းကောင်း မွန်ဖို့၊ Quality Product ဖြစ်ဖို့၊ ဈေးကွက်ရရှိဖို့ လိုအပ်မှာဖြစ်တယ်၊ အနံ့၊ အရသာနဲ့ အရောင် ကောင်းမွန်ရမှာဖြစ်ပြီး

ဈေးကွက်လိုအပ်ချက်နဲ့ ဒေသ အလိုက် ကြိုက်နှစ်သက်တဲ့ အမျိုးအစားတွေကို လေ့လာဆန်းစစ် ခွဲခြားဖြန့်ချိဖို့လိုတယ်၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာမှာ သုတေသနနဲ့ ဖွံ့ဖြိုးမှု Research and Development ရှိရမှာဖြစ်ပြီး သုတေသနလုပ်ငန်းတွေ မဖြစ်မနေလုပ် ဆောင်ဖို့လိုတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ပထမအဆင့်အနေနဲ့ ကုန်ကြမ်းတွေ တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေနဲ့ ကုန်ချောတွေ ထုတ်လုပ်ကာ အရည်အသွေးမြင့်ကုန်ချော ထုတ်ကုန်တွေကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင်ရွက်ဖို့၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိရေးနဲ့ အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှကူညီ ဆောင်ရွက်ပေးမှာ

ဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးမြင့်တဲ့ ကော်ဖီထုတ်ကုန်တွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နောင်မှာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်သုတေသနပြု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပြ ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်ရမယ်၊

ကမ္ဘာ့ကော်ဖီဈေးကွက်မှာ မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိနဲ့ နေရာတစ်ခုမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ဧက ၃၀၀၀၀ ကျော်ရှိပြီး Robusta နှင့် Arabica ကော်ဖီမျိုးတို့ကို စိုက်ပျိုးကြကာ ပြင်ဦးလွင်ဒေသမှာ စိုက်ဧက ၁၀၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

Photo-DSINFO”

DVB

(ZAWGYI)

ကမာၻ႔ေကာ္ဖီေဈးကြက္တြင္ ျမန္မာ့ေကာ္ဖီ အဆင့္အတန္းရွိရွိ ရပ္တည္ႏိုင္ေရး ရည္မွန္းရန္ စစ္ေခါင္းေဆာင္တိုက္တြန္

“ကမာၻ႔ေကာ္ဖီေဈးကြက္တြင္ ျမန္မာ့ေကာ္ဖီ အဆင့္အတန္းရွိရွိျဖင့္ ေနရာတစ္ခုတြင္ ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ေရး ရည္မွန္းခ်က္ထား လုပ္ေဆာင္ၾကဖို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္က တိုက္တြန္းလိုက္ပါတယ္။

စက္တင္ဘာ ၁၇ ရက္က မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕မွာ စည္သာေကာ္ဖီၿခံနဲ႔ ပြဲေကာက္ေက်း႐ြာရွိ Creation Myanmar ေကာ္ဖီၿခံတို႔အား သြားေရာက္ေလ့လာၾကည့္ရႈၿပီး ေကာ္ဖီစိုက္လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံရာမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာဆိုခဲ့တာပါ။

“ေကာ္ဖီစိုက္ပ်ိဳးျခင္းလုပ္ငန္းဟာအရင္းအႏွီးမ်ားၿပီး ကာလရွည္လုပ္ငန္း ျဖစ္လို႔ ေအာင္ျမင္ေအာင္လုပ္ေဆာင္ရမွာျဖစ္တယ္။ ျပည္တြင္း၊ ျပည္ပ ေဈးကြက္ေတြကို အၿမဲမျပတ္ေလ့လာေနဖို႔လိုတယ္၊၊ အထြက္ႏႈန္းေကာင္း မြန္ဖို႔၊ Quality Product ျဖစ္ဖို႔၊ ေဈးကြက္ရရွိဖို႔ လိုအပ္မွာျဖစ္တယ္၊ အနံ႔၊ အရသာနဲ႔ အေရာင္ ေကာင္းမြန္ရမွာျဖစ္ၿပီး ေဈးကြက္လိုအပ္ခ်က္နဲ႔ ေဒသ အလိုက္ ႀကိဳက္ႏွစ္သက္တဲ့ အမ်ိဳးအစားေတြကို ေလ့လာဆန္းစစ္ ခြဲျခားျဖန႔္ခ်ိဖို႔လိုတယ္၊ လုပ္ငန္းတစ္ခုေဆာင္႐ြက္ရာမွာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးမႈ Research and Development ရွိရမွာျဖစ္ၿပီး သုေတသနလုပ္ငန္းေတြ မျဖစ္မေနလုပ္ ေဆာင္ဖို႔လိုတယ္။” လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ဒါ့အျပင္ ပထမအဆင့္အေနနဲ႔ ကုန္ၾကမ္းေတြ တင္ပို႔ေရာင္းခ်ၿပီး ဒုတိယအဆင့္အေနနဲ႔ ကုန္ေခ်ာေတြ ထုတ္လုပ္ကာ အရည္အေသြးျမင့္ကုန္ေခ်ာ ထုတ္ကုန္ေတြကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရး စဥ္းစားေဆာင္႐ြက္ဖို႔၊ မ်ိဳးေကာင္းမ်ိဳးသန႔္ရရွိေရး၊ နည္းစနစ္က်နေရး၊ ေဈးကြက္ရရွိေရးနဲ႔ အရင္းအႏွီး လိုအပ္ခ်က္တို႔အတြက္ ႏိုင္ငံေတာ္မွကူညီ ေဆာင္႐ြက္ေပးမွာျဖစ္လို႔ လုပ္ငန္းရွင္ေတြအေနနဲ႔ အရည္အေသြးျမင့္တဲ့ ေကာ္ဖီထုတ္ကုန္ေတြ ရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကဖို႔၊ ေနာင္မွာ လုပ္ငန္းရွင္ေတြ ကိုယ္တိုင္သုေတသနျပဳ၊ မ်ိဳးေကာင္းမ်ိဳးသန႔္ထုတ္လုပ္ျပ ေဈးကြက္ျမႇင့္တင္ေရးေဆာင္႐ြက္ရမယ္၊ ကမာၻ႔ေကာ္ဖီေဈးကြက္မွာ ျမန္မာ့ေကာ္ဖီ အဆင့္အတန္းရွိရွိနဲ႔ ေနရာတစ္ခုမွာ ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ေရး ရည္မွန္းခ်က္ထား လုပ္ေဆာင္ရမယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေကာ္ဖီစိုက္ဧက ၃၀၀၀၀ ေက်ာ္ရွိၿပီး Robusta ႏွင့္ Arabica ေကာ္ဖီမ်ိဳးတို႔ကို စိုက္ပ်ိဳးၾကကာ ျပင္ဦးလြင္ေဒသမွာ စိုက္ဧက ၁၀၀၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ သိရပါတယ္။

Photo-DSINFO”

DVB