ကမ္ဘာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပြီးရင် မြန်မာပြည်မှာပဲ မိသားစုနဲ့ ခြေချ နေထိုင်မှာပါလို့ ပြောလာတဲ့ အောင်လအန်ဆန်း

ဟဲဗီး ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့ စိန်ခေါ်မှုကို ဂျပန်နိုင်ငံမှာ လက်ခံထိုးသတ် အနိုင်ပြီးတဲ့နောက် အောင်လအန်ဆန်ဟာ မိသားစုနဲ့ အတူ အနားယူနေခဲ့ပါတယ် လက်ရှိအချိန်မှာတော့

အောင်လအန်ဆန်ဟာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်လာတဲ့ အောင်လအန်ဆန်ကို ပြိုင်ပွဲအကြောင်းတွေ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ဖိုင် ပရိသတ်ကြားမှာ ကြည့်ရှုမှုများနေတာတွေ့ရပါတယ်

ဗရန္ဒီရာ နဲ့ ထိုးသတ်အပြီး အောင်လအန်ဆန်လည်း လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ် အဲဒီ ဒဏ်ရာဟာ အရိုးလွဲသွားတာဖြစ်ပြီး ပင်အပ် ၂ ချောင်းထည့်ထားရတယ်လို့ အောင်လအန်ဆန်က ဆိုပါတယ်

အဲဒီနောက် သူ့ပွဲတွေ ကြည့်ရှုအားပေးရင်း အသက်သေဆုံးခဲ့ရတဲ့ ပရိသတ်တွေသတင်းကြားရလို့ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလည်း ပြောပြသွားပါသေးတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်မှာ ၃ ပြဲ ၄ ပွဲလောက် ကစားချင်သေးကြောင်း ဆိုပါတယ် ကျန်းမာပြီး ကစားနိုင်သေးတာကြောင့် ကမ္ဘာမှာ အကောင်းဆုံး မစ်ဒယ်ဝိတ်ကစားသမားဖြစ်အောင်လုပ်ပြီး

မိမိတတ်ထားတဲ့ပညာတွေ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးရင်း မြန်မာပြည်မှာ မိသားစုနဲ့ ပြန်ပြီး အခြေချမယ်လို့ အောင်လအန်ဆန်က ဆိုသွားပါတယ်။

မြန် မာ ပြည် ကို ပြန် လည် ရောက် ရွိ နေ တဲ့ အောင် လ အန် ဆန် ဟာ မြစ် ကြီး နား ကို သြား ဖို့ အ အ စဉ် ရွိ တယ်လို့ သိ ရ ပါ တယ်

Credit-Original Post

(ZAWGYI)










Credit-Original Post